ကုန်သွယ်မှုသတင်းများ
ပြောင်းဆံကို ပြည်ပက ဝယ်လိုအားကောင်းနေတဲ့အတွက်ကြောင့် ပြည်တွင်းမှာ ပြောင်းဆံ ဈေးနှုန်းများမြင့်တက်လာနေတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းကသိရပါတယ်။
ပြောင်းဆံကို အိန္ဒိယ ဈေးကွက်ချဲ့ထွင်းတင်ပို့နေတဲ့အပြင် ထိုင်းကိုလည်း ပြောင်းတင်ပို့မှုများ ပြီး ပြည်ပတင်ပို့မှုအနေနဲ့ တန်ချိန်သုံးဆလောက်အထိ တင်ပို့နိုင်ခြင်း၊ နိုင်ငံခြားငွေ ဈေးမြင့်တက် ခြင်းတွေကြောင့် ပြောင်းဈေးနှုန်းက အမြင့်ဈေးတန်းမှာရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူကို တောင်ကြီး၊ ပင်လောင်း၊ မိုင်းပန်၊ ဟိုပုံး၊ လဲချား မြို့နယ်မှာ အဓိကစိုက်ပျိုးကြပြီး ကျန်မြို့နယ်များမှာလည်း အနည်းငယ်စီ စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကို အောက်တိုဘာလနှင့်နိုဝင်ဘာလတွင် စိုက်ပျိုးပြီး သက်တမ်း(၄)လ အကြာ မတ်လမှ ဧပြီလများတွင် ရိတ်သိမ်းထွက်ရှိကာ တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးသော သီးနှံဖြစ်ပါတယ်။ နှစ်စဉ် သင်္ကြန်ပတ်ဝန်းကျင် ဧပြီလဟာ ကြက်သွန်ဖြူ လှိုင်လှိုင်ထွက်ရှိသည့် ကာလဖြစ်ပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်
