ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

လက်ရှိဖြစ်ပွားလျက်ရှိသော ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ငရုတ်ခြောက် ဈေးနှုန်းကျဆင်း နေရခြင်းအကြောင်းအရင်းမှာ ပြည်ပအဝယ်နည်းနေသောကြောင့် ငရုတ်ခြောက်အဝယ်နည်းနေကာ ပုံမှန်ဈေးနှုန်းအနည်းငယ်ပြန်ကျသွားပြီး ငရုတ်ခြောက် ဈေးငြိမ်နေကြောင်း ကုန်စုံဆိုင်များထံမှ သိရှိရပါသည်။ လက်ရှိငရုတ်ခြောက် တစ်ပိဿာလျှင် ဝယ်ဈေး (၁၂၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ရောင်းဈေးမှာ (၁၆၀၀၀မှ ၁၈၀၀၀)ကျပ် အထိရှိနေ ကြောင်းသိရပါသည်။ ယခုဈေးနှုန်းများသည် နေရာဒေသ တစ်ခုနှင့်တစ်ခုဈေးနှုန်းအနည်း ငယ်ပြောင်းနိုင်လဲကြောင်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဇွန်လ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်းမှ ထွက်ရှိသည့် ခရမ်းချဉ်သီးများမရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

ဒူးရင်းသီးကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီးရန်ကုန်တိုင်း၊ ပဲခူးအရှေ့ခြမ်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်းစိုက်ပျိုးကြသည်။ ဒူးရင်းသီးသည် ပူအိုက်စွတ်စိုသော ရာသီဥတုကိုကြိုက်နှစ်သက်ပြီး မိုးဦးကျ ဇွန်လတွင် စတင် စိုက်ပျိုးပေးရပါသည်။ မိုးဦး၊မိုးနှောင်းကာလနှင့်ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေဩဇာကျွေး သင့်ပါသည်။ ဒူးရင်းပင်များသည် ပင်ညှိုးပိုးဝင်ရာက်ခြင်းနှင့်ပင်စည်ပုတ်ရောဂါများဖြစ်တတ်သဖြင့် နေ့စဉ်မပြတ်ဂရုပြုစို
