ကုန်သွယ်မှုသတင်းများ
သာယာဝတီခရိုင်တွင် ယခုလ သင်္ကြန်ကာလအပြီး မတ်ပဲဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ယခင်မတ်လ နောက်ဆုံးပတ်က အနိမ့်ဆုံး ပိဿာ (၂၀) တစ်တင်းလျှင် ၆၆၉၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၇၀၀၀ ကျပ်သာရှိသော်လည်း ယခု ဧပြီလတတိယပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး ၆၇၁၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၇၃၀၀ ကျပ်ထိ အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပိဿာ ၂၀ တစ်တင်းလျှင် မတ်လ နောက်ဆုံးပတ်က ၄၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယ
လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးရှိ အုန်းသီးအရောင်းဆိုင်တွင် ကြွက်မြီးပါအုန်းသီး ၁လုံးလျှင် ၁၅၀၀ ကျပ်၊ အုန်းသီးအသေး ၁လုံးလျှင် ၁၀၀၀ ကျပ်နှင့်အခွံနွှာထားသော အုန်းသီးခြောက်၁လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချပါသည်။ ကြွက်မြီးပါအုန်းသီးကို မြန်မာ့ဓလေ့ထုံးတမ်းအရ နတ်တင်ရာတွင်လည်းကောင်း၊ ဘုရားပွဲတင်ရာတွင်လည်းကောင်း အသုံးပြုရပါသည်။ ဘုရားပွဲ၊ နတ်ပွဲတင်ရာတွင် အဓိကအားဖြင့် အုန်းသီးနှင့်ငှက်ပျောသီးအား ထည့်၍ တင်ရပါသည်။ ထို့ကြောင့်အုန်းသီးနှင့်အတူ ငှက်ပျောသီးလည်း ဈေးကွက်တွင် ပုံမှန်အ
နဂါးမောက်သီးတွင် အဖြူရောင်နှင့်အနီရောင်ဟူ၍ ၂ မျိုးရှိပါသည်။ အဖြူရောင်အသီးမှာ ခပ်ရှည်ရှည်ဖြစ်ပြီး အနီရောင်အသီးမှာ ခပ်ဝိုင်းဝိုင်းလေးဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ပေါက်ရောက် သကဲ့သို့ အာရှနိုင်ငံတော်တော်များများမှာလည်း ပေါက်ရောက်ပါသည်။ နဂါးမောက်သီးတွင် ကယ်လ်လိုရီ ၊ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သံဓာတ်၊မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ဗီတာမင်E တို့ပါဝင်ပါသည်။နဂါးမောက်သီးအရသာမှာ ချိုချိုချဉ်ချဉ်ဖြစ်ပြီး စားကောင်းတဲ့အသီးတစ်မျိုး ဖြစ်ပါသည်။နဂါးမောက်သီးတွင် ကိုလက်စထရော ပါဝင်မှု
ကန်စွန်းဥကို မြန်မာပြည်၌ နေရာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥကို မြေအမျိုးအစားများစွာတွင် စိုက်ပျိုးနိုင်သော်လည်း အော်ဂဲနစ်များစွာပါဝင်သော သဲနှင့်နုန်းရောထားသော သမမြေအမျိုးအစားသည် အကောင်းဆုံးဖြစ်သည်။ ရေဝပ်ခြင်းမရှိစေရန်နှင့် ရေစီးရေလာကောင်းမွန်ရန် လိုအပ်သည်။ မြစ်ရေဝင်သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြသည်။ သို့မှသာ အမြစ်ကောင်းစွာကြီးထွားလာမည်ဖြစ်ပြီး အပင်အဖြစ်သန်၍ အထွက်နှုန်းကောင်းမွန်လာမည်။ ကန်စွန်းညွှန့်နွယ်ကိုင်းကို (၁၀) လက်မခန့်အရှည်၊ အဆစ်လေးဆစ်ပါဝင်သောအညွ

အောင်လံကုန်စည်ဒိုင်ရှိ လုပ်ငန်းရှင်အများစုမှာ သင်္ကြန်ကာလတွင် အပန်းဖြေခရီးသွားခြင်း၊ တရားစခန်းဝင်ခြင်းများကြောင့် သင်္ကြန်အပြီး (၁၉-၄-၂၀၂၃)ရက်နေ့တွင် အောင်လံကုန်စည်ဒိုင် ၌ အရောင်းအဝယ်အနည်းငယ်သာရှိခဲ့ကြောင်း သိရှိရပါသည်။
