ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံတွင် ရင်ကွဲသရက်၊ စိန်တစ်လုံးသရက်၊ မချစ်စု၊ ရွှေဟင်္သာနှင့် ပတ္တမြားငမောက် စသည်များကို အများဆုံးစိုက်ပျိုးကြပါသည်။ သရက်သီးအမျိုးအစားများစွာရှိပြီး စိုက်ပျိုးရာဒေသ၊ အသီးပုံသဏ္ဍန်ပေါ်မူတည်၍ အခေါ်အဝေါ်ကွဲပြားပါသည်။ သရက်သီးသည် အပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ သရက်သီးကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်၊ ဟန်မြင့်မိုရ်နှင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့များတွင် စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်း လျက်ရှိကြောင်း တွေ့ရပါသည်။ သရက်သီးမျိုးစိတ်များစွာရှိသည့်အန
ယခုအချိန်တွင် လက်ပံတန်းမြို့နယ်၌ မန်ကျည်းသီးအသစ်များ ထွက်ပေါ်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (တတိယအပတ်) ဈေးနှုန်းမှာ မန်ကျည်းသီးအဟောင်း အစေ့ထုတ်ပြီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ မန်ကျည်းသီးအသစ် အစေ့ပါတစ်ပိဿာလျှင် (၁၂၀၀)ကျပ်မှ (၁၈၀၀)ကျပ်၊ အစေ့ထုတ်ပြီး မန်ကျည်းသီးအသစ် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၂၈၀၀)ကျပ်ထိ ရှိခဲ့ရာမှ ယခုအပတ် မန်ကျည်းသီးအဟောင်း အစေ့ထုတ်ပြီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြစ်ကြောင်း၊ မန်ကျည်းသီးအသစ်အစေ့ပါ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း

ရှမ်း(တောင်)မှ ဖယောင်းပန်းမျာကို များသောအားဖြင့် ပင်းတယရွှေဝါ ဟုခေါ်ဆိုကြပြီး ရှမ်း(တောင်) ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြပေသည်။ ပင်းတယရွှေဝါ သို့မဟုတ် ဖယောင်းပန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အဓိကစိုက်ပျိုးသောဒေသများမှာ ပင်းတယ၊ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ တောင်ကြီး၊ ရွှေညောင်၊ ဟိုပုံး စသည့်ဒေသများတွင် စိုက်ပျိုးလေ့ရှိပေသည်။ တစ်နှစ်မှတစ်ခါသာ ပွင့်သော ပန်းအမျိုးအစား ဖြစ်ပါသည်။ ဖယောင်းပန်း၏ ပုံသဏ္ဍာန်မှာ ရိုးတံရှည်ရှည်နှင့် ရိုးတံ၏ထိပ်ဖူးတွင် အဝါအပွင့် အသေးလေးများ ပွင့်လ

စားဖိုချောင်သုံးသီးနှံဖြစ်သော ကြက်သွန်နီသည် ပေါ်စအချိန် ဖေဖော်ဝါရီလတွင် ဝယ်ယူသုံးစွဲမှု အများဆုံးဖြစ်ကာ လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်ကားဈေးနှုန်း (၁၈၀၀)ကျပ်ရှိရာ ကြက်သွန်နီလှိုင်လှိုင်ပေါ်ချိန် မတ်လတွင် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၁၅၀၀)ကျပ် လက်ကားဈေးနှုန်း (၁၄၀၀)ကျပ်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ သင်္ကြန်မတိုင်မီကာလ ဧပြီလဆန်းပိုင်းတွင် အလှူအတန်းများရှိခဲ့၍ ဝယ်လက်များခဲ့သော်လည်း ဈေးမြင့်တက်မှုမရှိခဲ့ဘဲ သင်္ကြန်ကာလကျော် ဧပြီလတတိယပတ်တွင် ကြက်သွန်နီဈေး တစ်ပိဿာ (

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ပဲခူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် စားသုံးဆီများအား သက်သာသောရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ (၂၀.၄.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ပဲခူးမြို့၊ ကလျာရာနီရပ်ကွက်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား လှည့်လည်ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
