Main menu

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည်  ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ အသင့်စား စားသောက်ကုန်စည်များအား (၁၁-၈-၂၀၂၅) ရက်နေ့၊  နံနက်(၁၀:၃၀) နာရီအချိန်တွင် ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ အသင့်စား စားသောက်ကုန်စည်များတွင်  ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးခြင်း၊ ရောင်းချသည့်ဈေးနှုန်းများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)