Main menu

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပ

Powered by Drupal

          (၁၃.၈.၂၀၂၅)ရက်နေ့ ညနေ(၀၃:၀၀) နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူး တက်ရောက်ခဲ့ပါသည်။

          ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဘော်မှ မြေပြင်တွင် ကုမ္ပဏီများမှရရှိသော လက်ကားစားအုန်းဆီကိုယ်စားလှယ်များမှ လက်လီကိုယ်စားလှယ်များသို့ စားအုန်းဆီ ရောက်ရှိမှုစာရင်း၊ ခွဲဝေမှုစာရင်း၊ မြေပြင်တွင်ရောင်းချမှု စာရင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ရာ လက်ကား/လက်လီကိုယ်စားလှယ်မှလည်း မိမိတို့ရရှိသောခွဲတမ်းများအား မြေပြင်၌ ခွဲဝေပေးမှုနေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးကို (၀၄:၁၅)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)