Main menu

မှော်ဘီမြို့နယ်၊ အ.လ.က(ခွဲ)၊ ကိုးလုံးကွင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၅.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကိုးလုံးကွင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်သီတာက အဖွင့်အမှာစကားပြောကြားပြီး ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက ဟောပြောဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြ ခြင်းအကြောင်း၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းအရာများကို Consumer Call Center 1535 သို့ သိလိုသည်များ မေးမြန်းစုံစမ်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)