
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဦးစားပေးကဏ္ဍ(၃) ရပ်တွင် ပါဝင်သော ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်) ဝန်ဆောင်မှုလုပ်ငန်းများသို့ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင် ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်း(၂)ဦးတို့သည် (၁၅.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI City အိမ်ရာကန်ရိပ်သာ (၅) လမ်းနှင့်ခရေပင်လမ်းထောင့်၊ ခြံအမှတ်(L-69/70)တွင် တည်ရှိသော Myanmar Broadband Telecom Co.,Ltd သို့ သွားရောက်ခဲ့ပြီး လက်ထောက်အမှုဆောင်အရာရှိ ဦးကြည်မျိုးသန်း၊ တာဝန်ခံ ဝန်ထမ်းများနှင့်တွေ့ဆုံကာကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုဖြစ်သည့် MBT Fiber Internet နှင့်ပတ်သက်သည့် အချက်အလက်များကို စုံစမ်းစစ်ဆေးခဲ့ပြီး ဆက်သွယ်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ လိုက်နာဆောင်ရွက်ရမည့်အချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)