Main menu

AIW Network Enterprise Co.,Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၁၅.၈.၂၀၂၅)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနသည် ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကျော်ခိုင်ပါ(၃)ဦးတို့သည် ဦးစားပေးကဏ္ဍတွင် ပါဝင်သည့်ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်မှ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အခန်းအမှတ်(၃၁၁-စီ)၊ နိဗ္ဗာန်လမ်း၊ တော်ဝင်သီရိကွန်ဒို၊ တောင်သူ ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ AIW Network Enterprise Co.,Ltd သို့ သွားရောက်ကာ ကုမ္ပဏီမှ ဆောင်ရွက်နေသော ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု လုပ်ငန်းနှင့် ပတ်သက်သည့်လုပ်ငန်းဆောင် ရွက်မှုအခြေအနေများနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ လိုက်နာဆောင်ရွက်ရမည့် အချက် (၁၁) ချက်အား လိုက်နာဆောင်ရွက်ထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှလည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူနစ်နာမှုမရှိစေရေးအတွက် သိသင့်သိထိုက်သောအချက်များကိုလည်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)