Main menu

ဒေါ်စန္ဒာဝင်း စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦး ဆီလုပ်ငန်းရှင်များအသင်းမှ (၂)ဦး ဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် အမှတ်(၂၀)ဈေးအတွင်း စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရုံ(ဃ)၊ အခန်း(၂၂)၊ အမှတ်(၂၀)ဈေး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ဒေါ်စန္ဒာဝင်းစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိသည်ရရှိသောခွဲတမ်းများကို ရပ်ကွက်နေပြည်သူများသို့ စာအုပ်စနစ်ဖြင့်ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းလိုက်ခွဲထား ပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နံနက်(၉)နာရီမှ (၅)နာရီထိ ရောင်းပေးပါကြောင်း၊ ထုတ်ရန်ကျန်ရှိသော စာအုပ်များကိုလည်း နောက်နေ့တွင် ပြန်လည် ထုတ်ပေးပါကြောင်း၊ ရောင်းချမှုလက်ခံလယ်ဂျာများလည်းထားရှိပြီး နေ့စဉ်ကုန်အောင် ရောင်းပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)