
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စာရင်းအချက်အလက်များ ကောက်ခံရန် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပဲခူး-ခရမ်းကားလမ်းဘေး၊ အမှတ်(၇)ရပ် ကွက်ရှိ ဆန်းသစ် ဆန်စက်သို့ ဩဂုတ်(၂၁)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းနှင့် တွေ့ဆုံ၍ ဆန်စက်၏ ထုတ်လုပ်နိုင်မှုစွမ်းအား၊ တစ်နှစ်ကြိတ်ခွဲထုတ်လုပ်မှု ဆန်တန်၊ တစ်နှစ်ကြိတ်ခွဲမှုစပါးတင်းများနှင့် စပါး(၁၀၀)ကြိတ်ခွဲပါက ထွက်ရှိမည့် ဆန်၊ ဆန်ကွဲစလတ်အိတ် အရေအတွက် စာရင်းများအား ကောက်ခံခဲ့ကြပြီး ဆန်စက် ကြိတ်ခွဲထုတ်လုပ်နေမှုများအား လေ့လာကြည့်ရှု့ခဲ့ကြပြီး ဆန်စက်ကြိတ်ခွဲထုတ်လုပ်နေမှုများအား လေ့လာကြည့်ရှု့ပြီး မြို့နယ်တာဝန်ခံက ဆန်တန်ချိန် (၂၅)တန်နှင့်အထက်၊ စပါးတင်း (၂၅၀၀)နှင့် အထက်သိုလှောင်ထားရှိပါက www.myro.com. Mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ထားကြရန် အသိပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)