Main menu

“ သုံးခွမြို့နယ်ရှမ်းစုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲတွင်ကျောင်းမုန့်ဈေးတန်း စစ်ဆေး ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ရှမ်းစုကျေးရွာ အခြေခံပညာအထက် တန်းကျောင်းခွဲရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား ဩဂုတ်လ(၂၁)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ရှမ်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆရာမများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲ လျက်ဖြစ်စေ ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ကျောင်းသား/ကျောင်းသူ ကလေးသူငယ်များ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန် များအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း မရှိသည့် စားသောက်ကုန်များအား ရောင်းချခြင်းမပြုလုပ်ကြရန် ထိုသို့ပြုလုပ်ပါက စားသုံးသူကာ ကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)