
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံ၊ ဦးစန်းအောင် (ဒု-ဦးစီးမှူး) နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရမည်းသင်းမြို့နယ်၊ လယ်ပြင်သာကျေးရွာ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ရမည်းသင်းမြို့နယ် တာဝန်ခံဦးစန်းအောင်(ဒု-ဦီးစီးမှူး) မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့်အချက်များ၊ စားသုံးသူပြည်သူများ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်ဝယ်ယူတက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်အချက်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC)နှင့် Consumer Call Center (1535) သို့ ဆက်သွယ်နိုင် တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်း သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဆရာ/ ဆမ၊ ကျောင်းသား/ကျောင်းသူ လူဦးရေ (၇၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)