Main menu

စားသုံးဆီကိုယ်စားလှယ်များ၊ စားသုံးဆီ လက်လီ/ကား ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)သည် (၁၁.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားသုံးဆီကိုယ်စားလှယ်များ၊ စားသုံးဆီလက်လီ/ လက်ကား ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့ ဆွေးနွေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီ များရောင်းချရာတွင်ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊  ဆီအရောင်းစာအုပ်များနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စျေးနှုန်းမှန်ကန်စွာ ရောင်းချရန်အရေအတွက် အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)