Main menu

ပဒေသာဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့၊ ပဒေသာဈေးအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါး ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ပဒေသာဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်း တွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလို ဝယ်ယူရရှိလျက်ရှိကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)