
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက္ကား ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့အနေဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောင်းချမှုရှိ/ မရှိ၊ ရောင်းချမှုစာရင်းဇယားများ ပြည့်စုံစွာထားရှိခြင်းရှိ/ မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင်လည်း အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်းတွေ့ရှိရပြီး၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများမြင်သာသော နေရာတွင်ချိတ်ဆွဲထားမှုရှိ/ မရှိတို့ကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
