
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးဦးထွန်းမင်းလတ်သည် (၁၀.၁၀.၂၅) ရက်နေ့တွင် လှေကြီးတပ်ကျေးရွာအုပ်စု၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်း၍ ရေကျနောက်စိုက်စပါးများ စတင်စိုက်ပျိုးလာသဖြင့် တောင်သူများ စက်သုံးဆီဝယ်ယူရာတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆိအမျိုးအစားအလိုက် ကြိုတင်ဝယ်ယူ စုဆောင်းထားရှိရေးနှင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချရန် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
