Main menu

Ocean Super Center ၌ ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၇.၁၀.၂၀၂၅) ရက်နေ့က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ Ocean Super Center တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီများ၌ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Ocean Super Center မှ တာဝန်ခံအား စားအုန်းဆီ/ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁)ရက် နေ့ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၂၁) တွင်ဖော်ပြထားသည့် (ပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုး အမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင် အသိပေးခဲ့ကြောင်း သိရသည်။ ဥပမာ- ဟင်းသီးဟင်းရွက်ဆီ/ (အဆင့်မြင့် စားအုန်းဆီ)ဟု လည်းကောင်းဖော်ပြပြီး ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)