Main menu

(MOONSUN) စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည်(၅.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်  ( MOONSUN ) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၇၀၅ ကျပ် )၊ (95-၂၈၀၀ကျပ်)၊ (HSD-၂၄၅၅ကျပ်)၊ (PHSD-၂၉၉၀ကျပ်)တို့ဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများ အားစစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)