Main menu

ဗီယက်နမ်၏ ၁၀ လတာ သီဟိုဠ်စေ့တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံနီးပါး ရောက်ရှိခဲ့

Powered by Drupal

         ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမဆယ်လအတွင်း ပြည်ပသို့ သီဟိုဠ်စေ့တင်ပို့မှု အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံနီးပါး ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၉.၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ပြည်တွင်း နေ့စဉ်ထုတ်သတင်းစာ Baodautu က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။

      ဗီယက်နမ်အကောက်ခွန်ဌာန၏ ပြောကြားချက်အရ ဆယ်လတာကာလအတွင်း သီဟိုဠ်စေ့တန်ချိန် ၆၂၈,၀၀၀ ရောင်းချခဲ့ရပြီး တစ်နှစ်ထက်တစ်နှစ် ၂.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

       တရုတ်နိုင်ငံသည် ဗီယက်နမ်လယ်ယာထွက်ကုန်များ ဒေါ်လာ သန်း ၉၁၀ ကျော် ဝယ်ယူသုံးစွဲခဲ့ကာ ဗီယက်နမ်လယ်ယာထွက်ကုန်များအတွက် ထိပ်တန်းဝယ်ယူသူဖြစ်လာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၃.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

     ဗီယက်နမ် သီဟိုဠ်စေ့တင်ပို့မှု ပျမ်းမျှဈေးနှုန်းသည် ဆယ်လတာကာလအတွင်း တစ်တန်လျှင် ကန်ဒေါ်လာ ၆၈၁၁ ရှိပြီး ယခင်နှစ် အလားတူကာလထက် ၁၆.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                         

DOCA (ရန်ကုန်)