Main menu

မြိတ်မြို့တွင်ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

         ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၁၉ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြိတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊  ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများမှလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

         အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားအားအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)