Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

West Sulawesi တွင် ချောကလက်စက်ရုံတည်ထောင်ရန်ရင်းနှီးမြှုပ်နှံသူများကို ဆွဲ‌ဆောင်မည့် အင်ဒိုနီးရှားနိုင်ငံ

          အင်ဒိုနီးရှားနိုင်ငံ Transmigration ဝန်ကြီး Muhammad IFtitah Sulaiman Suryanagara သည် West Sulawesi တွင် ချောကလက်စက်ရုံတည်ထောင်ခြင်းအားဖြင့် ကိုကိုးပြုပြင်ထုတ်လုပ်ခြင်းကိုပံ့ပိုးရန်အတွက် ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ရန် စီစဉ်နေ ကြောင်း သိရပါသည်။ Surtanagara က Transmigration ဧရိယာများရှိ ကိုကိုးများသည် အာမခံချက်ရှိသောအလားအလာရှိကြောင်း၊ ထိုဒေသတွင်ချောကလက်စက်ရုံများတည်ထောင် ပါက ဒေသခံများအတွက် ကိုကိုးကုန်ကြမ်းတင်ပို့ခြင်းကိုသာ မီခိုနေရခြင်းကိုလျှော့ချနိုင်ကြောင်း နှင့် West Sulawesi ရှိ Transmigration ဧရိယာများသည် ကိုကိုး၊ ဆီအုန်း၊ ငါးလုပ်ငန်းနှင့် ခရီးသွားကဏ္ဍတို့ပါဝင်သည့် ရင်းနှီးမြှုပ်နှံသူများရောက်ရှိလာနိုင်သည့် များစွာသောစီးပွားရေး အခွင့်အလမ်းများကို ကမ်းလှမ်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ဘက်ပေါင်းစုံလေ့လာမှုများနှင့်အတူ ကြီးမားသောရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရွေးထုတ်နိုင်ကြောင်း သိရပါသည်။ လူသားအရင်းအမြစ်အရည်အသွေးမြှင့်တင်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများက ဒေသသို့ ရင်းနှီးမြှုပ်နှံမှုပြုရန် တုံ့ဆိုင်းမနေဘဲဝင်ရောက်လာနိုင်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် West Sulawesi အုပ်ချုပ်ရေးမှူး Suhardi Duka က ၎င်းတို့သည် ခရိုင်တစ်ခုခြင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးစင်တာများအဖြစ် ဆောင်ရွက်ရန် အတွက် Transmigration ဧရိယာများပြင်ဆင်ထားကြောင်းနှင့် West Sulawesi သည် နိုင်ငံ၏ စတုတ္ထအကြီးမားဆုံး ကိုကိုးထုတ်လုပ်သူဖြစ်ကြောင်း ပြောကြားခဲ့ကြာင်း သိရှိရပါသည်။

Antara News

DOCA (ရန်ကုန်)                                                                             

အင်ဒိုနီးရှားနိုင်ငံ East Sumba တွင်ကျွဲနွားမွေးမြူရေးတွင် ရင်းနှီးမြှုပ်နှံရန် ဘရာဇီးစိတ်ဝင်စား

             ဘရာဇီးရင်းနှီးမြှုပ်နှံသူများသည် အင်ဒိုနီးရှားနိုင်ငံ East Sumba တွင် ကျွဲနွားမွေးမြူရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ Transmigration ဝန်ကြီး  Muhammad Iftitah Sulaiman Suryanagara က ဘရာဇီးရင်းနှီး မြှုပ်နှံသူများအတွက် East Sumba သည် ပြီးပြည့်စုံစွာသင့်လျော်ကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်တွင်းလူမှုအသိုင်းအဝိုင်းကို စစ်မှန်သောအကျိုးအမြတ်များသယ်ယူလာပေးနိုင်မည့် ရင်းနှီး မြှုပ်နှံသူများကိုပံ့ပိုးပေးရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ East Sumba သည်မွေးမြူရေးအတွက် အထူးစီးပွားရေးဇုန်(SEZ)အနေဖြင့် ဒီဇိုင်းဆွဲထားသည့်အတွက် ကျွဲနွား မွေးမြူမည့်ဘရာဇီးရင်းနှီးမြှုပ်နှံသူများအတွက် ဗျူဟာမြောက်ဒေသဖြစ်ကြောင်း သိရပါသည်။ သို့သော် SEZ သည် ရင်းနှီးမြှုပ်နှံသူများကင်းမဲ့နေသောကြောင့် ဆက်လက်မဖွံ့ဖြိုးနိုင်ကြောင်း သိရပါသည်။ ယခုတွင်မူ ဘရာဇီး၏စိတ်ဝင်စားမှုနှင့်အတူ Suryanagara သည် ထိုဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာအတွက် နှစ်နိုင်ငံကြားဆက်လက်ဆွေးနွေးသွားမည်ဟု သိရပါသည်။ ၎င်း၏ဝန်ကြီးဌာနသည်လည်း East Sumba ဖွံ့ဖြိုးတိုးတက်ရေးအတွက် Transmigration Settlement Development Program  အောက်တွင် ဘဏ္ဍာငွေချမှတ်ပေးရန် လုပ်ကိုင်လျှက်ရှိကြောင်း သိရပါသည်။ ထိုဘဏ္ဍာငွေများကို ရေသန့်ရရှိရေး၊ ၃ ကီလိုမီတာရှည် သော လမ်းမများတိုးတက်ရေးနှင့် အများသုံးအိမ်သာများပြင်ဆင်ရေးအတွက် အသုံးပြုသွားမည်ဟု သိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည်လည်း East Sumba တွင်ကျွဲနွားမွေးမြူ ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ‌ရှေ့ပြေးစီမံကိန်းပြင်ဆင်လျှက်ရှိကြောင်း သိရပါသည်။

Antara News

DOCA (ရန်ကုန်)                                                                             

ဗီယက်နမ်လုပ်ငန်းများတင်ပို့မှုအရှိန်မြှင့်တင်ရေးကူညီပေးနိုင်ရန် စင်ကာပူကုန်သွယ်ရေး အခမ်းအနားကျင်းပ

          စင်ကာပူနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးသည် ဗီယက်နမ်လုပ်ငန်းများတင်ပို့မှုအရှိန်မြှင့်တင် ရေးကူညီပေးနိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်များသို့ဝင်ရောက်မှုတိုးချဲ့ရန် ရည်ရွယ်၍ စင်ကာပူ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်သွင်းသူများနှင့် တင်ပို့သူများအသင်း(SFVIEA) နှင့် ပူးပေါင်း၍ ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်ပွဲ‌တော် ၂၀၂၅ ကို ဇူလိုင်လ ၁၈ ရက်နေ့ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုပွဲတော်ကို ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့သူ ၁၁ ဦးနှင့် စင်ကာပူနိုင်ငံတွင်လည်ပတ်နေသည့် များစွာသောဗီယက်နမ်စားသောက်ဆိုင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ပါဝင်သူများသည် စင်ကာပူဈေးကွက်သို့ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်ရေးအားကောင်းသောအလားအလာရရှိရန်အတွက် ဗီယက်နမ်မှ အထူးစိုက်ပျိုးရေး ထုတ်ကုန်များကို ပြသခဲ့ကြောင်း သိရပါသည်။ စင်ကာပူနိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ် Tran Phuoc Anh က ဗီယက်နမ်သည်ဒေသတွင်းထိပ်တန်း သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့သူ များထဲမှတစ်ခုဖြစ်လာကြောင်းနှင့် ပွဲတော်သည်နှစ်နိုင်ငံအပြန်အလှန်စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအားကောင်းစေရန်အတွက် ကုန်သွယ်မှုမြှင့်တင်ရေးအခမ်းအနား ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ SFVIEA ၏ ဒုတိယဥက္ကဌဖြစ်သူ Tai Seng Yee ကတင်သွင်းမည့်သစ်သီး နှင့် ဟင်းသီးဟင်းရွက်များအတွက် အရည်အသွေးလိုအပ်ချက်များပါဝင်သည့် စင်ကာပူဈေးကွက် လိုအပ်ချက်များအပေါ် ပါဝင်သည့်အချက်များ၏အကျဉ်းချုပ်နှင့် ပြည်တွင်းစားသုံးသူများ၏ ဦးစားပေးမှုများကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ စင်ကာပူနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်ရေးရုံး၏ အကြီးအကဲ Cao Xuan Thang က စင်ကာပူသည် အဓိက transshipment အချက်အချာအဖြစ်ရပ်တည်နေပြီး ထိုဈေးကွက်တွင် ဗီယက်နမ်ကုန်စည်များတည်ရှိမှု အားကောင်းခြင်းသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက အခြားဒေသတွင်းဈေးကွက်များသို့ ဝင်ရောက်ရန်ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ပွဲတော်သည် စင်ကာပူစီးပွားရေး လုပ်ငန်းများနှင့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များကို ချိတ်ဆက်ရန်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရပါသည်။ စင်ကာပူအာဏာပိုင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များသည် ဒူးရင်း၊ သရက်သီးများ၊ လိုင်ချီး၊ အုန်းသီး၊ နဂါးမောက်သီး၊ မှိုနှင့် အုန်းသီးများပါဝင်သည့် များစွာသော ဗီယက်နမ်ထုတ်ကုန်များအပေါ် အသိအမှတ်ပြုခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်) 

                                                                            DOCA (ရန်ကုန်)

ချီလီနိုင်ငံ၏အကြီးမားဆုံးကော်ဖီကုန်စည်ပြပွဲတွင် ဗီယက်နမ်ကော်ဖီပွဲဦးထွက်မိတ်ဆက်

          ဗီယက်နမ်ကော်ဖီသည် ချီလီနိုင်ငံ ဆန်တီယာဂိုမြို့တော်ရှိ Espacio Riesco exhibition centre တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိကျင်းပခဲ့သည့် ချီလီနိုင်ငံ၏အကြီးမားဆုံး ကော်ဖီကုန်စည်ပြပွဲတွင် ပွဲဦးထွက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။ ချီလီနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးကလက်ခံကျင်းပသည့် ဗီယက်နမ်ပြခန်းတွင် robusta၊ arabica၊ roasted ground ကော်ဖီ၊ အသင့်ဖျော်ကော်ဖီ၊ drip bag ကော်ဖီနှင့် ကော်ဖီ capsules များနှင့် အခြား အမျိုးအစားများတို့ပါဝင်သည့် ကျယ်ပြန့်သောကော်ဖီထုတ်ကုန်များကို ပြသခဲ့ကြောင်း သိရပါ သည်။ ထိုအမျိုးအစားများထဲတွင် ဗီယက်နမ် robusta ကော်ဖီသည် အဓိကစိတ်ဝင်စားလူကြိုက် များမှုကိုရရှိခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးမားဆုံးကော်ဖီ ထုတ်လုပ်သူဖြစ်ပြီး နှစ်စဉ်ကော်ဖီတန်ချိန် ၂ သန်းပတ်လည် ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါ သည်။ ဗီယက်နမ်ကော်ဖီထုတ်ကုန်များသည် ဥရောပ၊ အမေရိကန်၊ ဂျပန်၊ ရုရှား၊ ယူကေနှင့် ကနေဒါအစရှိသည့် အဓိကဈေးကွက်များပါဝင်သည့် နိုင်ငံပေါင်း ၈၀ ကျော်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ ထိုအခမ်းအနားတွင် ကော်ဖီထုတ်လုပ်သည့်၊ ကော်ဖီသောက်သုံး သည့် နိုင်ငံများမှစီးပွားရေးလုပ်ငန်းပေါင်း ၁၅၀ ကျော်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။ ချီလီ နိုင်ငံဆိုင်ရာဗီယက်နမ်သံရုံး၏အဆိုအရ ထိုအခမ်းအနားသည် ဗီယက်နမ်၏နိုင်ငံ‌တော်အမှတ် တံဆိပ်မြှင့်တင်ရန်၊ ပို့ကုန်ဈေးကွက်များတိုးချဲ့ရန်နှင့် လတ်တင်အမေရိကအစရှိသည့် ဒေသများ တွင် အခွင့်အလမ်းသစ်များရှာဖွေရန် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

၂၀၂၅ ခုနှစ်တွင် သီဟိုဠ်စေ့များတင်ပို့ရာမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ရရှိရန် ဗီယက်နမ်ရည်မှန်း

         ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်တွင် သီဟိုဠ်စေ့များတင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရရှိပြီး ၂၀၂၄ ခုနှစ်ကထက် ၂.၇ ရာခိုင်နှုန်းမြင့်တက်ရန်ရည်ရွယ်ထားကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ထိုရည်မှန်း ချက်ပြည့်မီရန်အတွက် ကဏ္ဍသည် ဒုတိယနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ပတ်လည် ရရှိရန်လိုအပ်ကြောင်း သိရပါသည်။ ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်သည် သီဟိုဠ်စေ့တန်ချိန် ၃၄၆၈၀၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၂.၃၆ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်နှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၂၀.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုသို့မြင့်တက်မှုသည် တင်ပို့မှုပမာဏကျဆင်းမှုကိုဖာထေးပေးရန်ကူညီပေးခဲ့သည့် တင်ပို့သည့် ဈေးနှုန်းများသိသာစွာမြင့်တက်မှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်ကို ၆၈၀၅ အမေရိကန်ဒေါ်လာကျော်ရှိပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၃.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်၊ အမေရိကန်နှင့် နယ်သာလန်တို့သည် ဗီယက်နမ်၏ ထိပ်တန်းသီဟိုဠ်စေ့ဝယ်ယူသည့် ၃ နိုင်ငံ ဖြစ်ပြီး စုစုပေါင်းတင်ပို့သည့်တန်ဖိုး၏ ၂၂ ရာခိုင်နှုန်း၊ ၂၁.၆ ရာခိုင်နှုန်းနှင့် ၈.၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါသည်။ တင်ပို့မှုစဉ်ဆက်မပြတ်ကြီးထွားရန်အတွက် ဝန်ကြီးဌာနသည် ယူအေအီးနှင့် ဆော်ဒီအာရေဗျတို့ပါဝင်သော ဝယ်လိုအားကောင်းသည့် ထွန်းသစ်စဈေးကွက် များသို့ ဝင်ရောက်ရန်ကြိုးပမ်းမှု အရှိန်မြှင့်တင်ရန် တောင်းဆိုထားကြောင်း သိရပါသည်။ ဗီယက်နမ်၏တတိယအကြီးမားဆုံးသီဟိုဠ်ဈေးကွက်ဖြစ်သည့် ဥရောပသမဂ္ဂသည်လည်း လတ်တလောနှစ်များတွင် စဉ်ဆက်မပြတ်ဝယ်ယူမှုကြီးထွားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် သီဟိုဠ်စေ့တန်ချိန် ၇၃၀၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၃၇ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၀.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

စက်ဝန်းပုံစီးပွားရေးသည် စဉ်ဆက်မပြတ်စိုက်ပျိုးမွေးမြူရေးအတွက် အဓိကဖြစ်

          ဗီယက်နမ်သည် ၎င်းတို့၏စိုက်ပျိုးမွေးမြူရေးကဏ္ဍခေတ်မီရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းဆက်လက်တည်ရှိနေရန်နည်းလမ်းများကိုရှာဖွေလျှက်ရှိပြီး စက်ဝန်းပုံစီးပွားရေး သည် ပိုမိုစိမ်းလန်းမှုဆီဦးတည်သည့် အရေးပါသောလမ်းကြောင်းနှင့် ပိုမိုစဉ်ဆက်မပြတ်စိုက်ပျိုး မွေးမြူနိုင်ရန် အဓိကအရာအဖြစ်ပေါ်ထွန်းလာကြောင်း သိရပါသည်။ ဟနွိုင်းမြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့ကကျင်းပခဲ့သည့် စိုက်ပျိုးမွေးမြူရေးဖိုရမ်တွင် ဗီယက်နမ်စီးပွားရေးနှင့် စက်မှုလုပ်ငန်းအသင်း၏ ဒုတိယဥက္ကဌဖြစ်သူ Hoang Quang Phong က နိုင်ငံ၏ကာလ ကြာရှည် စိုက်ပျိုးမွေးမြူရေးကဏ္ဍအားကောင်းမှုကို အသားပေးပြောကြားခဲ့ပြီး ဆက်လက်ဖွံ့ဖြိုး တိုးတက်ရန်ပံ့ပိုးပေးမည့် များစွာသောမူဝါဒများကို မိတ်ဆက်ခဲ့ကြောင်း သိရပါသည်။ Phong က စက်ဝန်းပုံအလေ့အထကျင့်သုံးခြင်းသည် ရွေးချယ်စရာတစ်ခုမဟုတ်ပဲ မရှိမဖြစ်လိုအပ်ကြောင်း၊ စွန့်ပစ်ပစ္စည်းလျှော့ချပေးပြီး အရင်းအမြစ်များကို ပြန်လည်အသုံးပြုခြင်းမည့် ထိုမော်ဒယ်သည် ထုတ်လုပ်မှုအရှိန်မြှင့်တင်ရန်၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရန်နှင့် စိုက်ပျိုးမွေးမြူရေးသမား များ၏ ဝင်ငွေများတိုးတက်ရန် အလွန်အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ ထိုအခမ်းအနား ပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ ရိုးရာမှအသွင်ကူးပြောင်းမှုအရှိန်မြှင့်တင်ရန်နှင့် အရင်းအမြစ် အလွန်သုံးစွဲခြင်းမှ ပိုမိုထိရောက်စွာ စိုက်ပျိုးမွေးမြူရန်ရည်ရွယ်ကြောင်း သိရပါသည်။ ထိုမော်ဒယ်များတွင် စိုက်ပျိုးမွေးမြူရေးစွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရန်၊ ကောက်ရိုး များနှင့် မွေးမြူရေးစွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ်အသုံးပြုရန်၊ သီးနှံအကြွင်း အကျန်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုရန်နှင့် နွားချေးကို ပြန်လည်အသုံးပြုရန်အတွက် လုပ်ဆောင်ရန်တို့ပါဝင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် အစိုးရ ဆုံးဖြတ်ချက်သည် ၂၀၃၀ ခုနှစ်တွင် စိုက်ပျိုးမွေးမြူရေးသိပ္ပံနှင့် နည်းပညာစီမံကိန်းများ၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းသည် စက်ဝန်းပုံစီးပွားရေးမော်ဒယ်များနှင့်ချိတ်ဆက်မည်ဟု သိရပါ သည်။ Phong ကထိုအသွင်ကူးပြောင်းမှုအောင်မြင်စေရန်အတွက် ၎င်းကို ရေရှည်မူဝါဒများ၊ ဆန်းသစ်တီထွင်မှုများနှင့် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုတို့ဖြင့် ပံ့ပိုးပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

ဗီယက်နမ်တွင် ၄၃ ခုမြောက် shopping Mall ဖွင့်လှစ်ခဲ့သည့် Thai လုပ်ငန်း

          ထိုင်းနိုင်ငံအင်အားကြီးလက်လီလုပ်ငန်းဖြစ်သည့် Central Retail ၏အဖွဲ့ဝင်ဖြစ်သည့် Central Retail Vietnam သည် ဗီယက်နမ်နိုင်ငံ Hung Yen မြို့‌‌တော်တွင် ၎င်းတို့၏ ၄၃ ခုမြောက် ဈေးဝယ်စင်တာဖြစ်သည့် GO! Hung Yen ကို တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆.၄ သန်းတန်ဖိုးရှိပြီး ၁၆၀၀၀ စတုရန်းမီတာကျယ်ဝန်းသည့် Go! Hung Yen ကိုဘက်ပေါင်းစုံစီးပွားရေးစင်တာအဖြစ် ဒီဇိုင်း ဖန်တီးထားပြီး ပြည်တွင်းစားသုံးသူများ၏ ကွဲပြားသောလိုအပ်ချက်များကို ဖြည့်စည်းပေးရန် ရည်ရွယ်ကြောင်း သိရပါသည်။ ၎င်းတွင် Jollibee၊ King Coffee၊ Fahasa bookstore နှင့် Game World တို့ပါဝင်သည့် များစွာသောကဏ္ဍများရှိ လူသိများသော နိုင်ငံတကာအမှတ် တံဆိပ်များနှင့် ပြည်တွင်းအမှတ်တံဆိပ်များ ၅၀ ခု ပါဝင်ကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်း အနားတွင် ပြည်နယ်ပါတီကော်မတီ၏ အတွင်းရေးမှူး Nguyen Huu Nghia က GO! Hung Yen သည် ဈေးဝယ်ရန်နေရာတစ်ခုသာမက ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာပံ့ပိုးပေးနိုင် သည့်အချက်အချာဖြစ်ပြီး ထိုမှတစ်ဆင့် လူမှုဘဝအရည်အသွေးကို တိုးမြှင့်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ GO! Hung Yen ၏ ထင်ရှားသောအသားပေးစရာအချက်မှာ ဗီယက်နမ် နိုင်ငံတစ်ဝှမ်းမှထုတ်ကုန်များကိုမိတ်ဆက်မည့် ဒေသတစ်ခုထုတ်ကုန်တစ်ခုမြှင့်တင်မည့် နေရာ ကို ဒုတိယထပ်တွင် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုအာမခံချက်များ ရရှိခဲ့သည့် ဗီယက်နမ်၏ Hai Phong မြို့တော်

          ဗီယက်နမ်နိုင်ငံ၏ Hai Phong မြို့တော်မှအာဏာပိုင်များသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုလိုင်စင်များချပေးခြင်းနှင့် နားလည်မှုသဝဏ်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ LG Display Vietnam Hai Phong သည် မြို့တော်၏ အထင်ရှားဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထဲမှတစ်ခုဖြစ်ကြောင်း သိရပါ သည်။ ၂၀၁၆ ခုနှစ်တွင် မတည်ငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိသော ပထမဆုံး စီမံကိန်းစတင်ချိန်မှစ၍ ကုမ္ပဏီသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော်ထိ သိသာထင်ရှားစွာတိုးချဲ့ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီ၏ အထွေထွေညွှန်ကြားရေး မှူး Choi In Kwan က ကုမ္ပဏီ၏အောင်မြင်မှုအတွက် သဘာဝဘေးများနှင့် ကပ်ရောဂါ အစရှိသည့် စိန်ခေါ်မှုများအတွင်း Hai Phong ၏အားကောင်းပြီးစဉ်ဆက်မပြတ်ပံ့ပိုးပေးမှု၊ ကျွမ်းကျင်သောလုပ်သားထု၊ ခေတ်မီအခြေခံအဆောက်အအုံနှင့် ဗျူဟာမြောက်တည်နေရာတို့ ကိုအသိအမှတ်ပြုပြောကြားခဲ့ပါသည်။ ကားအစိတ်အပိုင်းမျာထုတ်လုပ်ခြင်းတွင် ထိပ်တန်းရင်းနှီး မြှုပ်နှံသူဖြစ်သည့် Trakmotive ၏ Corporate Culture and Public Relations ညွှန်ကြားရေးမှူး Carlos Ottery က ကုမ္ပဏီသည် များစွာသော နိုင်ငံများနှင့် ‌‌ဒေသများကို ချင့်ချိန်တွက်ချက်ပြီးနောက် Hai Phong အား ၂၀၂၅ ခုနှစ်တွင်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ ပါသည်။ ၎င်းတို့၏ဆုံးဖြတ်ချက်သည် မြို့တော်၏စက်မှုဆိုင်ရာအမွေအနှစ်၊ ဗျူဟာမြောက် အခြေခံအဆောက်အအုံနှင့် အရည်အသွေးမြင့်လုပ်သားထုအပေါ် အခြေခံခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Tarkmotive သည် အလုပ်အကိုင် ၄၀၀၀ ပတ်လည်ဖန်တီးနိုင်သည့် ၂၂၀၀၀ စတုရန်းမီတာကျယ်ဝန်းသည့်စက်ရုံကို ၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်မည်ဟု သိရပါသည်။ Hai Phong သည် သွက်လက်မြန်ဆန်သောလုပ်ထုံးလုပ်နည်းများနှင့် တိုးတက်လာသောဝန်ဆောင်မှု တို့မှတစ်ဆင့် အားကောင်းပြီးပွင့်လင်းမြင်သာရှိကာ ရင်းနှီးမြှုပ်နှံသူသင့်လျော်သည့်ဝန်းကျင်ကို တည်‌ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့သည် အလားအလာရှိသော လျှပ်စစ်မော်တော်ဆိုင်ကယ် ပူးပေါင်းဆောင်ရွက်မှုများရှာဖွေ

    ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) သည် အင်ဒိုနီးရှား လျှပ်စစ် မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများနှင့် ကုန်သွယ်မှုဆက်ဆံရေး တည်ဆောက်ရန်၊ နှစ်နိုင်ငံ စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ CCC ၏ဒုတိယဥက္ကဌနှင့် Koh Kong ပြည်နယ်ကုန်သည်ကြီးများအသင်းဥက္ကဌ Chang Chivinh သည် အင်ဒိုနီးရှား လျှပ်စစ်မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများအသင်း (AISMOLI) ၏ဥက္ကဌ Budi Setiyadi နှင့် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေးမိတ်ဖက်ဆက်ဆံရေးအတွက် အလားအလာများကို လေ့လာရန် ဆွေးနွေးခဲ့ကြသည်။ CCC ၏ ထုတ်ပြန်ချက်အရ တွေ့ဆုံမှုအတွင်း Setiyadi သည် အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်မော်တော်ဆိုင်ကယ်ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရောင်းချသူများကို ကိုယ်စားပြုသည့် AISMOLI ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ အား ရှင်းလင်းတင်ပြခဲ့သည်။ အင်ဒိုနီးရှား၏ လျှပ်စစ်မော်တော်ဆိုင်ကယ်လုပ်ငန်းသည် မကြာသေးမီနှစ်များအတွင်း ထုတ်လုပ်မှုနှင့်ရောင်းချမှုနှစ်ခုလုံး တိုးလာသဖြင့် တိုးတက်မှု အားကောင်းသည့် လက္ခဏာများ ပြသခဲ့ကြောင်း Setiyadi က ပြောကြားခဲ့သည်။ Koh Kong ပြည်နယ်ကုန်သည်ကြီးများအသင်းဥက္ကဌ Chang Chivinh က AISMOLI ၏ ကမ္ဘောဒီးယားသို့ ၎င်း၏လုပ်ငန်းတိုးချဲ့ရန် စိတ်ဝင်စားမှုကို ကြိုဆိုကြောင်း၊ လျှပ်စစ်မော်တော်ဆိုင်ကယ် စျေးကွက်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်တွင်းကမ္ဘောဒီးယားကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ရန်နှင့် အင်ဒိုနီးရှားကုမ္ပဏီများသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် မိတ်ဖက်အခွင့်အလမ်းများရှာဖွေပါက CCC အနေဖြင့် ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပံ့ပိုးကူညီမှုများ ပေးရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

DOCA (ရန်ကုန်)

Siem Reap-Shenzhen တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်

     ကမ္ဘောဒီးယား-တရုတ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၏ စာမျက်နှာသစ်ကို နိုင်ငံ၏ အဓိကမြို့ကြီးလေးမြို့ဖြစ်သည့် Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံ၊ Shenzhen မြို့အကြားတွင် ပထမဆုံးသော တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို ၁၈-၇-၂၀၂၅ ရက်နေ့တွင် တရားဝင် စတင်ခဲ့ကြောင်းသိရသည်။ အဆိုပါလေကြောင်းလိုင်း အသစ်သည် ယူနက်စကိုစာရင်းဝင် Angkor Wat နှင့် တရုတ်နိုင်ငံ၏ အလုံးစုံဖွံဖြိုးတိုးတက်မှု အတွက် အရေးပါသော စီးပွားရေးဩဇာလွှမ်းမိုးမှုရှိသော ဒေသတစ်ခုဖြစ်သည့် Guangdong-Hong Kong-Macao Greater Bay Area(GBA) တို့ကို ချိတ်ဆက်ထားပြီး တရုတ်ခရီးသွားများ အတွက် ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်ရန် မျှော်မှန်းထားသည်။ ယခင်က တရုတ်ခရီးသွားများ သည် Siem Reap သို့ တိုက်ရိုက်ဆက်သွယ်မှု မရှိခြင်းကြောင့် ဖနွမ်းပင်မှတဆင့် လာရောက် လည်ပတ်ခဲ့ကြရသည်။ Air Cambodia မှ Airbus A320/A321 လေယာဉ်ကို အသုံးပြု၍ ဝန်ဆောင်မှုများကို တစ်ပတ်လျှင်တစ်ကြိမ်ပြေးဆွဲမည်ဖြစ်ဖြစ်သည်။ ခရီးစဉ်သည် အပတ်စဉ် ကြာသပတေးနေ့တိုင်း ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap ပြည်နယ်မှ စတင်ထွက်ခွာ မည်ဖြစ်ပြီး သောကြာနေ့နံနက်တွင် တရုတ်နိုင်ငံ၊ Shenzhen ပြည်နယ် မှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ(၆)လအတွင်း နိုင်ငံတကာလေကြောင်းခရီးသည် ပေါင်း ၃.၄၂ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်း တိုးလာ ကြောင်း နိုင်ငံခြားရေးဝန်ကြီးရုံး (SSCA) က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ