Main menu

HighLight News

Powered by Drupal

ကန့်ဘလူမြို့နယ်၌ စားသုံးသူအသိပညာပေး Talk Show ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်း၍သော်လည်းကောင်း၊ Online မှတစ်ဆင့်သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     Online မှတစ်ဆင့်အသိပညာပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေး Talk Show များဟောပြောဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါ အသိပညာပေး Talk Show ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက Online Salse လုပ်ကိုင်သူများအနေဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို အောက်တိုဘာလ(၂) ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ Online Salse မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ခဲ့လျှင် တာဝန်ရှိသူများနှင့် မှတ်ပုံတင်ဆောင်ရွက်ရမည့် Online Salse လုပ်ကိုင်သူများသိရှိစေရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌  ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ ကန့်ဘလူမြို့မဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ၊ စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပျက်ပြားစေမည့် ကိစ္စရပ်များကိုပြုလုပ်ပါက ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၁၆/၂၀၂၃) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၆-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၁၆/၂၀၂၃) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၁) ဦးတက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် အကြီးတန်းစာရေး ဒေါ်ပြည့်ဖြိုးဝေက ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ အသုံးပြုသည့် ဈေးကွက်စောင့်ကြည့်ပုံစံဖြည့်သွင်းခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်၌ (၁၀/၂၀၂၃)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းဆောင်ရွက်ခဲ့မှုများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကိုသိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကိုရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကိုသိရှိစေရန်ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကိုသိရှိလေ့လာနိုင်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ(၁) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

     (၁၀-၁၀-၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၇၅)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင် (၈၅)စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်၌ (၁၀/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်မှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို (၅) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

     (၃-၁၀-၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဝင်း (ကိတ်မုန့်) လုပ်ငန်းရှင်နှင့် ဒေါ်ကျင်မိ (စားအုန်းဆီရောင်းဝယ်ရေး)လုပ်ငန်းရှင်၊  (၁၃-၁၀-၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဇော် (ပေါင်မုန့်၊ ကိတ်မုန့်)လုပ်ငန်းရှင်၊ ရွှေဘိုမြို့အမှတ်(၄)ရပ်ကွက်ရှိ တိုးတိုး (ပေါင်မုန့်၊ ကိတ်မုန့်)လုပ်ငန်းရှင်နှင့် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရှိုင်း (ပေါင်မုန့်၊ ကိတ်မုန့်) လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စုစုပေါင်းစီးပွားရေးလုပ်ငန်းရှင် (၅)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မင်္ဂလာဒုံမြို့နယ်ရှိ Terminal M Shopping Mall အား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

    မင်္ဂလာဒုံမြို့နယ်ရှိ Terminal M Shopping Mall သို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာနမှ ဒေါ်ခိုင်သင်းဦး၊ ဉီးစီးအရာရှိပါ (၂)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဉီးအေးကျော်၊ ရုံးအုပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဉီးဟောက်ခန့်ခိုင်၊ ကျန်းမာရေးမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒေါ်စန်းစန်းသွင်၊ ကျန်းမာရေးမှူး-၁နှင့် စားသုံးသူရေးဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည် (၂၄-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၁၅)နာရီအချိန်တွင် Terminal M Shopping Mall အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အရည်အသွေးပြည့်မီစေရေးတို့အတွက် ဈေးကွက်မတင်မီနှင့် ဈေးကွက်တင်ပြီးသော အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်များစစ်ဆေးခြင်းကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး Labelling ပြည့်စုံစွာရှိ/မရှိ ပထမကွင်းဆင်းစစ်ဆေးပြီး ဒုတိယအကြိမ်ကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ရာ မပြည့်စုံလျှင် လုပ်ငန်းရှင်များကို စာဖြင့်သတိပေးထုတ်ပြန်ပြီး တတိယအကြိမ်စစ်ဆေးချိန်၌ ပြည့်စုံမှုမရှိလျှင် ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း ရှင်းလင်းအသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ရုံးမှ ဦးနေလင်း (စစ်ဆေးရေးမှူး)နှင့် တာဝန်ရှိဝန်ထမ်းများသည် (၂၀-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့် မင်္ဂလာဈေး၊ ဆေးဆိုင်များရှိ ‌ဆေးဝါးများမှ Parbisure သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်မရှိဘဲ ရောင်းချခြင်းရှိ/မရှိကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများပူးပေါင်းအဖွဲ့စုံဖြင့် ဈေးကွက်စစ်ဆေးခဲ့ကြပါသည်။

  ထို့နောက် ဆေးဆိုင်များရှိ ဆေးဝါးများကိုစစ်ဆေးခြင်းနှင့် ဆေးဆိုင်ပိုင်ရှင်များ၊ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး ဆေးဝါးများဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိသောဆေးဝါးများကိုသာရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းခြင်းဆိုင်ရာဖော်ပြချက်များကို လိုက်နာရန်လိုအပ်ကြောင်း၊ လိုက်နာမှုမရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူခံရနိုင်ကြောင်း အသိပညာအပေးပြောကြားခဲ့ရာ ရွှေပြည့်စုံဈေးတွင် ဆိုင်(၁၁)ဆိုင်နှင့် မင်္ဂလာ‌ဈေးတွင် ဆေးဆိုင် (၈)ဆိုင်တို့အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

         

“ သန်လျင်မြို့နယ်၌ စားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်း

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးဌာနမှူးရုံးလက်အောက်ရှိ သန်လျင်မြို့နယ်မှ ဦးဝင်းအောင်၊ ဒု-ဦးစီးမှူးသည် သန်လျင်မြို့နယ်အတွင်းရှိ သန်လျင်မြို့မဈေးတွင် စားအုန်းဆီအရောင်းဆိုင်များနှင့် မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းမှ ရောင်းချခွင့်ပေးထားသည့် လက်လီ/ လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီဆိုင်များကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ်၊ မြို့မဈေးရှိ စားအုန်းဆီရောင်းချနေသည့်ဆိုင်များ၊ မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီကိုယ်စားလှယ်(၂၈)ဦးရောင်းချနေသည့် စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးပေးနေသောဆိုင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်(၁)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးစီးဌာနမှ ဒုတိယရဲအုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဈေးတာဝန်ခံများနှင့်ဝန်ထမ်းများ၊ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်ကိုယ်စားလှယ်များပါဝင်သောအဖွဲ့က စားအုန်းဆီရောင်းချနေမှုနှင့် ဈေးနှုန်းတည်ငြိမ်မှုတို့ကို အခြေခံလက်ကားရည်ညွှန်းဈေး သယ်ယူစရိတ်ပါ (၂) ရာခိုင်နှုန်းအမြတ်ယူပြီး မိမိတို့မြို့နယ်အတွင်း လက်လီ/လက်ကားဆိုင်များစာရင်းကို ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်းနှင့် ကုန်အမှတ်တံဆိပ်ခွဲခြားရောင်းချမှုရှိ/မရှိတို့ကို လိုက်လံကြည့်ရှုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရန်ကုန်)

 

Myanmar Rice Online(MyRO) ၏ ပထမခြေလှမ်း

   မြန်မာနိုင်ငံဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိုလှောင်မှုများစနစ်တကျရှိစေရေးအတွက် စပါးတင်း ၅၀၀၀ (သို့) ဆန်တန် ၅၀အထက် ဆန်စပါးသိုလှောင်မှုအခြေအနေတို့ကို   ဒီဂျစ်တယ်နည်းလမ်း အွန်လိုင်းမှတ်ပုံတင်စနစ် Myanmar Rice Online(MyRO) ဖြင့် မှတ်ပုံတင် နိုင်ရေး၊ သိုလှောင်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဆန်စပါးဈေးကွက်တည်ငြိမ်မှန်ကန်စွာဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျမှတ်ပုံတင်စာရင်း ပြုစုထားနိုင်ရေး၊ သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းစီစဉ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် Myanmar Rice Online(MyRO) ၏ Key User Training သင်တန်းကို (၂၃-၁၀-၂၀၂၃) တနင်္လာနေ့၊ နေ့လယ်(၁၃း၃၀) နာရီအချိန်မှ ညနေ(၁၇း၀၀)နာရီအချိန်ထိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (အစည်းအဝေးခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့ရာ  ဌာနဆိုင်ရာနှင့်အသင်းအဖွဲ့များမှ သင်တန်းသား (၂၅)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြပါသည်။  Key User Training သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက Warehouse Registration User Manual Version No.(2.0) နှင့်ပတ်သက်၍ တက်ရောက်လာကြသူများအား ရှင်းလင်းမိတ်ဆက်ပေးခဲ့ပါသည်။                    အဆိုပါ လွယ်ကူလျင်မြန်သော ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင်စာရင်းတင်ပြဆောင်ရွက်နိုင်မည့် Online Registration စနစ် (MyRO) ကို ၂၀၂၃ ခုနှစ်အတွင်း မကြာမီ စတင်အသုံးပြုနိုင်ရေးအတွက် Digital Certificate ထုတ်ပေးနိုင်သည့်ဝန်ဆောင်မှုဖြင့် သိုလှောင်မှုလုပ်ငန်းများစနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့သည့် Myanmar Rice Online (MyRO) ၏ ရည်ရွယ်ချက်ပန်းတိုင်သို့ရောက်ရှိနိုင်မည့် Key User Training သင်တန်း Warehouse Registration User Manual Version No.(2.0) ရှင်းလင်းမိတ်ဆက်ပွဲကို ပထမခြေလှမ်းအနေဖြင့် စတင်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့်  အသေးစိတ်သိရှိလိုပါက www. myro. com. mm သို့ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သင်တန်းဖွင့်ပွဲအခမ်းအနားမှသိရှိရပါသည်။

DOCA(ရန်ကုန်)

အုတ်တွင်းမြို့နယ်၊ အ-ထ-က ညောင်ခြေထောက်တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းဖွင့်လှစ်

  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ခရိုင် ၅၀တို့တွင် (၂၀၂၃-၂၀၂၄) စာသင်နှစ်အတွင်း စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများဖွင့်လှစ်ပေးခဲ့ရာ တောင်ငူခရိုင်တွင်လည်း စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းကို အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် အခြေခံပညာအထက်တန်းကျောင်း၌ တွဲလျက်ဖွင့်လှစ်ထားပါသည်။ စတင်ဖွင့်လှစ်သည့် ယခုစာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူ ၂၇ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့တွင် ညောင်ခြေထောက် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၂၇ဦးအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက မွေးမြူရေးဆိုင်ရာဘာသာရပ်ကို လက်တွေ့သင်ကြားပေးခဲ့ပြီး အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာရှိ “လင်း”ဥစားကြက်မွေးမြူရေးခြံ၌ ဥစားကြက်မွေးမြူခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ကြက်ဥထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် တိရစ္ဆာန်အစာများဖြစ်သော နေဗီယာမြက်များစိုက်ပျိုးထားရှိမှိုကို လက်တွေ့ကွင်းဆင်းသင်ကြားပြသပေးကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News