Main menu

HighLight News

Powered by Drupal

အင်းတော်မြို့ရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးသည် အင်းတော်မြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် စားသောက်ကုန်များ၊ ကလေးအာဟာရဖြည့်စွက်စာများ၊ စားသုံးဆီဘူးများနှင့် အချိုရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်စည်အလိုက်မဖြစ်မနေ ထည့်သွင်းဖော်ပြရမည့်အချက်များပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ စားသုံးဆီဘူးများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ပါ အချက်များနှင့် ကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ရောင်းချသူဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာဌာနတို့၏ ထောက်ခံချက်ပြည့်စုံစွာပါဝင်ခြင်းမရှိသောကုန်စည်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်ဟု တရားဝင်ထုတ်ပြန်ထားသောစားသောက်ကုန်များနှင့် သက်တမ်းလွန်စားသောက်ကုန်များကိုလည်းရောင်းချခြင်းမပြုရန် မှာကြားဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဖျာပုံမြို့၊ လင်းလင်းဇော် ပဲမုန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSME လုပ်ငန်းဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်

    ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ်(၁၇)ရပ်ကွက်၊ ပုလဲလမ်းရှိ တစ်နိုင်တစ်ပိုင်မုန့်များထုတ်လုပ်ရောင်းချနေသည့် လင်းလင်းဇော် ပဲမုန့်လုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် လင်းလင်းဇော် ပဲမုန့်လုပ်ငန်းမှ ပဲမုန့်နှင့် အခြားဆီကြော်မုန့်များ တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချနေမှုကို ကွင်းဆင်းလေ့လာစိစစ်ခဲ့ပါသည်။ ပဲမုန့်ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းများအနေဖြင့် (သကြား၊ ဂျုံ၊ ပဲ၊ ကြက်ဥ၊ ဆီ၊ ရေသန့်)ဖြစ်ပြီး တစ်ရက်ထုတ်လုပ်မှုဘူးအရေအတွက်မှာ (၇၀၀) ဘူးခန့်ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအခြေအနေပေါ်မူတည်၍ နေ့စဉ် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ဈေးကွက်အခြေအနေပေါ် မူတည်၍ ဒေသအတွင်းနှင့် ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

      ထို့နောက် တာဝန်ခံက ထုတ်လုပ်သည့်ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကိုလည်း ကုန်စည်ထုပ်ပိုးမှုအပေါ်တွင် စနစ်တကျထည့်သွင်းဖော်ပြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများရွေးချယ်ဝယ်ယူခွင့်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်း၊ Consumer Call Center No. (1535) သို့လည်းဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ

ဒေးဒရဲမြို့၊ မြို့မဈေးကုန်မျိုးစုံဆိုင်များရှိ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊မြို့နယ်တာဝန်ခံက ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊ မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မဖြစ်မနေသိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ စသည်တို့ကို ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပါသည်။ ထို့ပြင် သက်ဆိုင်ရာအစိုးရဌာနများကသတ်မှတ်ထားသောအချက်အလက်များနှင့် ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/မရှိတို့ကို ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊ T.T.A ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဖျာပုံမြို့၊ T.T.A ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၆၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် တာရှည်ခံဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါဝင်သောမုန့်များကို ဝယ်ယူစားသုံးခြင်းမပြုကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်စင်တာများဖွင့်လှစ်ထားရှိကြောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ လူမှုကွန်ရက်မှဖြစ်စေ တိုင်ကြားနိုင်သည့်အပြင် Consumer Call Center No. (1535) သို့လည်းဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ ၊ အမှတ်(၆) အ.မ.က ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊အောက်တိုဘာလ (၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၆) အ.မ..က ကျောင်းရှိ ဆရာ/ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၁၀၁) ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက တားမြစ်ဆိုးဆေးများ ၊တာရှည်ခံဆိုးဆေးများအသုံးပြုထားသော ကုန်စည်များကိုဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော မုန့်များကိုဝယ်ယူသုံးစွဲကြရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှတားမြစ်ထားသော ကုန်စည်များဖြစ်သည့် အသားလုံး/အသားချောင်းများကိုဝယ်ယူစားသုံးခြင်းမပြုကြရန်၊ အစားအသောက်များကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်ရှိသည့် အစားအစာများဝယ်ယူသုံးစွဲကြရန်လိုအပ်ကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www. doca. gov. mm Website နှင့် Consumer Call Center No. (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များတွင် ခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၃-၁၀-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသောခေါက်ဆွဲခြောက်အမျိုးမျိုး (MAMEE အမှတ်တံဆိပ်၊ MAMA အမှတ်တံဆိပ်၊ Wah-Lah အမှတ်တံဆိပ်၊ XOXO အမှတ်တံဆိပ်) တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသောခေါက်ဆွဲခြောက်အမျိုးမျိုး၌ မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့အား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်ပါရှိမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း၌ စားသုံးရန်သင့်သော၊ ဘေးအန္တရာယ်ကင်းသောဟင်းခတ်အချိုမှုန့်များကိုသာ တင်သွင်းရောင်းချကြောင်းသိရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကုန်စုံဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း စားသောက်ကုန်စည်များတင်သွင်းရောင်းချရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များကိုသာ တင်သွင်းရောင်းချမှုပြုရန်နှင့် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော ခွင့်ပြုချက်မပါရှိသောကုန်စည်များကိုရောင်းချမှုမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်ရှိ လက်လီ/လက်ကားအရောင်းဆိုင်များတွင် ခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၀-၁၀-၂၀၂၃) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့၊ အမှတ်(၂)မြို့မဈေးရှိ လက်လီ/လက်ကားအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသောခေါက်ဆွဲခြောက်အမျိုးမျိုး (MAMEE အမှတ်တံဆိပ်၊ MAMA အမှတ်တံဆိပ်၊ Yum Yum အမှတ်တံဆိပ်၊ Shin Shin အမှတ်တံဆိပ်) တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်ရှိ လက်လီ/လက်ကားအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသောခေါက်ဆွဲခြောက်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒု-ဉီးစီးမှူးနှင့်ဝန်ထမ်းများ၊ အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဒေါက်တာဝင်းမြင့်သူနှင့်ဝန်ထမ်း (၂)ဦးတို့သည် (၁၈-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ Parbisure အမှတ်တံဆိပ် (IV/HV Injection)ဆေးနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အင်းမြို့နယ်အတွင်းရှိ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်နှင့်  မင်းကြီးလမ်း၊ အရှေ့ရွာမရပ်ကွက်တို့ရှိ ဆေးပစ္စည်းအမျိုးမျိုးနှင့် ဆေးဆိုင်များတွင် တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် DRC No. နှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ် (IV/HV Injection) ဆေးများကိုရောင်းချခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ နောင်တွင်လည်း ယခုကဲ့သို့ တရားမဝင်ဆေးဝါးများကိုရောင်းချခြင်းမပြုရန် ဆေးဝါးရောင်းချသူများကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - HighLight News