Main menu

HighLight News

Powered by Drupal

စားအုန်းဆီဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနိုင်ရေး ကွင်းဆင်းကြပ်မတ်

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့၊ နံနက်(၀၈;၃၀)နာရီအချိန်မှစ၍ မြန်မာနိုင်ငံဆီကုန်သည်များအသင်းနှင့် ကယားပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချလျက်ရှိသောစားအုန်းဆီတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ်ပြည့်မီမှုရှိ/မရှိကို မြို့နယ်စားအုန်းဆီနှင့် ဆန်ရောက်ရှိမှုစိစစ်ကြီးကြပ်ရေးအဖွဲ့ဖြင့်ပူးပေါင်း၍ ကွင်းဆင်းကြပ်မတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အောက်တိုဘာလ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ လက်ကားရည်ညွှန်းဈေးတစ်ပိဿာ (၄၇၂၅)ကျပ်အပေါ်အခြေခံ၍ အရောင်းဈေးထပ်ပေါင်းပြီး တစ်ပိဿာ (၅၃၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

   ထို့ပြင် စားအုန်းဆီများရောင်းချရာတွင် အချင်အတွယ်မှန်ကန်မှုရှိစေရေး၊ ဝန်ထမ်းများနှင့် ပြည်သူများလက်ဝယ်သို့ သက်သာသောနှုန်းထားဖြင့် အမှန်တကယ်ရောင်းချစေရေး၊ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် စားအုန်းဆီရောင်းချလျက်ရှိသော ဈေးကား(၂)စီးတို့အား မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက်သော်လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေးအတွက်သော်လည်းကောင်း၊ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ လွိုင်ကော်မြို့ပေါ်ရှိ TTH ကိတ်မုန့်ပေါင်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်တစ်ဦးမှာ မိမိထုတ်လုပ်သောကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားထည့်သွင်းဖော်ပြချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်သည်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ပြည်နယ်စားသုံးသူရေးရာဦးစီးမှူးရုံးသို့ လာရောက်ဆွေးနွေးခဲ့ပါသည်။  

  အဆိုပါတွေ့ဆုံဆွေးနွေးမှုအရ ပြည်နယ်ဦးစီးမှူးက စားသောက်ကုန်အမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ကို ထုတ်ပြန်ထားရှိကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာ‌ပေးခြင်းလုပ်ငန်းတို့ကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင်ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းစားသုံးသူရေးရာဦးစီးဌာနများမှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဌာနအနေဖြင့် စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခ စသည့်ကုန်ကျစရိတ်တို့ကိုကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

     စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်တို့ကို သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် ဆီစက်လုပ်ငန်းရှင်၊ မုန့်မျိုးစုံလုပ်ငန်းရှင်၊ ဆိတ်သားခြောက်လုပ်ငန်းရှင်၊ ငရုတ်သီးမှုန့်ငန်းရှင်၊ ခေါက်ဆွဲစက်လုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ မုန့်တီလုပ်ငန်းရှင်၊ လောင်စာတောင့်လုပ်ငန်းရှင်၊ ဆီးဖျော်ရည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၂၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

  ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် ဈေးကွက်အတွင်းရောင်းချနေသောစားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ (၃၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် သောက်ရေသန့်၊ အချိုရည်၊ စားသုံးဆီ၊ အသင့်စားမုန့်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်း၊ အသားနှင့်အသားထွက်ပစ္စည်းအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ စည်သွပ်အစားအစာအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ မှတ်ပုံတင်ခြင်းမရှိသောဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသောစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်တို့ကို ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများကလည်း သတ်မှတ်လိုင်စင်များရှိ/မရှိစစ်ဆေးပြီး လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များကို သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)   

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိ

  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊  စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း ကလေးခရိုင်အနေဖြင့် ကလေးဝမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မူလွန်ကျောင်းတွင်လည်းကောင်း၊ တမူးမြို့နယ်တာဝန်ခံရုံးမှ  မြို့မရပ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြုလုပ်သည့် Talk Show တွင်လည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးမှ ဇီးတောကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအားလည်းကောင်း၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျင်းပပြုလုပ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင်လည်းကောင်း၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ မုံရွာမြို့၊ SEC ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကျင်းပပြုလုပ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ကွန်ပျူတာသင်တန်းတွင်လည်းကောင်း၊  ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ စုစုပေါင်း (၁၁)ကြိမ် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးမှုများကိုလည်း ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ ကန့်ဘလူမြို့နယ်တဝန်ခံရုံးမှ (၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၇)ကြိမ်၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ (၂)ကြိမ်၊ ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ် စုစုပေါင်း (၂၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပြည့်စုံစွာပေးရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ပေါ်ရှိ ဌာနပေါင်းစုံ စားဖိုဆောင်ရာသီသီးနှံစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးဝင်းဇော်ထွန်း၊  ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့နယ်၊ လယ်စီအင်းမှ ဦးစီးအရာရှိ ဦးအောင်မင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၃၁-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝင်းများနှင့် ဝန်ထမ်းအိမ်ရာဝင်းများအတွင်း စားဖိုဆောင်သီးနှံတစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ ကျွန်းလှမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝင်းများနှင့် ဝန်ထမ်းအိမ်ရာဝင်းများအတွင်းရှိ မြေကွက်လပ်များတွင် မိမိတို့ဌာနရှိ ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားဖိုဆောင်သီးနှံများစိုက်ပျိုးခြင်းများဆောင်ရွက်ရန်နှင့် စားဖိုဆောင်ရာသီသီးနှံများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိရန် အထက်အဆင့်ဆင့်က ညွှန်ကြားထားပြီးဖြစ်ရာ စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးထားရှိမှုရှိ/မရှိ၊ စိုက်ပျိုးထားရှိသည့်စားပင်သီးပင်များ အောင်မြင်ဖြစ်ထွန်းမှုရှိ/မရှိနှင့် စိုက်ပျိုးရန် မြေနေရာရှိပြီး စိုက်ပျိုးထားခြင်းမရှိသည့်ဌာနများတွင် စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဌာနအလိုက် စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးထားရှိမှုအခြေနေကို အပတ်စဉ်စစ်ဆေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့တင်ပြရန်အတွက် ကွင်းဆင်းစစ်ဆေးရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)   

 

 

 

မုံရွာခရိုင်၏ (၁၀/၂၀၂၃) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံမှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိပါသည်။

    မုံရွာခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၁-၁၀-၂၀၂၃)ရက်နေ့တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ "ဒေါ်ထက်"ဆိတ်သားခြောက်လုပ်ငန်းရှင်အားလည်းကောင်း၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “T & C ” မုန့်မျိုးစုံလုပ်ငန်းရှင်အားလည်းကောင်း တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

(၁၀/၂၀၂၃)လ ကန့်ဘလူခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးနိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍  ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ် စသည်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစုစုပေါင်း (၄)ကြိမ်နှင့် ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အောက်တိုဘာလအတွင်း ကန့်ဘလူခရိုင်ဦးစီးမှူးရုံး၏ အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ ဈေးများနှင့် စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို (၃-၁၀-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၄) (အ.မ.က)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၂၅)ဦး၊ (၁၀-၁၀-၂၀၂၃) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ဇီးတောကျေးရွာ “အ.မ.က”ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၇၄)ဦး၊ (၁၉-၁၀-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ(၅)ဦးနှင့် (၂၇-၁၀-၂၀၂၃)ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး Talk Show (၂)ဦး၊ စုစုပေါင်းစားသုံးသူ (၂၀၆)ဦးတို့ကို အသိပညာပေးဟောပြောခဲ့ရာ တာဝန်ရှိသူများက စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ Online Sales လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ရမည့်နေရာများ၊ စားသုံးသူရေးရာနှင့်သက်ဆိုင်သည့် သတင်းအကြောင်းအရာများကို နေ့စဉ် ဖြန့်ဝေလျက်ရှိသည့် ဌာန၏ Website၊ Facebook Page နှင့် Consumer Call Center No. (1535) စသည်တို့ကို ဝင်ရောက်ကြည့်ရှုခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ (၁၀/၂၀၂၃) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆောင်ရွက်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဆောင်ရွက်မှုတွင် (၁၇-၁၀-၂၀၂၃)ရက်နေ့၌ ကန့်ဘလူမြို့ ၊ အမှတ်(၂)ရပ်ကွက်ရှိ “ဝေဝေခိုင်” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ (၂၀-၁၀-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့၊    ရှမ်းစုကျေးရွာ “မုန့်တီ” လုပ်ငန်းရှင်တို့ကို ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်(၂)ဦးအား မိမိတို့ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပြီး “ဝေဝေခိုင်”ကိတ်မုန့်လုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားရာ အထက်အဆင့်ဆင့်သို့တင်ပြခဲ့ကား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်မှုရှိကြောင်း အတည်ပြုထုတ်ပေးနိုင်ခဲ့ပြီး အခြားသောလုပ်ငန်းရှင်များကိုလည်း ဆက်လက်စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News