သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့်ပတ်သက်ပြီး စားအုန်းဆီများ ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေခြင်း၊ သိုလှောင်ထားခြင်း၊ အလေးအချိန်မှန်ကန်စွာရောင်းချခြင်းနှင့် စားသုံးသူပြည်သူတစ်ဦးလျှင် ၂၅ကျပ်သားသာရောင်းချနေခြင်းရှိ/မရှိတို့ကို စိစစ် ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ (၅-၁၁-၂၀၂၃) ရက်နေ့တွင် ဒေါ်အေးအေးမော် (ဒု-ကြီးကြပ်ရေးမှူး) နှင့် ဒေါ်မြတ်သက်နိုင် (အကြီးတန်းစာရေး) တို့က သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်၊ ဂဖူးကွေ့ဈေးနှင့် စံပြငမိုးရိပ်ဈေးတို့တွင်လည်းကောင်း၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့မဈေးတွင်လည်းကောင်း၊ တာမွေမြို့နယ်၊ တာမွေယာယီဈေးနှင့် ဒဂုန်ညွှန့်ဈေးတို့တွင်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးနှင့် နန္ဒဝန်ဈေးတို့တွင်လည်းကောင်း၊ စုစုပေါင်းဆိုင်ခန်း(၇)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ စားအုန်းဆီ ၁ပိဿာလျှင် (၄၈၀၀/၄၈၅၀/၄၉၀၀) ကျပ်နှုန်းတို့ဖြင့် (သယ်ယူစရိတ်ပေါ်မှုတည်၍) တစ်ဦးလျှင် ၅၀ကျပ်သား (သို့မဟုတ်) ၁ပိဿာစီကို စားသုံးသူများ၏ ဝယ်ယူမှု/လိုအပ်ချက်အပေါ်မှုတည်၍ ရောင်းချပေးနေကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)