ဆိပ်ဖြူမြို့၌ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီ (ဒုတိယဦးစီးမှူး) တို့သည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် (၁၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်နှင့် နေ့လယ်(၁:၀၀)နာရီအချိန်တို့တွင် ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေးအတွင်း၌ စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်(၇)ဆိုင်မှရောင်းချလျက်ရှိသော စားသုံးဆီနှင့်စားသောက်ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ မြို့နယ်စည်ပင်သာယာအဖွဲ့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထုတ်လုပ်ရောင်းချဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ ဈေးဆိုင်ပိုင်ရှင်များကို အခန်း(၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)အရ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာဖော်ပြကြရန်၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြခြင်းပါရှိသောကုန်စည်များကိုသာ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)