Main menu

HighLight News

Powered by Drupal

ညောင်ဦးမြို့နယ်၊ နောက်အုံကျေးရွာနှင့် ချောင်းရှည်ကျေးရွာရှိ ပဲကြော်လုပ်ငန်း၊ အာလူးကျော်လုပ်ငန်းနှင့် မကျီးပလိပ်၊ မကျီးတော်ဖီလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးဦးဆောင်၍ (၈-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာနှင့် ချောင်းရှည်ကျေးရွာများရှိ ပဲကြော်လုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့် မကျီးပလိပ်၊ မကျီးတော်ဖီလုပ်ငန်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်အညီ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။       အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား ဦးသန်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုခေါ်ဆိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်တို့ကို သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးကျင့်ဝတ်စည်ကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိ၏စီးပွားရေးတိုးတက်ဖို့တစ်ခုတည်းဖြင့် နည်းလမ်းမမှန်မကန်စီးပွားရှာမှုတို့ကိုရှောင်ရှားသင့်ကြောင်း၊ စားသုံးသူတို့ကို စိတ်စေတနာအပြည့်အဝထား၍ နည်းလမ်းမှန်ကန်စွာလုပ်ဆောင်ပေးပါက လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့လုပ်ငန်းနှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့်ကုန်အညွှန်းအမှတ်အသားများနှင့် သိရှိလိုသည့်အချက်အလက်တို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ကျောက်ဆည်မြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

      ကျောက်ဆည်ခရိုင်၊  စားသုံးသူရေးရာဦးစီးဌာနသည်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက်     စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့်   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၇-၁၀-၂၀၂၃)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ရှိ ပြည်တော်သာကျေးရွာနှင့် ပေါင်လောင်ကျေးရွာများသို့လည်းကောင်း၊ မြစ်သားမြိုနယ်ရှိ အနောက် လွန်ကျော်ကျေးရွာနှင့် အရှေ့လွန်ကျော်ကျေးရွာများသို့လည်းကောင်း၌ စားသုံးသူကာကွယ်ရေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ တက်ရောက်လာသည့် ကျေးရွာသူ / ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီး၏ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center ဖြစ်သည့် ( ၁၅၃၅ ) သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www. doca. gov. mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့  ကျေးရွာသူ/ ကျေးရွာသားစုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ကျေးရွာသူ/ ကျေးရွာသားများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

ကျောက်ဖြူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

     ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကုန်ပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာရေးဈေးကြီး၏ အတွင်း/အပြင်၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်ဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအေးကျော် (လ/ထ-ညွှန်ကြားရေးမှူး) တို့က မြို့မစည်ပင်သာယာရေးဈေးကြီး အတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသောဆန်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပုံမှန်ဈေးနှုန်းများထက်ပို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်      အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် ဦးအေးကျော်(လ/ထ-ညွှန်ကြားရေးမှူး) က ကုန်စုံဆိုင်ပိုင်ရှင်များအား လိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်များရောင်းချရာတွင် (FDA) ထောက်ခံချက်ရရှိသောကုန်စည်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုရောင်းချခြင်းမပြုလုပ်ရန်လည်းကောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ဗန်းမော်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၂-၁၀-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား‌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြ ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသော စားသုံးဆီအမျိူးမျိုးတို့တွင်  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များဖော်ပြထားမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးဆီအမျိုးမျိုးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများ၏ ဖော်ပြရန်သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များပါရှိသည့် စားသုံးဆီများကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့်ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာများ၊ စားသုံးဆီဘူးများ၊ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် မုန့်မျိုးစုံတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးးခဲ့ကြပါသည်။ ဆက်လက်၍ ရောင်းချသူဆိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ အဓိကထားရောင်းချကြရန်နှင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များ စသည်တို့ကိုလည်းရောင်းချခြင်းမပြုရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ  ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်တို့ကိုသိရှိစေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကသာမြို့၊ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိ/မရှိ လစဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး၊ ကသာမြို့နယ်တာဝန်ခံနှင့် ဌာနမှဝန်ထမ်းများသည် ကသာမြို့ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြေပဲဆီ/နေကြာဆီ/စားအုန်းဆီ စသည့်ဆီဘူးများအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ ညွှန်ကြားချက်(၁/၂၀၂၁)ပါ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) များတွင် ထည့်သွင်းဖော်ပြရမည့် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ အဓိကထားစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက ရောင်းချသူဆိုင်ရှင်များအား စားသုံးဆီများရောင်းချရာတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်ပစ္စည်းအမှတ်တံဆိပ်များကိုသာရောင်းချရန်မှာကြားခဲ့ပြီး စားသုံးဆီဘူးများတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များကို ဆိုင်ရှင်များအနေဖြင့် လေ့လာသိရှိနိုင်ရန်လိုအပ်သောကြောင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၌ ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၃-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ရွှေဘိုခရိုင်အသးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးရှိ ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင် (၁)ဦးနှင့် အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျရပ်ရှိ ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်(၂)ဦးတို့အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအကြောင်း၊ ဒု-ခရိုင်ဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ မုန့်မျိုးစုံတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများအကြောင်း၊ အသးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး  စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်းတွင်အသုံးပြုရန်အတွက် လုပ်ငန်းသုံးစားအုန်းဆီများထုတ်ပေးထားမှုအပေါ် အမှန်သုံးစွဲမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၌ ကိတ်မုန့်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၁-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကိတ်မုန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ မုန့်မျိုးစုံတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊  စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်းတွင်အသုံးပြုရန်အတွက် လုပ်ငန်းသုံးစားအုန်းဆီများထုတ်ပေးထားမှုအပေါ် အမှန်သုံးစွဲမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးကွက်မရောက်မီကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များသာမက ဈေးကွက်မရောက်မီကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၃-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်း၏ အလုပ်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသောကြောင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေတောင်မြို့နယ်ရှိ ကြာနီကန်ရပ်ကွက်၊ ကူကြီး (အ.မ.က) ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြော

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကူကြီး (အ.မ.က) ကျောင်း၌ (၉-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်မှ နံနက်(၁၁:၃၀)နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား(၈)ချက်တွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါငြိမ်းငြိမ်းသန့်က စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် ဒေါ်နွေးနွေးကလည်း ကျောင်းသား/ သူများအား ပုံပြင်ပြောကြားခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က ကိုယ်ခံအားကောင်းအောင် စားသုံးသင့်သောအစားအစာများအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြန်မာ့သိုင်း(၆၃)ကွက်ဖြင့် သရုပ်ပြခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်တို့ကို ညှင်းပန်းနှိပ်စက်မှုအကြောင်းများနှင့်ပတ်သက်၍ သိရှိစေရန် ကျောင်းသား/သူ(၁၃၂)ဦးအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News