ဂန့်ဂေါမြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေးမှုများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံမှုများပြုလုပ်ဆောင်ရွက်လျက်ရှိ
ဒေါ်ဇာဇာချိုဦးနှင့် အငယ်တန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့်အညီ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စားသုံးသူပြည်သူများသည် စားသုံးသူ၏တာဝန်များနှင့် အခွင့်အရေးများကိုသိရှိစေရန်အပြင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်လာစေရန် (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ “IDOL” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်းနှင့် ဇွန်လ(၂၀)ရက်နေ့တွင် စည်ပင်သာယာရပ်ကွက်ရှိ အ-လ-က(ခွဲ)ကျောင်းသို့သွားရောက်၍ ဆရာ/ဆရာမ(၃)ဦး၊ ကျောင်းသား/ကျောင်းသူ(၅၀)ဦးတို့ကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ပါသည်။
ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများတို့ကို ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ အသင့်စားမုန့်မျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို သိရှိစေရန်အတွက် မိမိတို့ဌာနသို့ တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသည့် ကုန်စည်များကိုတွေ့ရှိလာပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပါသည်။
အသိပညာပေးအနေဖြင့် ဌာန၏သမိုင်းကြောင်းနှင့် ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါဝင်သော စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ တိုင်ကြားခြင်းအကြောင်းနှင့် စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center No. (1535) သို့ခေါ်ဆို၍ သိလိုသည်များနှင့် တိုင်ကြားလိုသည်များကို တိုင်ကြားမေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)