Main menu

HighLight News

Powered by Drupal

ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များအား ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး ရည်ရွယ်၍ (၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်မြို့၊ နဝဒေးကားကြီးဝန်းရှေ့ရှိ ပိုင်ရှင်ဦးဇော်မင်းဦး၏ "Sun Light" စက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်မြို့၊ နဝဒေးရပ်ကွက်၊ မေမြို့၊ ပန်းလမ်းရှိ ဦးချစ်ကိုကို ထုတ်လုပ်လျက်ရှိသော ‘ဦးခင်မောင်ဝင်း’ ဆန်မရွေးလုပ်ငန်းသို့လည်းကောင်း၊ (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၄၅) နာရီအချိန်တွင် ပေါက်ခေါင်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပိုင်ရှင်ဦးကိုလတ်၏ ‘ဆာဝါဒီး’ စိုက်ပျိုးရေးပစ္စည်းသုံးအရောင်းဆိုင်သို့လည်းကောင်း၊ (၂၀-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့၊ သဖန်းချိုကျေးရွာရှိ ပိုင်ရှင်ဦးအောင်ဇော်လတ်၏ ‘အောင်ကံစု’ စက်သုံးဆီဆိုင်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍  ဆိုင်ရှင်များအား မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီများ၊ စိုက်ပျိုးရေးပစ္စည်းများနှင့် ဒေသတွင်းထုတ်လုပ်လျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့်အမျိုးအစားများဖြင့် မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၏ ပညာရေးဒီဂရီကောလိပ်အတွင်း ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို (၁၈-၆-၂၀၂၃) ရက်နေ့ ၊ နံနက် (၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    ထိုမိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးမှူး ဦးမင်းဆွေနှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနနှင့် ပြည်ခရိုင်မှ သစ်တောဝန်ထမ်းများ၊ စုစုပေါင်းအင်အား (၅၀၀) ဦးခန့်တက်ရောက်ကြပါသည်။ မိုးရာသီသစ်ပင်များစိုက်ပျိုးရာတွင် ပညာရေးဒီဂရီကောလိပ်၏ နယ်နိမိတ်တွင် လေကာတန်းအဖြစ် ရတနာတန်းဝင်ဖြစ်သည့် ကျွန်း၊ ပျဉ်ကတိုးနှင့် ကြီးမြန်သစ်ပင်ဖြစ်သော မန်ဂျန်ရှားအပါအဝင် စုစုပေါင်းအပင် (၉၂၀) ပင်ကိုစိုက်ပျိုးခဲ့ပြီး ပညာရေးဒီဂရီကောလိပ်အတွင်း လမ်းဘေးဝဲယာတွင် အရိပ်ရပန်းအလှပင်များဖြစ်သည့် ကံ့ကော် (၁၀၃) ပင်၊ ခရေ (၁၅၈) ပင်၊ တမာ (၁၃၁) ပင်၊ စုစုပေါင်း (၃၉၉) ပင်စိုက်ပျိုးခဲ့ပြီး အပင်စုစုပေါင်းမှာ (၁၃၁၁) ပင်ကို စုပေါင်း၍စိုက်ပျိုးကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်တွင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပန်းတောင်းမြို့နယ်၌ (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် မူလွန်(ကြခတ်) ကျောင်းနှင့် နေ့လယ်ပိုင်းတွင် မူလွန်(သူရဲဇီး)ကျောင်းတို့သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်၌ (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အ-လ-က (မယားမာန်)၊ နေ့လယ်ပိုင်းတွင် မူလွန်(အိုးထိန်းကုန်း)နှင့် (၁၄-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အ-မ-က (လက်ခုတ်တန်း) ကျောင်းတို့သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ (၁၆-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အ-ထ-က (မြို့မ) ကျောင်းသို့လည်းကောင်း၊ ပြည်မြို့နယ်၌ (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် မူလွန်(မြတ်လေးရုံ)ကျောင်းသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပူးပေါင်းမိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူသွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စုစုပေါင်းကျောင်း (၇)ကျောင်းတွင် ကျောင်းသား/သူစုစုပေါင်း (၅၅၁) ဦးတက်ရောက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့်ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသောကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီးနောက် စားသုံးသူအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာဖော်ပြစေရေးအတွက် အသိပညာပေး Talk Show ပြုလုပ်

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သီပါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၎င်းဌာနရှိ လူထုဗဟိုပြုဌာန (Community Center) ၌ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ Talk Show  ဆွေးနွေးပွဲတွင် သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်နီလာစိုး(ဦးစီးအရာရှိ)က ပထမဦးစွာ Talk Show ဆောင်ရွက်ခြင်း၏ ရည်ရွက်ချက်များကိုပြောကြားခဲ့ပါသည်။ ထို့နောက် သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒေါ်လင်းလင်းထွန်း(ဒုတိယဦးစီးမှူး)က “ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာဖော်ပြစေရေးအတွက် အသိပညာပေး”ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများနှင့် ဘေးအန္တရယ်မဖြစ်စေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ကုန်စည်များတွင် သတ်မှတ်ထားသည့်ကုန်ညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်းရမည့်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်နှင့် စားသုံးသူများအနေဖြင့်လည်း ကုန်စည်များဝယ်ယူရာတွင် ကုန်ညွှန်းအမှတ်အသားများကို သတိပြု၍ဖတ်ရှုတတ်သည့် အလေ့အထကောင်းများရရှိစေနိုင်သည့်အပြင် မိမိတို့၏လိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်ကို ရွေးချယ်ဝယ်ယူနိုင်စေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် “ကုန်စည်လုံခြုံစိတ်ချရမှုအစ၊ ကုန်ညွှန်းအမှတ်အသားက” ဟူသော ဆောင်ပုဒ်နှင့်အညီ လိုက်နာမှုမရှိလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း သိရှိလိုက်နာဆောင်ရွက်စေရေးအတွက် Talk Show  အစီအစဉ်တွင် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

သီပေါမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများအား မိုးသီးနှံချေးငွေများစတင်ထုတ်ပေး

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၃ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်များကို မေလ (၁၈) ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်တွင်လည်း ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရှိရပါသည်။

  သီပေါမြို့နယ်၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က ယမန်နေ့နံနက်ပိုင်းတွင် နားမခေါ်ကျေးရွာအုပ်စုမှ တောင်သူ(၂၅၉၆)ဦးအား စပါး(၅၀၆၈)ဧက၊ ပြောင်း(၁၁၁၁၉)ဧကစိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေ ကျပ်(၂၇၉)သိန်းကိုထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ မေလ(၁၈) ရက်နေ့မှ ဇွန်လ(၁၆) ရက်နေ့အထိ ကျေးရွာ(၂၇)အုပ်စုမှ တောင်သူများအား ငွေကျပ်(၁၈၇၂၁)သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသောကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူများအား နေ့ရက်အလိုက် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

   ထိုသို့ထုတ်ချေးပေးရာတွင် စပါးစိုက်ခင်းတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကာ ၂၀၂၂ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အကျေပေးသွင်းပြီးသည့်တောင်သူများအား ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ခုနှစ်၊ မိုးသီးနှံချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၏ မန်နေဂျာထံမှသိရှိရပါသည်။

DOCA(ရှမ်း)

                                               

သီပေါမြို့နယ်၊ လူထုအခြေပြုဗဟိုခန်းမတွင် Online Shopping နှင့်ပတ်သက်၍ စားသုံးသူများအား အသိပညာပေး

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၉-၆-၂၀၂၃) ရက်နေ့တွင် သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် (၉း၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (BookClub)၊ အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့ရသည့်အချက်များကို အသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်နီလာစိုး (ဦးစီးအရာရှိ)က အသိပညာပေးဆွေနွေးပွဲပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ‌ဒေါ်လင်းလင်းထွန်း(ဒုတိယဦးစီးမှူး)က Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့ရသည့် အချက်(၇)ချက်တို့ကို အသေးစိတ်အသိပညာပေးဆွေးနွေးခဲ့ရာ Club အဖွဲ့ဝင်များဖြစ်ကြသော ဌာနဆိုင်ရာများ၊ စာပေဝါသနာရှင်များ၊ ဆွေးနွေးပွဲတက်ရောက်သူများကလည်း သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

တရုတ်လှကျေးရွာ၊ ဘားအံမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် (၂၆-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် တရုတ်လှကျေးရွာ၊ ဘားအံမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းနှင့် စားသုံးသူများအပြည့်အဝရရှိနိုင်ရန်နှင့် စားသုံးသူတို့၏နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ရန်အတွက် စားသုံးသူပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ကိုလည်းဖွင့်လှစ်ထားလျက်ရှိကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာတွင် မည်သူများက တိုင်ကြားနိုင်ကြောင်းနှင့် မည်သည့်ကိစ္စများကိုမူ ဖြေရှင်းဆောင်ရွက်မပေးနိုင်ကြောင်းကို ကုန်စည်နှင့် ဝန်ဆောင်မှုအမျိုးအစားအလိုက် အကျယ်တဝင့်အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲတွင် စုစုပေါင်းဦးရေ (၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ဆိပ်ဖြူမြို့နယ်၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးကာ အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် (၁၉-၆- ၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ကိုးတောင့်အုပ်စု၊ သံဇလုံကျေးရွာရှိ “ဝင်း” အမှတ်တံဆိပ် ဆပ်ပြာရည်လုပ်ငန်းရှင် ဒေါ်ချိုထံသို့သွားရောက်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြလာစေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရောင်းချဖြန့်ဖြူးရန်၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ဆပ်ပြာရည်ပုလင်းများတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊  ထားသိုသိမ်းဆည်းခြင်းနှင့် သုံးစွဲရန်နည်းလမ်းများကို ပြည့်စုံစွာဖော်ပြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာစေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဆင်ဖြူကျွန်းမြို့မဈေး၌ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေး

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉-၆-၂၀၂၃) ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မဈေးမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ဈေးသူ/ဈေးသားများနှင့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)က ဈေးသူ/ဈေးသားများနှင့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်နှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးရန်မသင့်ဟု တားမြစ်ထားသောစားသောက်ကုန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များကို ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်၊ စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိတို့ကို မိမိတို့တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း  အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦး‌ဝေဠုအောင်၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် (၁၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင် (၃) ဆိုင်သို့သွားရောက်၍ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စက်သုံးဆီရောင်းချလျက်ရှိသော တောင်ဇလပ်၊  Petro Top၊ New Day  ဆီဆိုင်များသို့ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိစေရန်အတွက် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ် ရောင်းချနေသောဈေးနှုန်းများကိုလည်းဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ၊ ချောဆီများတင်သွင်းရောင်းချခြင်းမပြုစေရေး၊ ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - HighLight News