ညောင်တုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုခန်းမတွင် Talk Show ဆောင်ရွက်
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၀.၆.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်ပေးခြင်းနှင့်ပတ်သက်သော အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့် တောင်းဆိုနိုင်သည့်အခွင့်အရေးများရှိပါက သိရှိလို၍ ရှင်းလင်းဆွေးနွေးပေးကြပါရန် မေးမြန်းရာ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ယခင်အပတ်တွင် Online Shoping ရောင်းချမှုနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန်အလို့ငှာ ရှင်းလင်းပြောကြားခဲ့ပြီး ယခုအပတ်တွင် စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့်ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုဖြစ်သည့် ကုန်စည်များတွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရမည်ဖြစ်ပြီး ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များတွင် ပါဝင်ရမည့်အချက်အလက်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီးနောက် စီးပွားရေးလုပ်ငန်းရှင်သည် ပုဒ်မ၂၃၊ ၂၆အရ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အသုံးပြုနိုင်ရန် ကုန်စည်ကို အရည်အသွေးပြည်မီအောင် ထုတ်လုပ်ခြင်းမပြုလျှင်ဖြစ်စေ၊ သတင်းအချက်အလက်ပြည်စုံစွာဖော်ပြခြင်းမရှိလျှင်ဖြစ်စေ စားသုံးသူသည် အချက်အလက်တစ်ရပ်ရပ်ကို တောင်းဆိုပိုင်ခွင့်ရှိသည့်အကြောင်းကို စားသုံးသူပြည်သူများသိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးကာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ ကုန်အညွှန်းနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုပါ စားသုံးသူပြည်သူများအသေးစိတ်သိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)