Main menu

HighLight News

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       (၂၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် အမှတ် (၂၄၂)၊ ဒါးပိန်လမ်းခွဲ၊ ပြည်တော်သာရပ်ကွက်၊ လှည်းကူးမြို့နယ်ရှိ ဟနာ့ခရက်လုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်းရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်း ရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် (၂၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၁:၅၀) နာရီအချိန်တွင် အင်းစိန်မြို့နယ် လှိုင်မြစ်လမ်းပေါ်ရှိ One Stop Mart သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် One Stop Mart သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူမှ မိမိတို့ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများ၊ အသင့်သောက်အချိုရည်များ၊ အရန်သင့် အစားအစာများ အဟာရဖြည့်စွက်စာများ၊ လူသုံးကုန်ပစ္စည်းများ၊ သွားတိုက်ဆေးများ၊ ဆပ်ပြာအမျိုးမျိုးတို့ တွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များအား မြန်မာလိုရေးသား ဖော်ပြထားပြီး အလေးချိန်တို့သည် ဂရမ်ဟုဖော်ပြထားကြောင်း၊ ဈေးနှုန်းလည်း ယခင်အပတ်ထက် မြင့်တက်နေခြင်းမရှိဘဲ ပစ္စည်းများလည်း ပြတ်လပ်မှုမရှိပါကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များလည်းပါဝင်ပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသောပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ‌ရန်၊ ထုတ်ကုန်လုံခြုံစိတ် ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိကျော်ဇောသူမုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းသို့  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ကျွန်းလှမြို့မရဲစခန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့ဖြင့်  သွားရောက် ကွင်းဆင်း၍  ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျော်ဇောသူမုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းမှ  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစား၊ အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင် ကိုက်ညီမှု ရှိ/မရှိ အခြေအနေတို့ကို စစ်ဆေးရာတွင် မိမိတို့ စားသုံးသူ‌‌ရေးရာဦးစီးဌာနအတွင်း ကုန်အညွှန်းအမှတ်အသား လျှောက်ထားသည့်  စာလေးခွေကြော်၊ ပဲခွေကြော်၊ မုန့်စကြာကြော်၊ ပဲလွန်းပြာကြော်၊ ငါးမှုန့်ကြော်နှင့် ဗရာကြော် အထုတ်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ အသေးစိတ်စိစစ်ချက်များအတိုင်း မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည်ကို စိစစ်တွေ့ရှိခဲ့ရပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားလာသည့် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ နယ်မြေ(၁၃)ရှိ CMMK (ချစ်မို့ပိုးထည်၊ ချည်ထည်)လုပ်ငန်းသို့ ကွင်းဆင်း မြေပြင်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ မြေပြင်စစ်ဆေးခဲ့ရာတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြထားသည့်  အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု့ရှိ၊ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက CMMK (ချစ်မို့ပိုးထည်၊ ချည်ထည်) အွန်လိုင်းလုပ်ငန်းရှင်အား ၅၀/၂၀၂၃ နှင့် ၅၁/၂၀၂၃ အမိန်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အာဟာရဖြည့်စွက်စာအမျိုးမျိုးအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်၊  မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်  အာဟာရ ဖြည့်စွက်စာများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ DUMEX DUPRO အမှတ်တံဆိပ် နွားနို့ကိုအခြေခံ၍ ထုတ်လုပ်ထားသော ကလေးငယ်ဖော်စပ်စာအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အာဟာရဖြည့်စွက်စာများကို ရောင်းချရာတွင် အတုအပများကို သတိပြုရောင်းချသွားရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မဈေးရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နံနက် ၀၉:၀၀ နာရီအချိန်တွင်  ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်  ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုး မျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များကို သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိနားလည်းထားရန်နှင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက် နံနက်(၁၁:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်မှ အမှတ်(၃)ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီလက်လီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စား လှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၃၆)ပေပါ(သို့) (၃၉၆၀)ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိ သောစားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်၏ (၁၁/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

        ရွှေဘိုခရိုင်အနေဖြင့်(၁၁/၂၀၂၅)လအတွင်း ခရိုင်ဦးစီးမှူး။ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြမိုးကျော်ဆေးဆိုင်အားလည်ကောင်း၊ အမှတ်(၆)ရပ်ကွက်ရှိ ဦးအောင်မြင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဒေါ်ကြင်မိ ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အားလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးတောင်ရပ်ရှိ အောင်ဆုပန်အမှတ်တံဆိပ် ပဲချောင်းထုတ်လုပ် ဖြန့်ဖြူရောင်းချသည့်လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြသည့်အပြင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ U9ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News