Main menu

HighLight News

Powered by Drupal

ဒေးဒရဲမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြီးကြပ်ခြင်း

          ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်(၁၉.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
       ထိုသို့ ကွင်းဆင်းကြီးကြပ် စစ်ဆေးရာတွင် ဒေးဒရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာ‌‌ရေးဦးစီးဌာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မြို့ပေါ် ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများကိုပုံမှန်‌ရောင်းချခြင်းများ ရှိ/ မရှိကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြောင်း၊ စက်သုံးဆီများရောင်းချမှု ရပ်တန့်မှုမရှိ‌စေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးကိုဆွေးနွေးခဲ့ကြောင်း သိရသည်၊၊ ဒေးဒရဲမြို့တွင် ဓာတ်ဆီ၊  ဒီဇယ်၊ ပရီမီယံရောင်းချရာတွင် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများ ရှိ/မရှိနှင့် သိုလှောင်ထားခြင်းမျိုး မပြုလုပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင် စားအုန်းဆီအရာင်းဆိုင်များသို့ ကွင်းဆင်းခြင်း

         ဖျာပုံခရိုင်၊‌ ဒေးဒရဲမြို့နယ် စားသုံးသူ‌ရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် စည်ပင်သာယာ‌ရေးဦးစီးဌာန၊ သက်ဆိုင်ရာအသင်းအဖွဲ့နှင့် ပူး‌ပေါင်း၍(၂၀.၃.၂၀၂၆)ရက်နေ့၊‌ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့မဈေးနှင့်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား‌ဈေးကွက်‌စောင့် ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
         ထိုသို့ကွင်းဆင်းရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်အလို့ဌာ သိုလှောင်ထားမှုမရှိစေရေးနှင့်‌ ဈေးနှုန်းဈေးကွက်အခြေအနေများကိုပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန် ပြည့်/ မပြည့်၊ ခွဲတမ်းရစားအုန်းဆီများအား ပြည့်ဝစွာရောင်းချခြင်းရှိ/ မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရေး ရောင်းချရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းနှင့် ရောင်းချသူအမည်တို့ ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ) 

“ဇေယျာတိုး” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်‌‌ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၉) ရပ်ကွက်ရှိ “ဇေယျာတိုး” ဆန်စက်သို့  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် “ဇေယျာတိုး” ဆန်စက်အနေဖြင့်  ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ အလေးချိန် အချိန်အတွယ် ပြည့်ဝစွာဖြင့် ထုပ်ပိုးမှုအခြေအနေ၊ တံဆိပ်ရိုက်နှိပ်ထားရှိမှုအခြေအနေ၊ ဈေးကွက်အတွင်းတင်ပို့ရောင်းချသည့် ဈေးနှုန်းဈေးကွက်အခြေအနေ၊ ဆန်စက်လည်ပတ်ရာမှ ထွက်ရှိလာသော အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ထားရှိမှု အခြေအနေတို့ကို ထုတ်ကုန်ထုတ်လုပ်ရာတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အိုင်သပြုအုပ်စု  ဝက်ဆင်းအိုင်ကျေးရွာတွင်  ပြည်သူအသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၉.၃.၂၀၂၆) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ် အိုင်သပြုအုပ်စု၊ ဝက်ဆင်းအိုင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌ ပြည်သူ(၁၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက် များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ လုပ်ငန်းရှင်များအား အသိပညာပေး

              အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပ လိမ်လည်ရောင်းချခြင်းများမရှိစေရန်၊ Online Shopping များနှင့်ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့ ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင် ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်နှင့် အာမခံချက်များ ပေးအပ်ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသော အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိစေမှာဖြစ်ပါသည်။ ရောင်းသူ/ဝယ်သူ အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ် ဖြင့်ရောင်းချခြင်းကို ဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများအား စားအုန်းဆီဖြန့်ဝေရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၉.၃.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စားအုန်းဆီစာအုပ်ဖြင့်ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေး၊ အလေးချိန်၊ အကြိမ်အရေအတွက် မှန်ကန်မှုရှိ/ မရှိနှင့် ကဇင်းကြီးအုပ်စုနှင့် မဲကုန်းအုပ်စုရှိ အိမ်ထောင်စုများအားလည်း ဆီစာအုပ်၊ ဆီရရှိမှု အခြေအနေအား မြေပြင်ကွင်းဆင်း စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကြံခင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်း ရှိ/ မရှိ၊ ဆီဝယ်စာအုပ်ဖြင့်ရောင်းချထားမူ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့် တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဦးစားပေးကဏ္ဍအဖြစ် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်အတွင်းရှိ စစ်ဆေးရေးအရာရှိများသည် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ကို ဦးစားပေးကဏ္ဍအဖြစ်သတ်မှတ်ပြီး သတ်မှတ်ကာလအလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (၁၆.၃.၂၀၂၆)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းနှင့်(၁၇.၃.၂၀၂၆)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးအခြေအ‌နေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/ မရှိ၊ ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလို အပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ‌ဆောင်ရွက်ထားမှုအခြေအနေနှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား စစ်ဆေးခဲ့ပါသည်။

       ထို့အပြင် ဟင်္သာတခရိုင်အတွင်းရှိ စစ်ဆေးရေးအရာရှိများသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း တာဝန်ခံများနှင့် တွေ့ဆုံ၍ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်ခြင်း၊ ယာဉ်မောင်းများ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်းမပြုစေရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေး ကြို တင်အသိပေးချက်များ၊ အာမခံချက်များ ထားရှိရမည်ဖြစ်ပြီး၊ ကုန်စည်တန်ဆာပေးပို့ရာတွင် ပြေစာ၌ စည်းကမ်းချက်များ၊ လိပ်စာ၊ ဖုန်းနံပါတ်အပြည့်အစုံ ဖော်ပြထားသော ကုန်စည်များကိုသာ လက်ခံဆောင်ရွက်စေရေးနှင့် စားသုံးသူများနစ်နာမှုမရှိစေရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အခြေခံစားသောက် ကုန်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မတ်လ(၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် အများပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဖြူ/နီ နှင့် အသင့်စားခေါက်ဆွဲခြောက်ထုပ်၊ လဖက်ရည်၊ ကော်ဖီထုပ် များအစရှိသည့် အခြေခံစားသောက်ကုန်များအား သင့်တင့်မျှတသောဈေးဖြင့် ရောင်းချနေမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပေး(သတိပေး)ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် လုပ်ငန်းရှင်များအား Online Sales ကိစ္စရပ်များ အသိပညာပေးဟောပြောခြင်း

          ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ လုပ်ငန်းရှင် (၉) ဦးအား Online Sales ကိစ္စရပ်များ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက ယခုခေတ်သည် Social Media Internet ကို အသုံးပြု၍ မိမိတို့ရောင်းချလိုသော ပစ္စည်းများကို online မှ အလွယ်တကူရောင်းချနိုင်နေပြီဖြစ်၍ လုပ်ငန်းများကို စနစ်တကျ အခိုင်အမာဖြင့် online စနစ်ရောင်းချခြင်းများကို မှတ်ပုံတင်ထားပါက စားသုံးသူနှင့်စီးပွားလုပ်ငန်းရှင်များအကြား  အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များ ပေါ်ပေါက်လာပါက ပြန်လည်ခုခံကာကွယ်နိုင်ခြင်း၊ မှတ်ပုံတင်ထားပါက တရားဝင်လုပ်ကိုင်နိုင်သည့်အပြင် အပြိုင်အဆိုင်စီးပွားရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက  စားသုံးသူများ၏ ယုံကြည်မှုပိုမိုရရှိနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရရှိပါသည်။

DOCA(ဧရာဝတီ)

ကောင်းရွှေပြည်‌သော်ဆန်စက်ရှိ လုပ်သားပြည်သူများအား စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြော 

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၆ ခုနှစ်၊ မတ်(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်‌ ကောင်းရွှေပြည်‌သော်ဆန်စက်ရှိလုပ်သားပြည်သူ(၁၉)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာ၀န်ခံက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍  အသိပညာပေးဟောပြောခဲ့ပြီး  စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများသာမက ကုန်စည်၀န်ဆောင်မှု ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်သိရှိလိုသည်များကိုမည်သူမဆိုcallcenter1535သို့မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News