Main menu

HighLight News

Powered by Drupal

ရေနံချောင်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(လှည်းတန်း)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံသည်(၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရေနံချောင်းမြို့နယ်၊ အိုးဘိုရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကျောင်း(လှည်းတန်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

          ရေနံချောင်းမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ(၄၁)အရ ကုန်စည် တစ်ခုတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့် ပါဝင်ရမည့် အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းက ကလေးအလုပ်သမားပပျောက်ရေးအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းက ရာသီတုတ်ကွေးအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရေနံချောင်းမြို့မဈေးအတွင်း စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံသည် (၁၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၄၅)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ရေနံချောင်းမြို့မစျေးအတွင်း ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင် များတွင် သတ်မှတ်ရည်ညွှန်းစျေးထက်ကျော်လွန်၍ စျေးနှုန်းကြီးမြင့်ရောင်းချခြင်းရှိ/မရှိနှင့် ဘူးသွပ် ဆီများတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDAထောက်ခံချက်ပါရှိခြင်းရှိ/မရှိတို့အား စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ဈေးနှုန်းကြီးမြင့် ရောင်းချခြင်းမရှိကြောင်း၊ ဘူးသွပ်ဆီများများတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံ ချက်ပါရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းအရာ (၈)ချက်အားလည်းကောင်း၊ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့်  အချက်(၁၁)ချက်အားလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်ရှိ အငယ်စားမုန့်လုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဝန်ထမ်းများသည် (၂၀.၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်ရှိ MSMEs လုပ်ငန်းများမှ ကောင်းဦးထက် မုန့်လုပ်ငန်းသို့သွားရောက်၍  လုပ်ငန်းလည်ပတ်မှု၊ ကုန်ကြမ်း ဝယ်ယူရရှိမှု၊ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

             ၂၀၁၉ခုနှစ်တွင် ပေါင်မုန့်ဖုတ်စက် (၁)လုံး၊ ကိတ်မုန့်ဖုတ်စက်(၁)လုံးဖြင့် လုပ်ငန်းစတင် လည်ပတ်ခဲ့ပြီး အရင်းအနှီးအနေဖြင့် ကျပ်သိန်း(၅၀)ခန့်ကုန်ကျကြောင်း သိရသည်။  ယခုအချိန်တွင် လုပ်ငန်းမှာအောင်မြင်ဖြစ်ထွန်းလာသောကြောင့် ပေါင်မုန့်ဖုတ်စက်(၂)လုံး၊ ဓါးလှီးစက်(၁)လုံး၊ ပါကင် ပိတ်စက်(၁)လုံးတို့ဖြင့် တိုးချဲ့လုပ်ကိုင်လည်ပတ် လျက်ရှိပါသည်။ ပေါင်မုန့်ပြုလုပ်ရာတွင် လိုအပ် သောကုန်ကြမ်းများဖြစ်သည့် ဂျုံ၊ နို့မှုန့်၊ သကြား နှင့်ပွဆေးတို့ကို  မန္တလေးမြို့မှအဓိကဝယ်ယူ ကြောင်း၊ လုပ်သားအင်အားမှာ (၁၃)ဦးရှိပြီး  တစ်ဦးလျှင် တစ်ရက်လုပ်အားခ ကျပ်(၈၀၀၀-၁၀၀၀၀) ခန့်ပေးရကြောင်း၊ တစ်ရက်လျှင်  ဂျုံ(၂၅)ပိဿာပါ (၅)အိတ်ခန့်ကုန်ကျပြီး ပေါင်မုန့်အလုံးရေ (၇၅၀၀)ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ပေါင်မုန့်ပြုလုပ်ရာတွင်  ဂျုံ(၅)အိတ်လျှင် သကြား(၃)အိတ်နှင့် အခြားပါဝင်ပစ္စည်းများ အချိုးအစားညီမျှအောင်ထည့်၍ သမအောင်မွှေရပြီး ရရှိလာသောမုန့်အနှစ် များကို (၄၀)ဂရမ်မုန့်အလုံးများဖြစ်အောင် ပိုင်းဖြတ်ကြောင်း၊ ထို့နောက် ၎င်းမုန့်လုံးများကို ဗန်းထဲ ထည့်၍ မုန့်ဖုတ်စက်အတွင်းထည့်ကာ မီးအပူချိန်ညှိ၍ မုန့်ဖုတ်ကြောင်း၊ ထွက်ရှိလာသောပေါင်မုန့် များအား ဓါးခွဲစက်ထဲသို့ထည့်ပြီး နှစ်ခြမ်းခွဲ၍ အသင့်ပြုလုပ်ထားသော ရွှေကြည်အနှစ်အား အစာသွပ်ပြီးပါကင်ထုတ်ပိုးကြောင်း၊ ပါကင်ထုတ်ပြီးသော ပေါင်မုန့်ထုပ်များအား (၁၀)ထုပ်ပါ အထုပ် ကြီးတစ်ထုပ်လျှင် လက်ကားဈေး ကျပ်(၄၅၀၀)ဖြင့် မကွေးမြို့နှင့် အောင်လံမြို့ပေါ်ရှိ လက်ကား ဆိုင်များသို့အဓိကတင်ပို့ပြီး ၎င်းဆိုင်များမှတဆင့်  အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။  ကုန်ကျစရိတ်အနေဖြင့် တစ်ရက်လျှင် ကျပ်(၂၇)သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ် အနေဖြင့် တစ်ရက်လုပ်အားခနှုတ်ပြီး ကျပ်(၅၇၁၀၀၀) ခန့်ရရှိကာ ကျောင်းဖွင့်ရာသီနှင့်သီးနှံပေါ်ချိန် များတွင် ပေါင်မုန့်မှာ အရောင်းပို၍သွက်လျက်ရှိပြီး လုပ်ငန်းအတွက်အဓိကလိုအပ်သော လုပ်ငန်းသုံး ဆီ(စားအုန်းဆီ)များအား စားသုံးသူရေးရာဦးစီးဌာနမှ ကူညီချိတ်ဆက်ဆောင်ရွက်ပေးမှုကြောင့် လုပ်ငန်းမှာ စဉ်ဆက်မပြတ်လုပ်ကိုင်နေရ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရွှေကယားသောက်ရေသန့်စက်ရုံ၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ( ၂၁ ) ရက်နေ့၊ နေ့လယ်( ၁၂:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း( ၂ )ဦးသည် လွိုင်ကော်မြို့၊  ရွှေကယားသောက်ရေသန့်စက်ရုံရှိ ဝန်ထမ်း စုစုပေါင်း( ၁၅ )ဦးကို  စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးကျော်ဇင်ထွေးမှ စားသုံး သူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးရာတွင် စားသုံးသူ၏အခွင့်အရေးနှင့် လိုက်နာ ရမည့်တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စား သုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ Ooredoo၊ Telenor၊ Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်း နိုင်ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့် ဈေးဆိုင်များအား အသိပညာပေး

           စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း မုံရွာမြို့၊ ကန်သာယာဈေးမှ ရောင်းချသော အစားအသောက် နမူနာများ ကောက်ယူခဲ့ပြီး ဓါတ်ခွဲစစ်ဆေးခဲ့ရာ အစားအသောက်နမူနာ(၆၀)မျိုးအနက် မျှစ်ဝါ(၃)မျိုး နှင့် ငရုပ်သီးအရောင်တင်မှုန့်နမူနာ (၉)မျိုးတို့တွင် ခွင့်မပြုဓာတုဆိုးဆေးများ သုံးစွဲထားပြီး ပဲပြား  နမူနာ(၁)မျိုးနှင့် ပဲသွေးနမူနာ(၁)မျိုးမှာ ခွင့်မပြု တာရှည်ခံပစ္စည်းများ သုံးစွဲထားသည်ကို စစ်ဆေး တွေ့ရှိကြောင်း သိရှိရ၍  စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မိမိမြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် ရောင်းချသည့် ဈေးသည်များအား ခွင့်မပြုဓာတုတာရှည်ခံပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှု မရှိစေရေး ဌာနဆိုင်ရာအဖွဲ့စုံဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် အကြောင်းကြားမှုပြုသဖြင့် စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ခရိုင်ရဲတပ်ဖွဲ့မှုးရုံး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် စစ်ကိုင်းမြို့၊ မြိုမဈေးအတွင်း စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့် ဈေးဆိုင်များအား စစ်ဆေး ခြင်း၊ ဈေးသည်များအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

             ဌာနဆိုင်ရာအဖွဲ့စုံမှ တာဝန်ရှိသူများသည် စားသောက်ကုန်ပစ္စည်းများရောင်းချသည့် ဈေးဆိုင် များအား ခွင့်မပြုဓာတုတာရှည်ခံပစ္စည်းများ အသုံးပြုထားသည့် အစားအသောက်များ ရောင်းချခြင်း မပြုရန် စစ်ဆေးပညာပေးခြင်း၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့် ဈေးသည်(၁၅)ဦးအား ခေါ်ယူတွေ့ဆုံ၍ ခွင့်မပြုဓာတုဆိုးဆေးများနှင့် ခွင့်မပြုတာရှည်ခံပစ္စည်းများ အသုံးပြုထားသည့် အစားအသောက်များ ဈေးအတွင်း ရောင်းချမှုမရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ရှင်းလင်း အသိပေးမှုအပေါ် သိရှိကြောင်း သတိပေးမှတ်တမ်းတင်လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်စက်လုပ်ငန်းရှင်အားတွေ့ဆုံဆွေးနွေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ (၂၀.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့သည် ရွှေဘိုမြို၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဧကရာဇ်ဆန်စက်လုပ်ငန်းရှင် (စက်မှုဇုန်ဥက္ကဌ)အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

              ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့် မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်(ဆန်ရည်ညွှန်းဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ ပြည်တွင်း ဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ် မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ myroတွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက် များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပြီး ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ပေါ်ရပ်ကွက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်တာဝန်ခံသည်  (၂၁.၂.၂၀၂၅)ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်း ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များရှိ ငရုတ်ဆီ နှင့် အချဉ်ရည်အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ၎င်ဆိုင်များတွင် ရောင်းချနေသည့် ငရုတ်ဆီ နှင့် အချဉ် ရည်အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိ ရသည့်အတွက် ကျွန်းလှမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ငရုတ်ဆီနှင့် အချဉ် ရည်အမျိုးမျိုးတွင်  ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အ‌ရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ် စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့် အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေ‌‌သော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No - 1535 သို့ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ  အသိပညာပေးဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ “မိသားစု” ဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၀၈း၃၀) အချိန်တွင် ကျီကုန်းစံပြကျေးရွာရှိ “မိသားစု” ဆီစက် လုပ်ငန်း ရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာ ပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ကျွန်းလှမြို့နယ်တာဝန်ခံဒေါ်ဝေဝေအောင် က ဆီသည် လူများနေ့စဉ်စားသုံးရသော စားသုံးဆီဖြစ်သည့်အတွက် ဆီများ ထုတ်လုပ် ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စေရေးတို့အတွက်“မိသားစု” ဆီစက်လုပ်ငန်းမှ ဆီများကြိတ်ခွဲ ထုတ်လုပ်ရာတွင် သန့်ရှင်း သပ်ရပ်မှု ရှိ/ မရှိ ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/ မရှိ ၊ ဆီထုတ်လုပ်မှု အဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ် လုပ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်း ဖေါ်ပြရန်အတွက် မိမိတို့ စာသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များကိုလည်း ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့် ပတ်သက်၍ ဌာနမှ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စကားလက်ဆင့် ကမ်း  ကူညီဆောင်ရွက်ပေးရန် နှင့် “မိသားစု” ဆီစက်မှ ထုတ်လုပ်နေသောဆီများကို  မိမိတို့ကိုယ်ပိုင် အမှတ်တံဆိပ်ကပ်၍ ကုန်အညွှန်းအမှတ်အသား လျှောက်ထားရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

           ထို့နောက် မိမိတို့ စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက် ရမည့် တာဝန်များအကြောင်း၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ဌာနမှဆောင် ရွက်နေ‌‌သော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No - 1535 သို့ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ  အသိပညာပေးဆွေးနွေးခဲ့ကြပြီး ညွှန် ကြားချက် အမှတ် (၂/၂၀၁၉)ပါ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီရောင်းချသည့်ဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက အထူးဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၉.၂.၂၀၂၅)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး သည် ခရိုင်မီးသတ်ဦးစီးဌာန၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရွှေဘိုမြို့ရှိ စက်သုံးဆီရောင်းချသည့် ဆိုင်(၂)ဆိုင်အား အထူး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စက်သုံးဆီများဝယ်ယူရရှိမှု၊ သယ်ယူမှု၊  စက်သုံးဆီ အမျိုးအစားအလိုက် နေ့စဉ်ကားရောက်ရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ လက်ကျန် အခြေအနေများ၊ အမျိုးအစားလိုက်ရောင်းချသည့်ဈေးနှုန်းနှင့် LED  ဘုတ်တွင် ကြေငြာထားသည့် ဈေးနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး  စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုန်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူစရိတ်၊ အခြားအထွေထွေ ကုန်ကျစရိတ်များပေါင်း၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချကြရန်၊  အချိန် အတွယ်နှင့်အလေးချိန် မှန်ကန်စွာရောင်းချကြရန်နှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအကြောင်းများ  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ပြည်ထောင်စုဈေးရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  မုံရွာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၁) ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့သည် (၂၀.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

             ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို ပြည်ထောင်စုဈေးရှိ လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင် ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီးလက်ကမ်းစာစောင် များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News