Main menu

HighLight News

Powered by Drupal

နို့နှင့်နို့ထွက်ပစ္စည်းများ အားကွင်းဆင်းစစ်ဆေးခြင်း

          လူမျိုးမရွေးဘာသာမရွေးအသုံးပြုသည့် ကုန်စည်ဖြစ်ခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်သည့် နို့နှင့်နို့ထွက်ပစ္စည်းများအား ထုတ်ပြန်လျက်ရှိခြင်းတို့ ကြောင့်ရွေးချယ်ရခြင်းဖြစ်ပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ်မရှိစေရေးအတွက် ၁၃.၁.၂၀၂၅ ရက်နေ့တွင် အနောက်ပိုင်းခရိုင်မှ စစ်ဆေးရေးမှူး ဒေါ်ခင်မာဝေနှင့် ဝန်ထမ်းး (၂) ဦးတို့သည် မရမ်းကုန်းမြို့နယ် ၉ မိုင် (Oceam) နှင့် အလုံမြို့နယ် City Mart တို့တွင် Cowhead (Pure milk)၊ Moso (နို့ဒိန်ချဉ်)၊ Chokchal Farm (နွားနို့)၊ Australia’s Own (မလိုင်အပြည့်နို့)၊ Pep (နို့မှုန့်)၊ Cow Cow (သဘာဝမြက်စားနို့)၊ Golden Lotus Flower(မလိုင်ပြည့်နို့မှုန့်)၊ My Cow (နို့မှုန့်)၊ Good Nutrional Drink (ပရိုတိန်းဓါတ်ပြည့်ဝသောနို့)၊ မြဘုရင်(နို့မှဒန့်)၊ ငွေစင်ပုလဲ(သဘာဝဒိန်ချဉ်/ (နို့မှုန့်)၊ Boss (နို့ဒိန်ချဉ်)၊ Premies (နို့မှုန့်)၊ Deita Queen( မလိုင်ပြည့်ဒိန်ချဉ်) စသော နို့နှင့်နို့ထွက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွဦပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အရန်သင့်အစားအသောက်များဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးမှ ဦးမြသန်းနိုင်(လ/ထ ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် (၁၇.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြောက်ဒဂုံမြို့နယ် City Mark အတွင်းရှိ စားသောက်ကုန်များကို စားသုံးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောကုန်စည်များ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

         City Mark အတွင်း ရောင်းချနေသော အရန်သင့်အစားအစာများ၊ အသင့်စားမုန့်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များရောင်းချခြင်းမပြုရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသောကုန်စည်များ၊ သက်တမ်းလွန်သောစားသောက်ကုန်များ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သုဝဏ္ဏဈေးစည်ပင်ရုံးတွင် စားသုံးသူပြည်သူများအား ကုန်ပစ္စည်းများဝယ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ အသိပညာပေး‌ပြောကြားခြင်း

           စားသုံးသူများအနေဖြင့် ဈေးကွက်အတွင်းရှိ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုတို့ကို ရွေးချယ်ဝယ်ယူရာတွင် ကြိုတင်သိရှိထားရမည့်အချက်အလက်များနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းကို ၁၆.၁.၂၀၂၅ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေးစည်ပင်ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

            ခရိုင်ဦးစီးမှူးဦးလှစိုးက ဈေးသူ/ ဈေးသားများအား အသိပညာပေးပြောကြားရာတွင် ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊ အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင် မှုနှုန်းထားတို့ကို ကုန်ပစ္စည်းမဝယ်ယူမီ ကြိုတင်သိရှိထားရန်လိုအပ်ကြာင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့်အချိန်တို့ နှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်း မခံရအောင် သတိပြုရန်လိုအပ်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှု၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ အရည်အသွေး တို့နှင့်ကိုက်ညီမှု ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားမှု ရှိ၊ မရှိ တို့ကို သေချာစွာဖတ်ရှု့ပြီးမှ ဝယ်ယူရန်လိုအပ်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လိုအပ်သောသတင်း အချက်အလက်များကို စုံစမ်းမေးမြန်းရန်အတွက် လိပ်စာ၊ ဖုန်းနံပါတ်များ ရေးသားဖော်ပြထားမှု၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အပြစ်အနာ အဆာ၊ ချို့ယွင်းချက်များကို ဖုံးကွယ်ထားခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ပါဝင်ရမည့် သတင်းအချက်အလက်များကို ပြည့်စုံခိုင်မာမှုမရှိဘဲ ချဲ့ကားဖော်ပြထားခြင်းရှိ၊ မရှိတို့ကိုလည်း သိရှိထားရန်လိုအပ်ကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၇) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပုဇွန်တောင်ဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စစ်ဆေးရာတွင် ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေ သော မြန်မာရနံ့ငြုပ်ကောင်းမှုန့်၊ အများကြိုက်မဆလာ၊ AJT-NO-MOTO အချိုမှုန့်၊ Shark ငါးသေတ္တာတို့တွင်  FDA ထောက်ခံချက်များ ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိနှင့် ပါဝင်ပစ္စည်း ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိမှု အခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှုအခြေအနေ၊ အလေးချိန်/ပမာဏ နှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်း တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်စည်များ ရောင်းချခြင်းမပြုရန် သတိပေးအကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမှ စစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဗဟိုစာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချ ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအ တွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ(ကြူကုတ်) အစရှိသောအခြေခံ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ယင်းကဲ့သို့ ဧည့်မထ(ဒေသဆန်)  ဈေးနှုန်းမြင့်တက်ရခြင်းမှာ မိုးစပါးအသစ် လက်ကျန်လျော့နည်းလာသောကြောင့်လည်းကောင်း၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ(ကြူကုတ်)ဈေးနှုန်းမြင့်တက်ရခြင်းမှာ အဝင်နည်းပြီးဝယ်လိုအားများ သောကြောင့်ဖြစ်ပါသည်။ အာလူးဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာသည်ကိုတွေ့ရှိရပြီး ထိုသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှဝင်ရောက်မှုများပြားလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

          ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်းအ ရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမြို့နှင့် ရွှေညောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်ဇော်လတ် (ဒုတိယဦးစီးမှူး) ဦးဆောင်၍ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့်ကုန်ပစ္စည်းများ ရောင်းချနေသော ကောင်းကင်ပြာစတိုးဆိုင်၊ အောင်မေတ္တာကုန်စုံဆိုင်၊ သုခဓနကုန်စုံဆိုင်၊ Ok ကုန်စုံဆိုင်နှင့် KKT ကုန်စုံဆိုင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေအရ ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အေးသာယာမြို့နှင့် ရွှေညောင်မြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်နှင့် ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

လွိုင်လင်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့မဈေးရှိ ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

        ဆန်ဆိုင်များမှရောင်းချလျက်ရှိသော ဆန်များမှာ ရွှေဘိုပေါ်ဆန်း‌မွှေး၊ မနောသုခ၊ ဇီယာ၊ မဂျမ်းတော နှင့် မိုးနဲဒေသထွက်ဆန်များကို ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်းတယ)တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

           ရှမ်းပြည်နယ်စားသုံးသူရေးဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇-၁-၂၀၂၅) ရက်နေ့ နံနက်(၁၁းဝ၀) နာရီအချိန်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်တယ)ရှိ ကျောင်းသူ/ ကျောင်းသား (၂၈၀) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

          အဆိုပါသင်တန်းကျောင်းတွင်ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၉)၊ ဥပဒေပုဒ်မ(၁၉)နှင့် (၂၀)တွင် ပြဌာန်းထားသော စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ထုတ်ပြန်ထားသော အခွင့်အရေးများနှင့်တာဝန်များကို အသိပညာပေးဟောပြောခြင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် ပါဝင်သည့် ကုန်အညွှန်းးအမှတ်အသားများကို သေခြာစိစစ်၍ ဖတ်ရှုဝယ်ယူအသုံးပြုကြရန်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြာဘာသာတစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြခြင်းမရှိသော ကုန်စည်များကို ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Centre (1535) ကို ကျောင်းသူ/ ကျောင်းသားများရှေ့တွင် လက်တွေ့ခေါ်ဆိုပေးပြီး   Call Centre ကို ခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကလောမြို့ပေါ်ရှိကုန်စုံဆိုင်များတွင်(အာဟာရ ဖြည့်စွက်စာ)များအား ဈေးကွက်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူရုံး(အောင်ပန်း)မှ စစ်ဆေးရေးအရာရှိနှင့် ဝန် ထမ်းများသည် (၈.၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကလောမြို့ပေါ်ရှိကုန်စုံဆိုင်များအား ဖြည့်စွက်အာဟာရကုန်စည်အထူးပြု၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/ မရှိတို့နှင့် စပ်လျဉ်း၍  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထုတ်လုပ်သည့်ကုန်စည်များ ရွေးချယ်ရောင်းချရေးအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းစွာနှင့်စိတ်ကျေနပ်မှုရှိစေရေး စသည်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတွင် ကလောမြို့မဈေးနှင့် ကလောမြို့ပေါ်ရပ်ကွက်များမှ ကုန်စုံစတိုး(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စစ်ကိုင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

              စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅  ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များဖြစ်သော ရွှေတံခွန်နှင့် စိန်လှိုင်ဆိုင်များ ကွင်းဆင်း၍ ဈေးနှုန်း ဈေးကွက်အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့်ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ် ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့် အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် ဇန်နဝါရီလအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက် ဈေးနှုန်း ထုတ်ပြန်ချက်ကို အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များဖြစ်သော ရွှေတံခွန်နှင့် စိန်လှိုင် ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက် ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံး ရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရွှေတံခွန်နှင့်စိန်လှိုင် ဆန်ရောင်းဝယ်ရေးဆိုင် များသည် ရွှေဘိုပေါ်ဆန်း (၁၅၅၀၀၀) ကျပ်၊ ဧရာမင်း (၁၄၅၀၀၀) ကျပ် နှင့် မနောသုခ (၁၀၀၀၀၀) ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ကြောင်း၊ သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၃၀၀၀) ကျပ် မှ (၃၂၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များ မရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)                        

Pages

Subscribe to RSS - HighLight News