Main menu

HighLight News

Powered by Drupal

ဖျာပုံမြို့ သီတာညွန့်ဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

           ဖျာပုံမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် သီတာညွှန့်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု့ ရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်အတွင်း ဆန်သိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်စပါး လက်ကျန်အခြေအနေများ၊ ပုံမှန်လည်ပတ် ကြိတ်ခွဲမှု ရှိ/မရှိ၊ ဆန်၊စပါးဈေးနှုန်း၊ ဈေးကွက်  တည်ငြိမ်စေရေး၊ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိသော ထုတ်ကုန်များ အရည်အသွေး ပြည့်မီစေရေး၊ ထုပ်ပိုးမှု အခြေအနေများ၊ ဆန်၊စပါးသက်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစိစစ်ခဲ့ပြီး ဆန်စက်ရှိသိုလှောင်ရုံများအား online မှတ်ပုံတင်ထားခြင်းဆောင်ရွက်ထားမှုရှိ/မရှိတို့ကိုကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ (၁၀:၀၀) အချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့် ဆီကိုယ်စားလှယ် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ဟောပြောပွဲတွင် စားသုံးဆီဖြန့်ဖြူးရောင်းချသူ ဆီကိုယ်စားလှယ်များအနေဖြင့် စားသုံးဆီများကို သက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ရောနှောဆီများ မဖြစ်ရန် လိုအပ်ကြောင်း ၊ ချိတ်ပိတ်ဘူးဆီများ ဝယ်ယူရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိ၊  တရားမဝင်ကုန်စည်များနှင့် ပတ်သက်၍ ဝယ်ယူရောင်းချခြင်း မပြုရန် ပြောကြားခြင်း၊ သက်မှတ်ရည်ညွှန်းဈေးကိုကျော်၍ ဈေးနှုန်းမြင့်တင် ရောင်းချမှု မရှိခြင်းတို့ကို ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ (၅)ရပ်ကွက် ပြည်သူများအား Onlin Sale စနစ် ရောင်းချခြင်း အသိပညာပေးဟောပြော

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ရပ်ကွက်နေ ပြည်သူများအား (၅)ရပ်ကွက်ရှိ ဘုရားတန်ဆောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

             အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊  ကျန်းမာရေးစိတ်ကျေနပ်မှုရရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူရာတွင်       ကုန်အညွှန်းအမှတ်အသား  ဖော်ပြချက်များ ကြည့်၍ဝယ်ယူရမည်ဖြစ်ကြောင်း ထိုနောက် Online Shop နှင့် စပ်လျဉ်း၍ ဆောင်ရန်ရှောင်ရန်များကိုလည်း အကျယ်တဝင့်ဟောပြောဆွေးနွေးပြီး Online Shop ရောင်းချသူများအနေဖြင့် မှတ်ပုံတင် မဖြစ်မနေလုပ်ဆောင်ကြရန် လိုကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူကျေနပ်မှုမရှိပါက “၁၅၃၅” သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများမှ တင်ပြဆွေးနွေးသည့်အပေါ် တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းခဲ့ပြီး  တက်ရောက်သူဦးရေ(၂၀)ဦးရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့ အုန်းပင်ကျေးရွာရှိ ကုန်မျိုးစုံလုပ်ငန်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

             စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် (၂၁)ရက်နေ့တွင် အုန်းပင်ကျေးရွာရှိ ဓမ္မာရုံတွင်  ကုန်စုံဆိုင်လုပ်ငန်းရှင် (၁၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

         အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဈေးကွက် အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက်  သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင် ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း၊ Consumer Call Center  1535  သို့ ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း စသည်တို့ကို ဟောပြောခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး Talk Show ကျင်းပပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်  MSMEs  လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

          အဆိုပါအစီစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်မှ  အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က မိမိတို့ဌာနအနေဖြင့် MSMEs ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ဒေးဒရဲမြို့နယ်အတွင်း လုပ်ကိုင်နေသော MSMEsလုပ်ငန်းများတွင် ဆန်စက်လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊  စတီးသံပန်းနှင့် သံတံခါးလုပ်ငန်း၊ သစ်အခြေပြု ပရိဘောဂလုပ်ငန်းများ၊ စပါးခွံလောင်စာတောင့်လုပ်ငန်းများ၊ လုပ်ကိုင်လျက်ရှိကြောင်းနှင့် ၎င်းလုပ်ငန်းများအနေဖြင့် ရင်းနှီးမြုပ်နှံမှု၊ တစ်နှစ်ထုတ်လုပ်နိုင်မှု၊ အသုံးပြုစက်စွမ်းအား၊  လုပ်သားဦးရေပေါ်မူတည်ပြီး အကြီး၊ အသေး၊ အလတ် အမျိုးအစားများဖြင့် လည်ပတ်နေလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်

             ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ဖျာပုံမြို့ပေါ်ရှိ ဆေးဆိုင်များ သက်ဆိုင်ရာထောက်ခံချက်ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အဆိုပါစစ်ဆေးခြင်းတွင် စစ်ဆေးရေးမှူးက ဆေးဝါးများမှ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ စစ်ဆေး၍ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရန် ပြောကြားခြင်း၊ သက်ဆိုင်ရာထောက်ခံချက် ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ နည်းစနစ်မှန်ကန်စွာ ထားသိုသိမ်းဆည်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးနှုန်းထားများ မေးမြန်းခြင်း၊ ဆေးနှင့် ဆေးဝါးရောင်းချရန် တရားဝင်မှတ်ပုံတင် ထားရှိမှုများ နှင့် ရည်ညွှန်းဈေးအတိုင်း ရောင်းချကြရန် တားမြစ်ထားသော ဆေးဝါးများအားရောင်းချမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၂၀.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးမှုးရုံး မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ ရှေ့ဆက်လက်ဆောင် ရွက်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁)ပါ ပုဒ်မ(၂)၊ ပုဒ်မခွဲ(ဆ)(ဇ)(ဍ)ပါ အချက်များအား စားသုံးသူများသိရှိနားလည်စေနိုင်ရန် အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပါသည်။ ဥပဒေပါအချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး တွင်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးတက်ရောက်ခြင်းနှင့် မြောင်းမြစက်မှုဇုန်၌ ကျူးကျော်အဆောက်အဦးများရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ (၁၉.၂.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ဆက်လက်၍ တိုင်းစက်မှုကြီးကြပ်ရေး၊ စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနနှင့် ‌မြောင်းမြစက်မှုဇုန်၌ ကျူးကျော်အဆောက်အဦးများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

            အစည်းအဝေးပွဲတွင် တောင်သူလယ်သမားနေ့တွင် ပြခန်းဆောင်ရွက်ရန်အတွက် ပြခန်းပြသမည့် ပစ္စည်းများ အားကြိုတင်စုဆောင်းထားရန်၊ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ မိမိရုံးဌာန အဆောက်အဦးသန့်ရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ လိုအပ်သည်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းစက်မှု ကြီးကြပ်ရေး၊ စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြောင်းမြစက်မှုဇုန်၌ ကျူးကျော်အဆောက်အဦး များရှိ/မရှိ၊ စက်မှုဇုန်ရုံးနှင့် မီးသတ်စခန်းတည်ဆောက်မည့်မြေနေရာအား စက်မှုဇုန်အဖွဲ့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်မှ ဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်သို့ဆန်များတင်ပို့နိုင်ရန်အတွက် (၁၉.၂.၂၀၂၅)ရက်နေ့ ညနေ(၀၃:၀၀)အချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ ကြောင်းသိရသည်။

          ထိုသို့သွားရောက်စစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ဆန်တင်ပို့မည့် MV-ရွှေလမင်း(၅)ရေယာဉ်တွင် ပေါ်ဆန်းဆန်(၁၀၀၀)အိတ်၊ ဧည့်မထဆန်(၇၀၀၀)အိတ်၊ စုစုပေါင်း(၈၀၀၀)အိတ် MV-အေးချမ်းအောင်(၇) ရေယာဉ်တွင် ပေါ်ဆန်းဆန်(၄၀၀)အိတ်၊ ဧည့်မထဆန်(၇၆၀၀)အိတ် စုစုပေါင်း (၈၀၀၀)အိတ် နှင့် MV-ဓနရွှေလမင်း ရေယာဉ်တွင် ပေါ်ဆန်းဆန်(၂၀၀)အိတ်၊ ဧည့်မထဆန်(၈၈၀၀)အိတ် စုစုပေါင်း(၉၀၀၀)အိတ် တင်ဆောင်ထားမှုအခြေအနေနှင့် ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့်ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် ဝန်ထမ်းများသည် (၁၇.၂.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြခရိုင်ဦးစီးမှူးမှ မြို့မဈေးရှိ လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိ ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းစားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News