Main menu

HighLight News

Powered by Drupal

အ.ထ.က(၅)ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ( ၁၆ )ရက်နေ့ နံနက်( ၀၉:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ အ.ထ.က(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အ.ထ.က(၅)ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့် ဈေးတန်းများ၌ ရောင်းချနေသော မုန့်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော မုန့်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ မြန်မာမုန့်များရောင်းချသူများမှာလည်း မုန့်များအား တစ်ခါသုံးလက်အိတ်များသုံးစွဲခြင်း၊ ယင်လုံဇကာများဖုံးအုပ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ကျောင်းမုန့် ဈေးတန်း ၌ မုန့်ရောင်းချနေသူများအနေဖြင့် အစားအသောက်များကိုင်တွယ်ရာ တွင် သန့်ရှင်းသပ် ရပ်စွာကိုင်တွယ်ရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန် အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်မုန့်များသာ ဝယ်ယူရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

အ.ထ.က(၁)ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ( ၁၄ )ရက်နေ့ နံနက်( ၀၈:၃၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အ.ထ.က(၁)ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချနေသောမုန့်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏        (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော မုန့်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ မြန်မာမုန့်များရောင်းချသူများမှာလည်း မုန့်များအား တစ်ခါသုံးလက်အိတ်များသုံးစွဲခြင်း၊ ယင်လုံဇကာများဖုံးအုပ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

          ကျောင်းမုန့်ဈေးတန်း၌ မုန့်ရောင်းချနေသူများအနေဖြင့် အစားအသောက်များကိုင်တွယ်ရာတွင် သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်ရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်မုန့်များသာဝယ်ယူရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

ဇလွန်မြို့နယ် အ.မ.က အဒါးကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉.၁.၂၀၂၅)နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဇလွန်မြို့၊ အဒါးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ မိဘများ၊ ကျောင်းသား/ကျောင်းသူ ၉၅ ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း နှင့်စာဖတ်ရှိန် မြှင်တင်ရေး  အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးမှ အစားအသောက်များတွင်ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ရှိန်မြှင်တင်ရေး  အသိပညာပေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နံနက် (၁၁:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၀.၁.၂၀၂၅) ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍   စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre  ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန      မြို့နယ်ဦးစီးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈)ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အချက်(၈)ချက်အား ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိ၏ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲ

            စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၈.၁.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေးရှိ၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊  မိမိတို့ရောင်းချသော ကုန်စည်များအား အာမခံချက်ပေးခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချစေရေးစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းအတက်၊ အကျအခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံမှ ( ၇ - ၁ - ၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရှိ ဘိလပ်မြေ ရောင်းချနေသောဆိုင်များအား ပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းအတက်၊ အကျ ရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           စစ်ဆေးတွေ့ရှိချက်များအရ ဟင်္သာတမြို့ရှိ ဘိလပ်မြေရောင်းချနေသောဆိုင်များတွင် ယခင်ကဲ့သို့ရောင်းချရန် ဘိလပ်မြေထုတ်လုပ်သည့် စက်ရုံများမှ ပစ္စည်းမှာယူရာတွင် သယ်ယူပို့ဆောင်ရေး ကြန့်ကြာမှုများကြောင့် ပစ္စည်းရောက်ရှိမှုနောက်ကျခြင်း၊ လိုသလောက်မှာယူရရှိမှုမရှိဘဲခွဲတမ်းနှင့် သာရရှိခြင်းကြောင့် ဆိုင်များတွင် ပစ္စည်းများစွာ လက်ကျန်မရှိဘဲ အိတ်(၅၀)မှ အိတ်(၂၀၀)ကြားသာ လက်ကျန်ရှိကြောင်း၊ မိမိတို့ရောင်းချနေသည့် ဆိုင်များမှ ဝယ်ယူသုံးစွဲနေကြ သည့် ပြည်သူများအား ပစ္စည်းပြတ်လပ်မှုများ မဖြစ်စေရန်အတွက် မျှတစွာရောင်းချပေးခြင်း၊ မြို့ပေါ် ရှိ ဘိလပ်မြေ အရောင်းဆိုင်များတွင် ပစ္စည်းပြတ်တောက်သွားခြင်း မရှိကြောင်းနှင့် ဘိလပ်မြေဈေးမှာလည်း အနည်းငယ်မြင့်တက်လာကြောင်း၊ ထိုသို့မြင့်တက်သွားရခြင်းမှာလည်းစက်ရုံဈေးအနည်းငယ်မြင့်တက်လာခြင်း၊ ဝယ်လိုအားမြင့်လာခြင်းနှင့် ပစ္စည်းဝင်ရောက်မှု ရက်အနည်းငယ်နောက်ကျခြင်းတို့ကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း ဟင်္သာတမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချနေသော ဆိုင် (၃) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ခြင်းဖြင့် သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ (၁၁.၁.၂၀၂၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် ဇလွန်မြို့ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်(မ) ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးမှ  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချ ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၀.၁.၂၀၂၅ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

           ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက် မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူရေးရာ တာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm web site တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် “ငွေပန်းချီ” မရွေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည်(၇.၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ စက်ကြီးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ  “ငွေပန်းချီ” မရွေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးမှ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့်ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်း မြို့နယ်များရှိ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ လုပ်ငန်းရှင်များထံ စနစ်တကျဝယ်ယူရရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိ

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းများ၌ အသုံးပြုနိုင်ရေး ရောင်းချပေးသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို မြို့နယ်အသီးသီးသို့ စနစ်တကျထုတ်ယူနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ငွေချေဝယ်ယူနိုင်ရန်အတွက် လစဉ် စိစစ်ဆောင်ရွက်လျက်ရှိပြီး မိမိတို့၏လုပ်ငန်းများ၌ အမှန်တကယ်အသုံးပြုမှုရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              မအူပင်ခရိုင်အနေဖြင့် စက်မှုလုပ်ငန်းသုံးများအတွက် ခွဲဝေရရှိသည့် လုပ်ငန်းရှင် ၃၈၉ဦး စားအုံးဆီ ပေပါ ၉၄ ပေအ် တန်အားဖြင့် ၁၆.၈၈ ကို မြို့နယ်အလိုက် စနစ်တကျ ခွဲဝေထုတ်ယူစေပြီး၊ ရရှိသော စက်မှုလုပ်ငန်း ရှင်များထံ ဆက်သွယ်၍ သတ်မှတ်ဈေးအတိုင်း စနစ်တကျ ငွေရပြေစာဖြင့်ငွေချေပြီး ထုတ်ယူနိုင်ရန် လစဉ်စိစစ်ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်။

           ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် ပန်းတနော်မြို့နယ်တာဝန်ရှိသူ ဦးအောင်ကျော်သက်မှ ကွင်းဆင်း ရာ ဇန်နဝါရီလအတွက် ရရှိသော ပန်းတနော်မြို့နယ် စားသောက်ကုန် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သော အနော်ရထာလမ်း၊ အရှေ့ပိုင်းရပ်ကွက်ရှိ နောင်ရိုး စားသောက်ကုန် လုပ်ငန်း၊ ဘုရင့်နောင်လမ်း၊ အရှေ့ပိုင်ရပ်ကွက်ရှိ ရတနာပုံ စားသောက်ကုန်လုပ်ငန်း၊ ကမ်းနားလမ်းရှိ ဗီးနပ် စာသောက်ကုန်လုပ်ငန်း၊ ဒေါ်ခိုင်ဇာလင်း ပေါင်မုန့်လုပ်ငန်းများသို့ စက်မှုလုပ်ငန်းသုံးများအတွက် ရရှိသော စားအုန်းဆီများကို အမှန်တကယ်အသုံးပြုခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊ စားသုံးသူများဘေး အန္တရာယ်ကင်း ရှင်းစေရန်အတွက် ထုတ်လုပ်သည့်ကုန်စည်များကို အရည်အသွေးကောင်းမွန်ပြည့်ဝပြီး သန့်ရှင်းလတ်ဆတ် သောကုန်ကြမ်း များဖြင့် သန့်ရှင်းသပ်ရပ်စွာ သုံးစွဲထုတ်လုပ်ကြရန်နှင့် ဝန်ဆောင်မှုပြုနိုင်ရန် လိုအပ် ကြောင်း၊ အစားအစာများ ထိတွေ့ကိုင်တွယ်မှု ပြုလုပ်သူလူပုဂ္ဂိုလ်များမှာလည်း တကိုယ်ရေသန့်ရှင်း ကျန်းမာရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၄)ဦး၏ လုပ်ငန်းခွင်များတွင် ထုတ်လုပ်မှုအဆင့်ဆင့်တို့အား ကြီးကြပ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News