Main menu

HighLight News

Powered by Drupal

ဟင်္သာတမြို့နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးပါဝင်သော မြို့နယ်ဆန်စပါးလုပ်ငန်းကြီး ကြပ်ရေးအဖွဲ့သည် (၂၀.၂.၂၀၂၆)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်ကြီးများအား ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားမှုမရှိစေရေး၊ ရောင်းဝယ်နေမှုအခြေအနေ၊ လက်ကျန်အခြေအနေများသိရှိရန် မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

         ထိုသို့ကွင်းဆင်းရာတွင် ဟင်္သာတမြို့နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သတ်မှတ်ထုတ်ပြန်ပေးသော ဈေးနှုန်းအလိုက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ပုံမှန်ရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအား ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး ဆန်စပါးကြိတ်ခွဲမှုနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၀.၂.၂၀၂၆)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ  ရွှေဒင်္ဂါးဆန်စက်၌ ဆန်စက်လုပ်ငန်းရှင်(၂၀)ဦးနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး၊ ဆန်စပါးကြိတ်ခွဲမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေး၊ သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများနှင့် အညီ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးကွက်ရှိရာ မြို့နယ်အတွင်း/ မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပများသို့ ဆန်များတင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် စပါးဝယ်ယူရရှိမှုအခြေအနေ၊ ကြိတ်ခွဲမှုပုံစံ၊ အခြောက်ခံမှု၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်တို့ကို ဆွေးနွေးခဲ့ပြီး၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်းစဉ်များ ဆောင်ရွက်ထားမှု ရှိ/မရှိ၊ လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးနှုန်း အနိမ့်အမြင့်အပေါ် ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် သက်ဆိုင်ရာဌာနများ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၁) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးခန်း၌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းများနှင့် ပတ်သတ်၍ ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများ၊  ဟင်္သာတမြို့နယ်အတွင်း ကုမ္မဏီများမှ စားသုံးဆီဖြန့် ဖြူးရောင်းချနေမှုအပေါ် ဌာနများပူးပေါင်း၍ ကြီးကြပ်စစ်ဆေးဆောင်ရွက်နေမှုများ၊ လက်ရှိစပါး/ ဆန် စျေးနှုန်းများ စက်ပိုင်ကုန်သည်များမှ ဝယ်ယူနေမှုအခြေအနေများနှင့် ပါတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် ဆန်စပါး၊ ပဲ၊ နှမ်း ကုန်သည်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည်  ၂၀၂၆ ခုနှစ်၊ ဖေဖော် ဝါရီလ(၂၀)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်ဆန်စပါး၊ ပဲ၊ နှမ်း ကုန်သည်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ဒေသတွင်း ဆန်၊ စပါး၊ ပဲ ထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်၊ အလေးချိန်   မှန်ကန်ရေးတို့ကို အဓိကထား အရောင်းအဝယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဇလွန်မြို့နယ်အတွင်း မတ်ပဲအသစ်များ စတင်ထွက်ရှိလာသောကြောင့် ဈေးကွက်အတွင်း ပုံမှန်ဈေးဖြင့် ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇလွန်မြို့နယ်အနေဖြင့် မိုးစပါးများ လက်ကျန်နည်းပါးနေပြီး နွေစပါးများ ဝယ်ယူကြိတ်ခွဲကာ ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်ဆန် ဈေးနှုန်းပေါ်မူတည်၍ တင်ပို့ရောင်းချလျက်ရှိပါသည်။ ဒေသထွက် ဆန်များဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး အဓိကဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်စပါးကုန်သည် အသင်းတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးကွက်ခိုင်မာမှု၊ တောင်သူနှင့် ကုန်သည်များအကြား ဆန်စပါး ဈေနှုန်းသင့်တင့်မျှတမှုရှိမှသာ အဆင်ပြေမှာဖြစ်ကြောင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၁.၂.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့ ရုံးကြီးရပ်ကွက်၊ ပဒေသာဈေး၊ ဈေးတာဝန်ခံရုံး၌ ပြည်သူ(၄၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ  အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ်  “ခေတ်သစ်” ငံပြာရည်ကြော်နှင့် ပဲကြွပ်ကြော်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၂၁.၂.၂၀၂၆)ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့ အုန်းကုန်းရပ်ကွက်၊ နတ်မော်လမ်းရှိ “ခေတ်သစ်”ငံပြာရည်ကြော်နှင့် ပဲကြွပ်ကြော်လုပ်ငန်းတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများ သန့်ရှင်းမှုရှိ/ မရှိ၊ ဈေးကွက်အတွင်း ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုရှိ/ မရှိနှင့် ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော ကုန်စည်များတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/ မသင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူကပေးအပ်သည့် တန်ဖိုးနှင့်အညီ မျှတသောအရည်အသွေး၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ စားသုံးသူအား စိတ်ကျေနပ်မှုရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဈေးကွက်တွင်ဝယ်လိုအားများခြင်းနှင့် လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ  စားသုံးရာတွင် ကျန်းမာရေးနှင့် သင့်တင့်ညီညွတ်မျှတအောင်၊ စားသုံးသူများအသုံးပြုရန် သင့်တော်သော ကုန်စည်များကိုသာရောင်းချရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရေး ရှင်းလင်းပြောကြားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

MKK ပဲမုန့်လုပ်ငန်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေး

       (၂၃.၂.၂၀၂၆) ရက်နေ့ နေ့လယ် (၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒေါ်ခိုင်ခိုင်လင်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းတို့သည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးကွက်ရောက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့ အတွက် မအူပင်မြို့နယ်ရှိ MKK မုန့်လုပ်ငန်းအား သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     အသိပညာပေးဆွေးနွေးရာတွင် ဒေသတွင်းထုတ်လုပ်သော မုန့်လုပ်ငန်းများ၏ ထုတ်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော် ပြရမည့်အချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိစစ်ဆေးခြင်း၊  မုန့်လုပ်ငန်းဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝ ပြောင်းလဲနိုင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြောကြားခဲ့၍  စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များကို စားသုံးသူများဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့်ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာ လိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

MyROမှတ်ပုံတင်ထားသောလုပ်ငန်းများအား သက်တမ်းတိုးခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

        ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၁  ရက်နေ့ တွင် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍  သိုလှောင်ရုံများမှကုန်ရ ကုန်ထုတ်၊ လက်ကျန်အခြေအနေများကို စာရင်းရေးသွင်းခြင်းလုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရန်ကို သိုလှောင်ရုံ လုပ်ငန်းရှင် ၇ ဦးအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်သည် သို‌လှောင်လုပ်ငန်းရှင်များကို စပါး/ ဆန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စပါးတင်း ၅၀၀၊ ဆန် အိတ် ၅၀၀ အစရှိသ‌သောလုပ်ငန်းများပါ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်ရန်ကိုလည်းကောင်း၊ မှတ်ပုံတင်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းရှင်များကလည်း သိုလှောင်ရုံများမှကုန်ရ ကုန်ထုတ်၊ လက်ကျန်အခြေအနေများကို စာရင်းရေးသွင်းခြင်းလုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရန်ကိုလည်းကောင်း၊ စပါး/ဆန် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်း မပြုတော့ပါက လုပ်ငန်းရပ်ဆိုင်းကြောင်းကို မိမိတို့ဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ် ဆေးဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာ ထောက်ခံချက်များယူ၍ လုပ်ငန်းရပ်နားကြောင်း စစ်ဆေးဆောင်ရွက်ပြီး အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း၊ သက်တမ်းတိုး ပြည်မီသူ လုပ်ငန်းရှင်များကလည်း ထပ်မံသက်တမ်းတိုးခြင်း လုပ်ငန်းများကို လုပ်ဆောင်ကြရန် ဆွေးနွေးပြီး မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် MyRo Software အသုံးပြုခြင်း သင်တန်းကို မတ်လအတွင်း ဖွင့်လှစ်မည်ဖြစ်သဖြင့် ညောင်တုန်းမြို့နယ်အတွင်းရှိ MyRo တွင် မှတ်ပုံတင်ထားသော ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ တက်ရောက်နိုင်ရေး MyRo ဝက်ဆိုဒ်သို့ ဝင်ရောက်၍ လစဉ်ကုန်ရ၊ ကုန်၊ ကုန်လက်ကျန်များ ဖြည့်သွင်းရာတွင် လုပ်ငန်းရှင်များ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန် အသိပေးပြောကြားဖိတ်ကြားခဲ့ပြီး ဆန်စပါး သိုလှောင်ရာတွင်  ညွှန်ကြားချက်များကိုလည်း လိုက်နာကြပါရန်နှင့် ဆန်စပါး မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိစေရန် ရှင်းလင်းတင်ပြဆွေးနွေးပြီး လစဉ်/ လတိုင်း၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ ဖြည့်သွင်းရမည်ဖြစ်ကြောင်းတို့ကို အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး talk show

       မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဓနုဖြူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ဓနုဖြူမြို့ လူထုအခြေပြု Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

          အသိပညာပေး ဆွေးနွေးရာတွင် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများရှိကြောင်း စားသုံးသူများဘက်မှလည်း သိရှိထားသင့်သည့် အချက်အလက်များစွာရှိပြီး ယင်းတို့ကိုလည်း သိရှိနားလည်သဘောပေါက်ထားမှသာ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေမည်ဖြစ်ကြောင်း၊ ယင်းတို့မှာ (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့်လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုရွေးချယ်ဝယ်ယူရာတွင်သဘောတူညီထားသည့်တန်ဖိုးနှင့် အညီ ပေးချေခြင်း၊ (ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နစေရန် ရည်ရွယ်၍မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှု၊ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ (ဃ) အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ်လူထု ဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်းတို့ကို လိုက်နာကြရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၊ စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီတွေအနေနဲ့ စားသုံးသူတွေနဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို သုံးစွဲရာကနေ လိမ်လည်လှည့်ဖြားမှု မခံရစေဖို့အတွက် ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက ပြန်လည်ကုစားနိုင်ခြင်း၊ တိုင်ကြားနိုင်ခြင်း အခွင့်အရေးများရှိပါကြောင်း၊ တိုင်ကြားမည်ဆိုပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ Consumer Call Center-1535 သို့ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.doca.gov.mm website မှဖြစ်‌စေ၊ DOCA Myanmar Mobile Application မှဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ အဆိုပါတိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အများပြည်သူများ သိရှိနိုင်စေရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

ဖျာပုံမြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းဆေးခဲ့ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မှီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းပြောခဲ့ပြီး စားအုန်းဆီများ သတ်မှတ်ရည်ညွှန်ဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News