Main menu

HighLight News

Powered by Drupal

ဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၁)ရက်နေ့၊ ညနေ (၁၅:၀၀)နာရီတွင် ဆီလုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

        စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များအား ကျေးရွာ၊ ရပ်ကွက်၊ အိမ်ထောင်စုများကို ဆီစာအုပ်များဖြင့်ရောင်းချရာတွင် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး အရည်အသွေးပြည့်ဝသည့်ဆီများအား အလေးချိန်ခွင်မှန်ကန်စွာရောင်းချရေး၊   သတ်မှတ်ရည်ညွှန်းဈေးဖြင့်     ရောင်းချစေရေး၊ ဈေးကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးရာတွင် ဓါတုဗေဒပစ္စည်းများ   ထည့်သွင်းအသုံးပြုထားသောပုံးများ၊ ပြည်သူများကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်  စားအုန်းဆီများကို သုံးစွဲနိုင်စေရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်    ဝယ်ယူသုံးစွဲနိုင်စေရေး၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် ဌာနက ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်း

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ အဆိုပါကွင်းဆင်း ဆောင်ရွက်ရာတွင် ခရိုင်ဦစီးမှူးက လက်လီ/ လက်ကား ဆန်အရောင်းဆိုင်များအား ဆိုင်ရှင်များအနေဖြင့် စားသုံးပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်နှင့် မြင်သာသောဆိုင်းဘုတ် အရွယ်အစားဖြင့် ရေးသားဖော်ပြပြီး ရောင်းချကြရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ခရီသွားဝန်ဆောင်မှုအား စစ်ဆေး

        ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန၊ မစကတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နေ့လယ် (၁၁ : ၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် ကားဝန်းအတွင်းရှိ  ဂိတ်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရီးသွားပြည်သူများအား အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရေး၊ သတ်မှတ်ထွက်ခွာမည့်အချိန် မှန်ကန်စွာထွက်ရှိစေရေး၊ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို လုံခြုံစွာပို့ဆောင်ပေးရေး၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းမရှိစေရေး၊ ယာဉ်မောင်းသူအား အရက်သေစာသောက်စားပြီး မမောင်းနှင်စေရေး၊ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆီဆိုင်များအား သက်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၇) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းဆေးခဲ့ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မှီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းပြောခဲ့ပြီး စားသုံးဆီများ သတ်မှတ်ရည်ညွှန်ဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“သလိပ်ကြီး”ကျေးရွာစားအုန်းဆီကော်မတီဝင်များအား ဆွေးနွေးပြောကြား

            ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “သလိပ်ကြီး” ကျေးရွာရှိ စားအုန်းဆီကော်မတီ အဖွဲ့ဝင်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။

        အဆိုပါတွေ့ဆုံပြောကြားရာတွင် သတ်မှတ်ညွှန်ကြား ပေးသောဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး ကျေးရွာရှိစားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ညိုလေး”(မာစကတ်ထိုးမုန့်) လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၅ခုနှစ်၊ ဖောဖော်ဝါရီလ (၁၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အမှတ်(၁၆၃)၊ ကျောက်စိမ်းလမ်း၊ (၁၈)ရပ်ကွက်၊ ဖျာပုံမြို့ရှိ “ညိုလေး” (မာစကပ်ထိုးမုန့်)လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      အဆိုပါတွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ ကုန်အညွှန်းအမှတ်အသား လာရောက်လျှောက်ထားမှုအပေါ် သတင်းအချက်အလက်ပြည့်စုံစွာထည့်သွင်းခြင်း၊ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့် ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အသုံးပြုနိုင်ရန် ကုန်စည်ကိုအရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်စေရန်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးနိုင်စေရန်နှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မှတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူအကာကွယ်ပေးခြင်းဆိုင်ရာ သိကောင်းစရာ Talk Show ပြုလုပ်

      ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အစီအစဉ်တွင် စားသုံးသူများ အသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကော်မရှင်၏ သဘောတူညီချက်နှင့် အညီ ဦးစားပေးကကဏ္ဍများသတ်မှတ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အချက်(၇)ချက်ဖြင့် ဆောင်ရွက်ကြောင်း၊ စစ်ဆေးရေးအရာရှိက တင်ပြလာသော ဘေးအန္တရာယ်ရှိသည့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၏ အချက်အလတ်များကို အများပြည်သူများ သိရှိစေရန်ကြေညာခြင်းအကြောင်း၊ စားသုံးသူများအသုံးပြုမည့် ကုန်စည်များအတွက် ဦးစားပေး ကုန်စည်အမျိုးအစားအလိုက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်သည့် မြန်မာနိုင်ငံ စံချိန်စံညွှန်းများနှင့်အညီ  လိုက်နာဆောင်ရွက်နိုင်ရေး ကြီးကြပ်ကွပ်ကဲခြင်းများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျေးရွာစားအုန်းဆီကော်မတီဝင်များအား ဆွေးနွေးပြောကြား

           ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ကျေးရွာရှိ စားအုန်းဆီကော်မတီ အဖွဲ့ဝင်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပြောကြားရာတွင် “မရဲ့ပျားမွတ်” ကျေးရွာအုပ်စုရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ်မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး ကျေးရွာရှိစားသုံးဆီကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ  ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၂၀.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်(၆) ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ  ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များမှ ဈေးဆိုင်ပိုင်ရှင်များအား စားအုန်းဆီများသတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ပိုမို၍ရောင်းချခြင်းမပြုရန် ဈေးနှုန်းဆိုင်းဘုတ်များကို စားသုံးသူများသိသာထင်ရှားအောင် ချိတ်ဆွဲပြီး ရောင်းချကြရန်  ဆိုင်ရှင်များအား အသိပေးဆောင်ရွက်ခဲ့ပါသည်။ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၁.၂.၂၀၂၆) ရက်နေ့၊ နေလယ် (၂:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိစားအုန်းဆီကုမ္ပဏီများမှ စားသုံးဆီများအား တော်ဝင်ဧကရာဇ် ကုမ္ပဏီကား (ယာဉ်အမှတ် 9M.5409) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (7)ပေပါသည်လပွတ္တာမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါစားအုန်းဆီများကို လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News