Main menu

HighLight News

Powered by Drupal

“ သုံးခွမြို့နယ်ရှမ်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ”

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သုံးခွမြို့နယ် ရှမ်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲတွင် မြို့နယ်ဒုတိယပညာရေးမှူး ဦးလှမျိုးထွန်းမှ အခွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပထမဦးစွာ မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်မှ သဘာဝဘေးအန္တရာယ်များအကြောင်း မြို့နယ်အားကစားမှူး ဦးခွမ်စွမ်းခိုင်မှ လူငယ်နှင့်အားကစားရေးရာများအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ ဗလငါးတန်နှင့် ပြည့်စုံစေရန် သုတ၊ ရသ၊ စာပေများအား ဖတ်ရှု့လေ့လာရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်မှ စားသုံးသူကာကွယ်ရေး အသိပညာပေးရာတွင် ဌာန၏ဆောင်ရွက်လုပ်ကိုင်နေရသော လုပ်ငန်းစဉ် များအကြောင်း၊ စားသုံးသူကာကွယ်ရေး မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ် ရေးအဓိပ္ပါယ်၊ စားသုံးသူအဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်အညွှန်းအမှတ်ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသင့်ထုပ်ပိုးထားသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ပါရှိရမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်သည့် အလေ့အကျင့်ကောင်းများ ဆောင်ရွက်ကြစေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ သိရှိနားလည်နိုင်စွမ်းရှိ/ မရှိ မေးခွန်းတစ်ချို့ မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူ(၃)ဦးမှ အဖြေမှန် ဖြေဆိုခဲ့ကြကြောင်း အဆိုပါ အဖြေမှန်ဖြေဆိုနိုင်သည့် ကျောင်းသား/ ကျောင်းသူ(၃)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ(၂၀)ဦး နှင့် ကျောင်းသား/ကျောင်းသူ(၁၄၃)ဦး စုစုပေါင်း (၁၆၃)ဦး တက်ရောက်ခဲ့ကြကြောင်း အခမ်းအနားအပြီးတွင် ကျောင်းမုန့်ဈေးတန်းအား ဆက်လက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်ရှိဆန်းသစ်ဆန်စက်သို့MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း ဆောင်ရွက် ”

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စာရင်းအချက်အလက်များ ကောက်ခံရန် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပဲခူး-ခရမ်းကားလမ်းဘေး၊ အမှတ်(၇)ရပ် ကွက်ရှိ ဆန်းသစ် ဆန်စက်သို့ ဩဂုတ်(၂၁)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းနှင့် တွေ့ဆုံ၍ ဆန်စက်၏ ထုတ်လုပ်နိုင်မှုစွမ်းအား၊ တစ်နှစ်ကြိတ်ခွဲထုတ်လုပ်မှု ဆန်တန်၊ တစ်နှစ်ကြိတ်ခွဲမှုစပါးတင်းများနှင့် စပါး(၁၀၀)ကြိတ်ခွဲပါက ထွက်ရှိမည့် ဆန်၊ ဆန်ကွဲစလတ်အိတ် အရေအတွက် စာရင်းများအား ကောက်ခံခဲ့ကြပြီး ဆန်စက် ကြိတ်ခွဲထုတ်လုပ်နေမှုများအား လေ့လာကြည့်ရှု့ခဲ့ကြပြီး ဆန်စက်ကြိတ်ခွဲထုတ်လုပ်နေမှုများအား လေ့လာကြည့်ရှု့ပြီး မြို့နယ်တာဝန်ခံက ဆန်တန်ချိန် (၂၅)တန်နှင့်အထက်၊ စပါးတင်း (၂၅၀၀)နှင့် အထက်သိုလှောင်ထားရှိပါက www.myro.com. Mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ထားကြရန် အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Zz စီးပွားဖြစ်ထုတ်ကုန်သင်တန်း မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် (၂၁.၈.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင်(Zz စီးပွားဖြစ် ထုတ်ကုန်သင်တန်း)  အမှတ်(၇၅၀)၊ သုဓမ္မာလမ်း(၂)ရပ်ကွက်၊  မြောက်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှ တစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု နှင့်ပတ်သက်၍  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘူးသွပ်ဆီများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ရန်ကုန်တိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၁.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပုဏ္ဏမီဈေးရှိ ကုန်စုံဆိုင်များတွင်  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)မှ  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဘူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်း စစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထား သောကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

(Rio) သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၁.၈.၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်နှင့် ဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁၇)၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ (Rio) သောက်ရေသန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

             ထိုသို့စစ်ဆေးရာတွင်  (Rio)အမှတ်တံဆိပ်သောက်ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေ ရေးကိုအလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်းစနစ်တကျရှိစေရန်၊ သက်ဆိုင်ရာဌာနများ၏ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်နှင့် စားသုံးသူကာကွယ်‌ရေး ဥပဒေပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

(YOU) သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

         ရန်ကုန်တိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်နှင့် ဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁၃၀၉/၁၃၁၀)၊ ဇာတိဂုဏ်လမ်း၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ (YOU) သောက်ရေသန့်လုပ်ငန်းမှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၂၁.၈.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ထုတ်ကုန်များလုံ ခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့စစ်ဆေးရာတွင် သောက်ရေသန့်သည်စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလဲ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေ ရေးကိုအလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်းစနစ်တကျရှိစေရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မေခအလှကုန်ပစ္စည်းများလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၁.၈.၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၁0)နာရီအချိန်တွင် အမှတ်(၄၀၁/ခ)၊ ပေါ်ဆန်းမွှေး(၂)လမ်း၊ အမှတ်(၁၂) ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မေခအမည်ဖြင့် Online မှတ်ပုံတင် ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အ.မ.က(၄၇) မူလတန်းကျောင်း၌ New Barber Shop မှ ပရဟိတအဖွဲ့က ဆံပင်များညှပ်ပေးခြင်း

          (၂၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အ.မ.က (၄၇) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမွန်နိုင်ပါ (၄)ဦးတို့သည် New Barber Shop ဆံပင်ညှပ်ဆိုင် ပရဟိတအဖွဲ့မှ ကျောင်းသားများအား အခမဲ့ဆံပင်ညှပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          New Barber Shop ဆံပင်ညှပ်ဆိုင် ဝန်ထမ်း(၈)ဦးမှ ကျောင်းသား(၈)ဦးနှုန်းဖြင့် ညှပ်ပေးလျက်ရှိပြီး ယနေ့တွင် ရသလောက်ညှပ်ပေးသွားမည်ဖြစ်ပြီး မိမိတို့ပရဟိတအဖွဲ့သည် (၃)လ လျှင်တစ်ကြိမ် လှိုင်သာယာ(အရှေ့/အနောက်)မြို့နယ်အတွင်းရှိ ကျောင်းများသို့ သွားရောက်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ငွေကြေးမတတ်နိုင်သော ကျောင်းနေရွယ်ကလေးများအား အခက်အခဲမရှိစေရန် ရည်ရွယ်ပါကြောင်း ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဖြိုးဝေဟိန်းမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

လှိုင်သာယာမြို့နယ်၊ အ.ထ.က (၁)ကျောင်းရှိ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် ကျောင်းကျန်းမာရေးနှင့်အတူ (၂၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးခဲ့ကြရာတွင် မုန့်မျိုးစုံနှင့်စားသောက်ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/ မရှိ၊ သက်တမ်းလွန်မုန့်များရောင်းချမှုရှိ/ မရှိ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ပစ္စည်းများဖြစ်ရေးတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး အစားအသောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူတွေအနေနဲ့ အစားအသောက်များ မှာယူသုံးစွဲရန် ခွင့်မပြုတဲ့ ဆိုးဆေးတွေကို လုံးဝအသုံးမပြုရန်နှင့် မုန့်ဈေးတန်းဆိုင်ရှင်များကို အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းကျန်းမာရေးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှိုင်သာယာမြို့နယ်၊ အ.မ.က (၄၇)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

          (၂၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် လှိုင်သာယာမြို့နယ်ရှိ အမှတ်(၄၇)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုသို့အသိပညာပေးရာတွင် ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်း စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆို တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ သိရှိလိုပါက Consumer Call Center (1535)သို့ မေးမြန်းနိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - HighLight News