Main menu

HighLight News

Powered by Drupal

စားအုန်းဆီ လက်လီ/ လက်ကား ကုန်သည်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

     ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးမျိုးဆွေနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးကိုကိုဦးတို့သည် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၆-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချရာ၌ စနစ်တကျရှိစေရေးနှင့် စျေးကွက်အတွင်း သင့်တင့်မျှတသည့်စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေးအတွက် စားအုန်းဆီ လက်လီ/လက်ကားရောင်းချသည့် ကုန်သည်များနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါ သည်။

      ထိုတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွား‌ရေးရာဝန်ကြီး ဦးမျိုးဆွေက ကချင်ပြည်နယ်အနေနှင့် စားအုန်းဆီများကို စားသုံးသူပြည်သူများသို့ စျေးနှုန်းသက်သာစွာရောင်းချနိုင်ရန် ၂၀၂၃ခုနှစ်၊ မေလမှ စ၍ထုတ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး တစ်လလျှင် တန်(၁၀၀) ခွဲတမ်းရရှိခဲ့ကြောင်း၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တောင်းဆိုမှုကြောင့် တစ်လလျှင် တန်(၅၀၀) ခွဲတမ်းရရှိခဲ့ပြီး၊ ၂၀၂၄ခုနှစ်၊ မေလနှင့် ဇွန်လများတွင် တန်(၁၀၀) သာပြန်လည်ရရှိခဲ့သည့်အတွက် ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌဖြစ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား တစ်လလျှင် တန်(၅၀၀) ထုတ်ယူခွင့်ပြုပါရန် တင်ပြခဲ့ကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၉ရက်‌နေ့တွင် ကျင်းပပြုလုပ်သည့်   ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏  (၂/၂၀၂၄ )ကြိမ်မြောက်အစည်းအဝေးတွင်လည်း  ပြည်နယ်ဝန်ကြီးချုပ်က တန် (၅၀၀)ထုတ်ယူခွင့်ပြုပါရန် တင်ပြခဲ့ကြောင်း၊ စားအုန်းဆီများကို သတ်မှတ်ပေးထားသည့် စျေးနှုန်းဖြင့်သာရောင်းချရန်နှင့်‌ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း (သို့မဟုတ်) ဈေးနှုန်းမြင့်တင်ရောင်းချရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီရောင်းချနေမှုအား ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးကိုကိုဦးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပြီးအခမ်းအနားကို နေ့လယ်(၁၅း၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ စားအုန်းဆီ လက်လီ/လက်ကားကုန်သည် ၂၉ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၏ စီးပွားရေးရာဝန်ကြီးခန်းမတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်

   ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၆/၂၀၂၄)ကို ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၅ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ၂၀၂၄ခုနှစ်၊  ပြည်နယ်စားသုံးသူရေးရာကော်မတီ (၅/၂၀၂၄) အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ဈေးကွက်အတွင်းသို့ သက်ဆိုင်ရာဌာနများက တရားမဝင်ကုန်စည်အဖြစ် ကြေညာထားသည့်ကုန်ပစ္စည်းများ  ဈေးကွက်အတွင်းသို့ဝင်ရောက်မှုရှိ/မရှိစစ်ဆေးခြင်း စသည့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေနွေးခဲ့ပြီးနောက် ပြည်နယ်စားသူရေးရာကော်မတီအတွင်းရေးမှူး ဦးလှမိုးနိုင်က  မိမိတို့စားသုံးသူရေးဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်မှုရှိ/မရှိစစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ကြိုတင်အသိပေးခြင်းနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းမှ ပပျောက်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် လစဉ်ကွင်းဆင်းစစ်ဆေးခြင်း၊ စောင့်ကွက်စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ လမ်းညွှန်ချက်များနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်းရှင်းလင်းတင်ပြခဲ့ရာ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြောင်း  သတင်းရရှိပါသည်။

 

DOCA(ချင်း)

ဒေးဒရဲမြို့၊ (၁) ရပ်ကွက်၊ အ.ထ.က (၃) ကျောင်းရှိ ကျောင်းသား/ သူများအား အသိပညာပေးဟောပြော

       ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်၊ ခရိုင်စားသုံးထုတ်လုံမှ  ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းနှင့် ဒေးဒရဲမြို့နယ်ဦးစီးမှူးတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက် ၊ အ.ထ.က (၃) ကျောင်းရှိ ဆရာ/မ (၃၄) ဦး၊ ကျောင်းသား/သူ (၆၁၁)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောခဲ့ပါသည်။

         ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်ကိုပြောကြားခဲ့ပြီး ခရိုင်စားသုံးထုတ်လုံမှ ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းက စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် ငွေကြေး (သို့) ကျန်းမာရေးဆိုင်ရာထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဒေးဒရဲမြို့နယ်ဦးစီးမှူး ဦးသိမ်းမောင်ကလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲနိုင်ရေး ထပ်ဆင့်အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရွှေပြည်သာ City Mart သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးစန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ AEO ဦးကျော်တိုင်မွှေး၊ ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဝင်းကြိုင်နှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဦးတင်ရွှေတို့ပူးပေါင်းပါဝင်လျက် ၂၂-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၂၀)နာရီအချိန်တွင် အမှတ်(၂၅၀/၂၅၁)၊ (၄၂/က)၊ အမှတ်(၄)လမ်းမကြီး၊ (၁)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာ City Mart သို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်နိုင်စေရန် ဆန်စပါးအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းရှိ/မရှိကို City Mart တာဝန်ခံ ဒေါ်အေးသန္တာဝင်းအား မေးမြန်းရာတွင် ရုံးချုပ်မှ မှာယူချပေးသောပစ္စည်းများကိုသာ ရောင်းချရကြောင်း၊ ဈေးနှုန်းကိုလည်း ရုံးချုပ်က ချပေးသည့်အတိုင်း ရောင်းပေးရကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Terminal (M) ရှိ Ocean Supermarket ဆန်အရောင်း LG-01 အား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူး၊ မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မိုး၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရဲမှူး ဦးစိုးလင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့ပူးပေါင်းပါဝင်လျက် ၂၂-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄:၂၀)နာရီအချိန်တွင် အမှတ်(၁၉၆)၊ ခရေပင်လမ်း၊ အမှတ်(၃)လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Terminal (M) ရှိ Ocean Supermarket ဆန်အရောင်း LG-01 သို့ အဖွဲ့စုံဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်နိုင်စေရန် ဆန်စပါးအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းရှိ/မရှိကို Ocean Supermarket ဆန်အရောင်း LG-01 တာဝန်ခံ ဒေါ်ခင်ဆုပန်အား မေးမြန်းရာတွင် ရုံးချုပ်မှ မှာယူချပေးသောပစ္စည်းများကိုသာရောင်းချရကြောင်း၊ ဈေးနှုန်းကိုလည်း ရုံးချုပ်ကချပေးသည့်အတိုင်း ရောင်းပေးရကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြေပြင်တွင် စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် ၂၅-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)နာရီအချိန်တွင် မြို့နယ်အသီးသီးရှိ မြေပြင်တွင် စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်များရှိ မြို့မဈေးများမှ ကုန်စုံဆိုင်များဖြစ်သော ဒေါ်ဝင်းဝင်းငယ်၊ ဒေါ်အေးအေးနွယ်၊ ဦးအောင်သန်း၊ ဦးစတီး၊ ဦးနေအောင်၊ ဒေါ်ညို၊ ဦးသိန်းသန်းစိုးနှင့် ဒေါ်ခင်မြင့်ကြည်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအပေါ်  (၂%)အမြတ်၊ သယ်ယူစရိတ်+ လုပ်သားခတွက်ချက်၍ ရောင်းချပါကြောင်း၊ ယခုအခါ ဆီအဝယ်များသောကြောင့် စားသုံးသူပြည်သူများအားလုံးရရှိစေရန် ကတ်စနစ်များဖြင့် ရောင်းချနေကြောင်း၊ နံနက်စောစောပိုင်းတွင် ကတ်ဝေပေးပြီး နေ့လယ်ပိုင်းရောက်ချိန်တွင် စနစ်တကျရောင်းချပေးကြောင်း၊ အလေးချိန်ပြည့်ဝစွာရောင်းပေးပြီး လက်ကျန်မထားဘဲ တစ်နေ့စာ တစ်နေ့ ကုန်အောင်ရောင်းချလျက်ရှိပကြောင်း ကွင်းဆင်းစစ်ဆေးသိရှိရပါသည်။

DOCA(ရန်ကုန်)

မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ ဝန်ထမ်း(၂)ဦးသည် ၂၄-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးသို့ စားအုန်းဆီခွဲတမ်းရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် မေဇင်ကုမ္ပဏီတာဝန်ရှိသူ ဦးသက်ထွန်းပါ (၃)ဦး၊ စည်ပင်သာယာမှ တာဝန်ရှိသူ(၁)ဦးပူးပေါင်းအဖွဲ့ဖြင့် ကုန်စုံဆိုင်များဖြစ်သော ဦးအောင်ကျော်ထူး ဆိုင်အမှတ်(B2,7မှ 8)၊ ဒေါ်နွယ်နွယ်အောင် ဆိုင်အမှတ်(B2, 26 မှ 28)၊ ဦးခင်ဝင်း ဆိုင်အမှတ် (B1, 35 မှ 36)များကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီများကို သတ်မှတ်ထားသည့် ရည်ညွှန်းဈေး (၂%)အမြတ်၊ သယ်ယူစရိတ်+လုပ်သားခတွက်ချက်၍ရောင်းချရန် ညွှန်ကြားခဲ့ပြီး စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

   ရန်ကုန်တို်ငးဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ဇွန်လ(၂၁)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန်းနိုင်မှ မင်းပိုင်ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင်းအရေးများဖြစ်သည့် စားသုံးသူ၏အခြေခံလိုအပ်ချက်များပြည့်စုံစေနိုင်မှု၊ လွတ်လပ်စွာရွေးချယ်ဝယ်ယူ စေနိုင်မှု၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတိုင်ကြားနိုင်စေမှုစသည့် စားသုံးသူကာကွယ်ရေးအချက်များနှင့် လိုက်နာဆောင်ရွက်သင့်သည့် စားသုံးသူ၏တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှု များမရှိစေရန်အတွက် စားသုံးသူပြည်သူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှုဝယ်ယူသုံးစွဲကြရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထောက်ခံချက်ရရှိထားသည့် ကုန်ပစ္စည်းများအား ရွေးချယ်သုံးစွဲသင့်ကြောင်း စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ စသည်တို့ကို စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Olive Pharmacecrtical Co., ltd အား ပူးပေါင်းအဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးခြင်း

      ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်မူမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစိုးဝင်းထွန်း၊ ဆေးအသင်းမှဒေါက်တာဝင်းမာပြည့် စသည့်ဌာနများ ပူးပေါင်း ၍ ၂၁.၆.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  အမှတ်(၈၅၀) ဘုရင့်နောင် လမ်းနှင့်နီလာလမ်းထောင့် (၃၆) ရက်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ  Olive Pharmacecrtical  Co., ltd  မှ ‌ဒေါ်ထက်ထက်အောင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   ဆေးကုမ္ပဏီအတွင်းရှိ ဆေးများစစ်ဆေးရာတွင် ဆေး(၅၀)မျိုးရှိပြီး အဆိုပါဆေးများ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့် ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ တို့ကို စိစစ်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ရန်ကုန်)

ဘီးလင်းမြို့နယ်ရှိ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၁-၆-၂၀၂၄ ရက်နေ့တွင် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ဘီးလင်းမြို့နယ်ရှိ ဆန်ဆိုင်ကြီးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာရောင်းချရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News