Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူမြို့နယ်အတွင်း Online Shop လျှောက်ထားသူများအား မြေပြင်ကွင်းဆင်းစစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား Online စနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက နစ်နာမှုမရှိစေရေးအတွက် Online စနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအား စနစ်တကျ ထိန်းကျောင်းနိုင်မည့် e-Commerce Registration System (e-ConReg System) အားရေးဆွဲ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) မှတ်ပုံတင် လက်မှတ် ခွင့်ပြုထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ရှိပြီး လျှောက်ထားလာသည့် Online Sales မှတ်ပုံတင်လက်မှတ်များအား စစ်ဆေးပြီးသည့်အခါ စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာဦးစီးမှူးရုံး များရှိ စစ်ဆေးရေးအရာရှိများမှ မြေပြင်ကွင်းဆင်းစစ်ဆေးလျှက်ရှိပါသည်။

          (၃၁.၈.၂၀၂၆) ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့တို့သည် တောင်ငူမြို့ပေါ်ရှိ Online Shop Registration မှတ်ပုံတင်လျှောက်ထားသည့် Solar Eyewear Shop လုပ်ငန်းနှင့် K&T Online Shop တို့သို့သွားရောက်၍ မှတ်ပုံတင်မည့်လုပ်ငန်းအမည် မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်းတည်ရှိရာ လိပ်စာမှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်းသို့ဆက်သွယ်ရန် ဖုန်းနံပါတ်မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်း၏ Logo မှန်ကန်မှုရှိ/မရှိ၊ ကုမ္ပဏီ မှတ်ပုံတင်ရှိ/မရှိ၊ SME မှတ်ပုံတင်ရှိ/မရှိ၊ လုပ်ငန်းရှင်၏ အမည်၊ လိပ်စာ၊ မှတ်ပုံတင်နှင့် နိုင်ငံသား/ နိုင်ငံခြားသား မှန်ကန်မှုရှိ/မရှိတို့အပြင် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် အမည်ပျက်စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်းထောက်ခံချက်ရှိ/မရှိ၊ ရောင်းချသည့်ကုန်စည်/ ဝန်ဆောင်မှု အုပ်စု ကိုက်ညီမှုရှိ/မရှိ၊ ဥပဒေတစ်ရပ်ရပ်အရ တားမြစ်/ ်ကန့်သတ်ထားသော ကုန်စည်ဟုတ်/မဟုတ်၊ ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းရှိ/မရှိ၊ ရောင်းချနေသောကုန်စည်သည် ကိုယ်ပိုင်ထုတ်ကုန်ဟုတ်/ မဟုတ်၊ ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ ရောင်းချနေသော ကုန်စည်တွင် ပြင်တွင်း၌ထုတ်လုပ်/တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီလိပ်စာပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ Solar Eyewear Shop လုပ်ငန်းမှာ မျက်စိစမ်းသပ်ခြင်း၊ မျက်မှန်ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်နေသည်ကိုတွေ့ရှိရပြီး K&T Online Shop လုပ်ငန်းမှာ အထည်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်နေသည့်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးချက်များနှင့် လျှောက်ထားစဉ်ကအချက် အလက်များ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်အတွင်းရှိ ဖုန်းအရောင်းဆိုင်များတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍ (အင်တာနက်ဝန်ဆောင်မှု) နှင့် စပ်လျဉ်း၍ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

                  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးသည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုအားကြိုးမာန်တက် လုပ်ဆောင်လျက်ရှိရာ ၂၅.၈.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်ရှိ ဖုန်းအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည်  ကျောက်တံခါးမြို့နယ်ရှိ ဖုန်းအရောင်းဆိုင်များအား မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ကျောက် တံခါး) (MPT)တို့မှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းခဲ့ရာ မြို့နယ်တာဝန်ခံက ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)များကို စားသုံးသူ ပြည်သူများ အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်စေရန် ဝန်ဆောင်မှုများ ပေးရမည်ဖြစ်ကြောင်း၊ မှတ်ပုံ တင်ထားခြင်းမရှိသော (Sim Card) များအား တရားမဝင်ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူ ပြည်သူများ လာရောက်မှတ်ပုံတင်ရာတွင်လည်း မြန်ဆန်စွာ ဝန်ဆောင်မှုပေးကြရန် အသိပညာပေး ဟောပြောခဲ့ကာ ဖုန်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

ပဲနွယ်ကုန်းမြို့၊ တပင်ရွှေထီးကျောင်းတွင် လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၄.၈.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည်  ကျောက်တံခါးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ တပင်ရွှေထီးကျောင်းတွင် လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်၊ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိ ရပါသည်။

           ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ တပင်ရွှေထီးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား  လူငယ်များအတွက် မူးယစ် ဆေးဝါးသည် မည်သိုမည်မျှ အန္တရာယ်ကြီးကြောင်းနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြ ချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၁၅၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စစ်ဆေးရေးမှူး များ၏ လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး (Talk Show) ဟောပြော

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၁.၈.၂၀၂၆ ရက်နေ့၌ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ညောင်လေးပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စစ်ဆေးရေးမှူးများ၏ လုပ်ငန်းတာဝန်များ အကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

             မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် ညောင်လေးပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  တာဝန်ရှိသူနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စစ်ဆေးရေးမှူးများ၏ လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို (၂၀၁၉) ခုနှစ်၊ မတ်လ (၁၅) ရက်တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၉/ ၂၀၁၉) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ စစ်ဆေးရေးမှူးများ၏ လုပ်ငန်းတာဝန် (၁၁) ချက်ရှိကြောင်း၊ စစ်ဆေးရေးမှူး များ၏ လုပ်ပိုင်ခွင့်အကြောင်းအရာများအား အသေးစိတ်ဟောပြော ရှင်းလင်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆန်စက်များသို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက် တံခါးမြို့နယ်တာဝန်ခံရုံးသည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဆန်စက်နှင့် သိုလှောင်ရုံကိစ္စရပ်များ၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေးကိစ္စရပ်များကို အားကြိုးမာန် တက် လုပ်ဆောင်လျက်ရှိရာ ၁၂.၈.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင် စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်ရှိ ဆန်စက်များအား အဖွဲ့စုံဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

                                    ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည်  ကျောက်တံခါးမြို့နယ်ရှိဆန်စက်များအားမိတ်ဖက်ဌာနများဖြစ်သောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံက ဆန်စက်များအနေဖြင့် ပြည်သူများအား ဈေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေးနိုင်ရေး ဆွေးနွေးခဲ့ပြီး ဆန်စက်နှင့် ဆန်သိုလှောင်ရုံပိုင်ရှင်များ အနေဖြင့် သိုလှောင်ရုံမှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ သက်တမ်းကုန်သည့်အချိန်တွင်လည်း သက်တမ်းတိုး ရမည်ဖြစ်ကြောင်း၊ လစဉ်လဆန်း (၁) ရက်နေ့မှ (၁၀)ရက်နေ့အတွင်း သိုလှောင်ရုံ ရ၊ ထုတ်၊ ကျန် စာရင်းများကို ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံအား မှတ်ပုံတင်ထားခြင်းမရှိလျှင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့် (အမိန့်အမှတ် ၈၂/ ၂၀၂၄) အရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးကာ ဆန်စက်နှင့် သိုလှောင်ရုံတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များတွင် ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ ၁၁.၈.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး နှင့် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်ရွှန်းလဲ့ခင်အောင် နှင့် ဒေါ်စန္ဒာဦး၊ နေ့စားဝန်ထမ်း ဦးခန့်နောင်ဦးတို့သည် မိတ်ဖက်ဌာနများနှင့်အတူ ညောင်လေးပင် မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

         ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက် ဌာနများ ဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ညောင်လေးပင်မြို့မဈေး တာဝန်ခံတို့နှင့် အတူ ညောင်လေးပင်မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေး အာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့အား စစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံက ကလေးအာဟာရ ဖြည့်စွက် စာများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက အသိအမှတ်ပြု ထောက်ခံချက်ပေးထား သော အသိ အမှတ်ပြု လက်မှတ်များ ရှိရမည်ဖြစ်ကြောင်း၊ ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ဖော်ပြပါရှိရမည်ဖြစ်ကြောင်း၊ သက်တမ်းလွန်နေသော ဆေးဝါးများနှင့် ဖြည့်စွက်စာများအား ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ အပြစ်ပေး အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေး ခဲ့ပါသည်။ ကွင်းဆင်းစစ် ဆေးရာတွင် ညောင်လေးပင်မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော ကလေးအာဟာရဖြည့်စွက်စာများတွင်ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်၊ မြို့မ (၇) ရပ်ကွက်၊ ဆည်မြောင်းလမ်းရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့်ကုန် ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၅.၈.၂၀၂၆ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဒိုက်ဦးမြို့နယ်၊ မြို့မ (၇) ရပ်ကွက်၊ ဆည်မြောင်းလမ်းရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

             ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ဒိုက်ဦးမြို့နယ်၊ မြို့မ (၇) ရပ်ကွက်၊ ဆည်မြောင်းလမ်းရှိ (အလက) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၁၉၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တာဝန်ခံ ဒေါ်အေးသန္တာထွန်းသည် သာယာဝတီမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး၊ သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သာယာဝတီမြို့နယ် အတွင်းရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များ ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ အပတ်စဉ် အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၂၅.၈.၂၀၂၆) ရက်နေ့တွင် သာယာ ဝတီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ ဆင်ဖြူတော်ဆန်စက်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထ စပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် ဧည့်မထ ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ၁၀၈ပေါင် ဆန်တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်ဖြင့် အများ ပြည်သူများကို နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်း  သိရှိရပါသည်။

DOCa(ပဲခူး)

မိုးညိုမြို့စားသုံးဆီရောင်းချနေမှုအားကွင်းဆင်းဆောင်ရွက်

               ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မိုးညိုမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံး သူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံး သူများဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိပါသည်။ထိုသို့ဆောင်ရွက်ရာတွင်  မိုးညိုမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့မရပ်ကွက် စားသုံးဆီ ရောင်းချနေသော ဒေါ်ခင်စန်းအေးကုန်စုံဆိုင်အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်း ဆီရောင်းချမှုဈေးနှုန်းများ၊ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/မရှိ ၊ သတ်မှတ် ရည်ညွှန်း ဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ ရောနှောဆီများ ရောင်းချခြင်းမပြုကြရန် မှာကြား ခဲ့ပါသည်။ဈေးနှုန်းများအဆမတန် မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCa(ပဲခူး)

အွန်လိုင်းဖြင့် ဆုံမြေပဲဆီသန့် ရောင်းချသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်သည့်လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန် အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များ အပါအဝင်အခြားသိကောင်းစရာများအား သိရှိစေရန် ရည်ရွယ် (၁၅..၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆုံမြေပဲဆီသန့်ရောင်းချ သည့် လုပ်ငန်းရှင်နှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံအသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့်ရောင်းဝယ်မှုများပြုလုပ် ဆောင်ရွက် ရာ တွင် လိမ်လည်မှုများ များပြားလာပြီး တိုင်ကြားမှုများ ရှိလာသောကြောင့် အွန်လိုင်းဖြင့် ရောင်းချနေ သည့် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန်လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားသော ကြောင့် မည်သူမဆို အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထား ရရှိ ပြီးမှလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှ စတင်၍ မှတ်ပုံတင် လက်မှတ်မရှိဘဲအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရ မည်ဖြစ် ကြောင်း၊ ထိုသို့အွန်လိုင်း မှတ်ပုံတင်ထားခြင်းဖြင့် အွန်လိုင်းဖြင့်ရောင်းချနေသော အဝတ်အထည်၊ အစားအသောက်၊ အလှကုန် ပစ္စည်းများ၊ အခြားကုန်စည်များ စသည့် ကုန်စည်အမျိုးမျိုးကို စားသုံးသူ များအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအား မိမိတို့ ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချနေမှုအပေါ် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် website အခြေခံလိုအပ်ချက်များ အပါအဝင် အခြားသိကောင်းစရာများနှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ