Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အေးခဲအစားအစာအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

          ၁၆.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ခရိုင်းဦးစီးမှူး နှင့် မြို့နယ်တာဝန်ခံတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အေးခဲအစားအစာ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အေးခဲအစားအစာအမျိုးမျိုးတို့၏ ပါကင်ထုပ်များ အပေါ်၌ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထား ခြင်း ရှိ/မရှိကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းသော အေးခဲအစားအစာများကိုသာ ရောင်းချနေ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အမှတ် (၁) အောက်ဈေး၌ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး

          ၁၅.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ အမှတ် (၁) အောက်ဈေးရှိ စီးပွားရေး လုပ်ငန်းရှင် (၃၀) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်ဦးစီးမှူးမှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအရ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက် များအကြောင်း၊ စားသုံးသူသည် ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထိခိုက် နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အတွက် စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသောကြောင့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို အခန်း (၂၃) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ပြစ်မှု၊ ပြစ်ဒဏ်များ စီရင်ခံနိုင်ကြောင်း လုပ်ငန်းရှင်များအား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ “မိုးပွိုင့်” သောက်ရေသန့်စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးအသိပညာပေး

          ၁၆.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ ကဒုံစီရပ်ကွက် ရှိ “မိုးပွိုင့်” သောက်ရေသန့်စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်း ရှင်များအား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)  ပါ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏  အဓိပ္ပါယ်နှင့် တာဝန်(၁၁)ချက်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူသည် ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှု အခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ် အ.မ.က (၂) မူလွန် (မုသင်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၁၅.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် ဘီးလင်းမြို့နယ်၊ အ.မ.က (၂) မူလွန် (မုသင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ ပါသည်။

      အဆိုပါ‌ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြော ဆွေးနွေးခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သော လူကိုယ်တိုင်လာရောက်တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center 1535သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်၊ DOCA Application ၌ တိုင်ကြားခြင်း၊ DOCA  Website သို့ တိုင်ကြားခြင်း တို့ကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးရှိုင်းထက်စိုးနှင့် ဆရာ၊ ဆရာမ (၉) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်ခရိုင်ဦးစီးမှူးသည် ဒိန်ချဉ်ထုတ်လုပ်မည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    ၁၇.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်ဦးစီးမှူးသည် ဒိန်ချဉ်ထုတ်လုပ်မည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို မော်လမြိုင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၁၅.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးနှင့် ဝန်ထမ်းတို့သည် မော်လမြိုင်မြို့၊ ကွင်းရပ် ရပ်ကွက်ရှိ “Flower Germent” အမည်ဖြင့် အထည်ချုပ်လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံ တင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက် ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြ ထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (မွန်)

“ကျောက်ဆည်မြို့နယ်အတွင်းရှိ အာကာကျော်စားအုန်းဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

   ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၈)ရက်နေ့ ၊ နံနက်(၈း၃၀)အချိန်တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အာကာကျော်စားအုန်းဆီ အရောင်းဆိုင်သို့ သွားရောက်ပြီးစစ်ဆေးခဲ့ရာ ကျောက်ဆည်မြို့နယ်အတွင်းရှိ  မုန့်ပေါင်းကျေးရွာရှိ အိမ်ထောင်စုအလိုက် အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ(၂.၅)ပိဿာနှုန်းဖြင့် ရောင်းချနေမှု နှင့် စားအုန်းဆီများအား စာအုပ်များဖြင့် ထုတ်ပေးလျက်ရှိရာ အိမ်‌ထောင်စုအလိုက် ထုတ်ပေးထားသည့် စာအုပ်အဟောင်းများစိစစ်ခြင်း နှင့် စာအုပ်အသစ်များ ထုတ်ပေးခြင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။ ထိုသို့စစ်ဆေးရာတွင် ပြည်သူများအား စားအုန်းဆီရောင်းချသည့်စားအုန်းဆီအရောင်း ကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင်ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်၊ အချိန်မှန်၊ နေရာမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန် စသည့် (မှန်) ၆ (မှန်) ဖြင့် ရောင်းချပေးရေး၊ စာအုပ်များ၊ သန်းခေါင်စာရင်း၊ အိမ်ထောင်စုစာရင်းစသည်တို့ဖြင့်တိကျမှန်ကန်စွာရောင်းချပေးရေးစသည်တို့ကိုစားအုန်းဆီရောင်းချသည့် ကိုယ်စားလှယ်များအား ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များအား အဖွဲ့စုံဖြင့်  ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၁:၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိဒေါ်ကေသီကုန်စုံဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုးအား မြန်မာနိုင် ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ် အသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိ ကုန်ပစ္စည်းအတုအပများ ရောင်းချမှုမရှိစေရေး  စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၊ အမှတ်(၅)၊ (အ.လ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်()(..က)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား  စားသုံးသူအခွင့်အရေးနှင့် ဘေးအန္တရာယ်ကင်း ရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို မှန်ကန်စွာရွေးချယ် ဝယ်ယူတတ်စေရန် ရည်ရွယ်၍ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

    ဟောပြောပွဲတွင် ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိမွန်ကျော် အကြီးတန်းစာရေး က  စားသုံးသူတစ်ဦးအနေဖြင့် ရရှိရမည့် အခြေခံအခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများကို စစ်ဆေးခြင်း၊ မုန့်နှင့် အစားအသောက်များ ဝယ်ယူရာတွင် ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ကြိုတင်သတိပေးချက်များကို သေချာစွာဖတ်ရှု့ရန်လိုကြောင်း၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုတွေရှိလာရင်လည်း တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကို သိရှိထားဖို့  အသိပညာ ပေးရခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူတွေအနေနဲ့ အစားအစာ အပြင် သုံးစွဲမှုပိုင်ကိုလည်း ဂရုစိုက်ရန်လိုအပ်ကြောင်း၊ ယနေ့အချိန်အခါသည် နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာသည့်နှင့်အမျှ စားသုံးသူများကို အကျိုးပြုနေသော်လည်း တဖက်တွင်လည်း နစ်နာဆုံး ရှုံးမှုများနှင့် ကြုံတွေ့နေကြရကြောင်း၊ စားသုံးဆီနှင့်စပ်လျဉ်း၍ လူတစ်ဦးတစ်နှစ်လျှင် ဆီ (၅ ပိဿာမှ ၆ ပိဿာထိ)သာ စားသုံးသင့်ကြောင်း၊ ပိုမိုစားသုံးနေပါက ဆီစားသုံးမှု လျော့ချသင့်ကြောင်း၊ ဆီအလွန်အကျွံစားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးရောဂါနှင့် ဆီချိုရောဂါ စသည့် ရောဂါများဖြစ်ပွားနိုင်ကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူ များမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီ လက်လီအရောင်းဆိုင်များအား     သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ပုံမှန်ကွင်းဆင်းစစ်ဆေးလျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်မှ တာဝန်ခံဦးမျိုးဝင်းသန်း သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်း၌ အမှတ်(၂)ရပ်ကွက်ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်အား   အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိနှင့် စားအုန်းဆီ အရည်အသွေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်၌ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  လက်လီအရောင်းဆိုင်များမှ စားအုန်းဆီကို ရည်ညွှန်းဈေးနှုန်းနှင့် ၂% အမြတ်တို့ဖြင့်  အိမ်ထောင်စုတစ်စု(စာအုပ်တစ်အုပ်)လျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း၊ သယ်ယူပို့ဆောင်ရေး လမ်းခရီးအခြေအနေအရ ဆီရောက်ရှိမှုအပေါ်မူတည်၍ အိမ်ထောင် စုတစ်စု(စာအုပ်တစ်အုပ်)လျှင် သတ်မှတ်ထားသည့် (၂)ပိဿာနှုန်းပြည့်မီအောင် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း လက်လီအရောင်းဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)      

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ