Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၁၇--၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ် /၂၄၅၊ နယ်မြေ ၆၊ အောင်ဇမ္ဗူရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်ရှိမနန်းအလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင် ပစ္စည်းများ နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ရောင်းချသည့်လုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

သရက်မြို့၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး (Talk Show) ကျင်းပ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယ ဦးစီးမှူး ဒေါ်ရီရီထွေးသည် (၁၇.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်ဇာခြည်လွင်မှ စားသုံးသူများအတွက် ဆွေးနွေးမည့် ခေါင်းစဉ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို မေးမြန်းခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် လိုက်နာ ရမည်အချက်အလက်များခေါင်းစဉ်ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်လက်မှတ်ရရှိရန် ဆောင်ရွက်ရမည်အချက်များ၊ မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်မည့်သူများ လိုက်နာရမည့် စည်းကမ်းများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက Consumer Call Center ဖြစ်သည့် hotline No.1535 သို့ခေါ်ဆို၍ တိုင်းကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်သည့် အကြောင်းအရာများသိရှိလိုပါကမေးမြန်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှကျေးရွာ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တာဝန် ခံသည်(၁၇.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ စည်ပင်လှကျေး ရွာဓမ္မရုံ၌ ရွားသူ/ရွာသား (၅၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် တာ ဝန်ခံက ဌာန၏ သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်း များအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ဘေးကင်းလုံခြုံစိတ်ချရသည့် ကုန်စည်များဝယ်ယူတတ်စေရန်နှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန် များအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး စားသုံးသူကာကွယ်ရေးဥပဒေဖြေဆိုပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁၅.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး ဥပဒေကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်စိုးက Online System ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

  အဆိုပါ ပြိုင်ပွဲတွင် ရုံးချုပ် နေပြည်တော်မှ သတ်မှတ်ထားသည့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း()ခန်းကို မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးက မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာ အခန်း() အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်အား သတ်မှတ်ချိန် မိနစ်(၃၀)အတွင်း အလွတ်ကျက်မှတ်၍ လက်ရေးဖြင့် ရေးသားဖြေဆိုခဲ့ပြီး ဖြေဆိုပြီးသည့် အဖြေလွှာများအား တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲသို့ Email ဖြင့် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများသည် (၁၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်း ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ()ဦးနှင့်   ကျောင်းသား/ကျောင်း သူ (၈၇)ဦး၊ စုစုပေါင်း (၉၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်စိုးက  စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း အားလည်းကောင်း၊  ဒု-ဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည် များတွင် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်းနှင့် Online လုပ်ငန်းမှတ်ပုံတင်ခြင်း ဆိုင်ရာ အကြောင်းအားလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန်၊ တိုင်ကြား နိုင်သည့် လူပုဂ္ဂိုလ်များ၊ နေရာနှင့်နည်းလမ်းများ အကြောင်းအားလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေး ခဲ့ပြီး စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၄)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးမှူး ဦးမြတ်မင်းနှင့် ဝန်ထမ်းများသည် (၁၂.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၁၅)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲပြု လုပ်ခဲ့ရာ ဆရာ/ဆရာမ(၁၄)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၇၀)ဦး၊ စုစုပေါင်း(၂၈၄)ဦးတက် ရောက်ခဲ့ ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် ဦးမြတ်မင်းက  စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန်နှင့် တိုင်ကြားနိုင်သည့် နေရာနှင့်နည်းလမ်းများအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့် လှစ် ထားရှိပြီးဖြစ်ကြောင်း၊ Consumer Call Center ဖုန်းနံပါတ်(1535)သို့လည်းခေါ်ဆို၍ တိုင်ကြား နိုင်ကြောင်းနှင့် ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦး က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းကို လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်သန္တာခင်က စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား အကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်အား အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည်  (၁၂.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် ပခုက္ကူ မြို့၊ အမှတ်()ရပ်ကွက်ရှိ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

      စားသုံးဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် ပါဝင်ပစ္စည်းကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန် (ဥပမာ- ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ၊ (အဆင့်မြင့် စားအုန်းဆီ)နှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ စားသုံးဆီအမျိုးမျိုး တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက်များ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏အရည် အသွေးအချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန်လိုအပ်ကြောင်း၊ မိမိတို့ထုတ်လုပ် ဖြန့်ဖြူးရောင်းချသော စားသုံးဆီများအား အရည်အသွေးကို အဓိကထား၍ ထင်ယောင်ထင်မှား မဖြစ်စေရန် ရောင်းချစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအားဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီMC+OSSC (1/2025-2026) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meetingဖြင့်တက်ရောက်

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ BOD (5/2025-2026)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

   ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်းနှင့် အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်သော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချူပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများမှ တာဝန်ရှိသူများအား တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများမှ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ ကြပြီး အခမ်းအနားအား  (၉း၃၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း မုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ၊ နံနက် ၈း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေ‌ထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမုန့်စျေးတန်း အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေး ကျောင်းမုန့်စျေးတန်းအတွင်းရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိူးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များမပါရှိသော တရား မဝင်ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ