Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်အားအသိပညာပေး

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး မှ‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၆-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင်‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တာဝန်များအကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ်သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်းအကြောင်း၊  မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေး များအကြောင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာ အကြောင်းအရာများ အကြောင်း၊  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ eComReg SystemReport နှင့်ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

“ သက်တမ်းလွန်ဆေးဝါးများဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း သက်တမ်းလွန် ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့်ရပ်ကွက်များရှိ ပုဂ္ဂလိကဆေးဆိုင်များသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်‌ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများက စားသုံးသူပြည်သူ များ သုံးစွဲမသင့်ဟု ကြေညာထားသော ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ၊ ထုတ်လုပ်ခွင့် လိုင်စင် မရှိသောဆေးဝါးများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှထောက် ခံချက်မရှိ သော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ဆေးဆိုင် များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ကောင်းမွန်သော ဆေးဝါးများအား ရောင်း ချကြရန် ဆေးဈေးနှုန်းမြင့်တက်လာစေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မပြုလုပ်ကြရန်နှင့် တရားမဝင်သက်တမ်းလွန်လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

                ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၃.၉.၂၀၂၆ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ထူး(KIP)ဆိပ်ကမ်းနှင့် ဘုရင့်နောင်ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၁၄-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ ဂျာနူး(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “OMG” အမှတ်တံဆိပ်ပါ ရှူးရှဲလျှာမီးတောက် ခေါက်ဆွဲထုတ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်  ကုန်စည် ၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာ ဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက် တို့ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူသွယ်လင်း (ဦးစီးမှူး) ဦးဆောင်၍  ဒေါ်ခင်ရတနာမျိုး (အငယ်တန်းစာရေး) တို့သည် ၁၅-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အာဠဝီကုန်း ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

    ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူ အသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ် ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း၊ အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း နှင့် အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊  

DOCA(ကချင်)

ပုဇွန်တောင်ဈေး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်(၃.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးစည်ပင်ရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင်ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)ကစားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ(ခ)၊ (ဂ)နှင့်(ဆ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထုတ်လုပ် /ကုန်ဆုံးရက်စွဲ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာ သာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်းသိလိုသည် များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံး သူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်း နှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်ရရှိပါသည်။

DOCA (ရန်ကုန်)

Online Sale မှတ်ပုံတင်လျှောက်ထာခြင်းနှင့်စပ်လျဉ်း၍  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         (၂.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင် ထားရှိမှုကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို မြောက်ဒဂုံမြို့နယ်မှ Online မှတ်ပုံတင် လျှောက်ထားသည့် လုပ်ငန်းရှင်ဆီသို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေး ခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထား လာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာ များကိုသက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေး ပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာဖြစ် ကြောင်းပြောကြား ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း ၁၁၊ ပုဒ်မ ၂၃အရ စီးပွားရေးလုပ် ငန်းရှင်၏ မခံချက်များအချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA (ရန်ကုန်)

 “ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာအမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ရပ်ကွက်ကျေးရွာအုပ်စုများရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်‌ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့မှူးမြို့နယ် စည်ပင်လမ်း ပြည်တော်သာရပ်ကွက်၊ မကျီးတန်းရပ်ကွက်နှင့် ထမ္မနိုင်ကျေးရွာ၊ ဝါးဘလောက်သောက်ကျေးရွာ များရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့ဖြန့် ဖြူးရောင်းချလျက်ရှိ‌သော ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများအား သတ်မှတ်ရည် ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြု လုပ်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး  ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိဓာတ်မြေဩဇာအမျိုးအစားအလိုက်ဈေးနှုန်းများအားစာရင်းကောက်ယူမြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းစားသုံးဆီအမျိုးမျိုးတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း စားသုံးဆီတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ စက်တင်ဘာလ(၁)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ဝါးဘလောက်သောက် ကျေးရွာရှိစားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်‌ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနနှင့် ဝါးဘလောက်သောက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ ဖြင့် ကျေးရွာအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ အမှတ်တံဆိပ် ပြည်တွင်းထုတ်စားသုံးဆီဘူးအမျိုးအစားအလိုက် အရွယ်အစား၊ အလေးချိန်အမျိုးမျိုးတို့နှင့် စားအုန်းဆီလက်လီလက်ကားအရောင်းကိုယ်စားလှယ်ဆိုင်များရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီအမျိုးမျိုးနှင့်ပတ်သတ်သည့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များ၊ ထောက်ခံချက်များ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြပါရှိရ မည့် အချက်များအတိုင်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မရှိစေရေး၊ စားသုံးသူပြည်သူများ စားသုံးဆီ ဝယ်ယူစားသုံးရာတွင် ဘေး အန္တရာယ်ကင်းရှင်းပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလို အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချစေရေးတို့အတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

 

“ အမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီများဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရန် ရည်ရွယ်၍ စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေး ဆိုင်များသို့ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များတွင် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသောအမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီအမျိုးမျိုးတို့တွင်သက်ဆိုင်ရာဌာနများ၏ညွှန်ကြားချက်၊ ခွင့်ပြုချက်များ စားသုံးဆီအမျိုးမျိုးတို့တွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြရမည့် ဟင်းသီးဟင်းရွက် ဆီ ( Vegetable Oil Cooking Oil)များအား ဖော်ပြပါရှိခြင်းရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ညွှန်ကြားချက်များဖြစ်သည့် ကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိရမည့် အချက်များပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက် အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ