Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့နယ်အတွင်းရှိ‌ ဆေးဆိုင်များအား ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၁၀.၉.၂၀၂၆ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သထုံမြို့နယ်၊ သိမ်ကုန်း ရပ်ကွက်ရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ သထုံမြို့နယ်၊ သိမ်းကုန်းရပ်ကွက်ရှိ  ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိကြောင်းနှင့် တရားမဝင် ဆေးဝါးများ ရောင်းချခြင်း မရှိကြောင်း သိရှိရပါသည်။

     DOCA (မွန်)

မော်လမြိုင်မြို့နယ်တွင် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး Talk Show” ဆွေးနွေးပွဲကျင်းပ

 

          .၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် ဦးစီးမှူးသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူ ကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်း၊ ပစ္စည်းထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှု အချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်များ စသည့်သိကောင်းစရာတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တာဝန်ခံသည် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၉.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ကျိုက်မရောမြို့နယ်၊ ကျုံဝမ်းကျေးရွာရှိ “Ah Moon” Clothing & Cosmetics Online Shop လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

စိုက်ပျိုးရေးတောင်သူများအား ဝန်ဆောင်မှုကဏ္ဍ အကြောင်း အသိပညာပေးဟော

            မအူပင်ခရိုင်၊ ဓနဖြူမြို့နယ်တွင် ပြည်တွင်း စိုက်ပျိုးရေးလယ်ယာထွက်ကုန် သီးနှံများ စိုက်ပျိုးရာတွင် အသုံးပြုလျှက်ရှိသော ကုန်စည်များအသုံးပြုသည့်အခါ ဝယ်ယူအသုံးပြုလျှက်ရှိသော စိုက်ပျိုးရေးသုံး ကုန်စည် များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေး အသိပညာပေး ဆွေးနွေးရာ ၂၀၂၆ခုနှစ် ဩဂုတ် လ ၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ရာတွင်  မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနက  လုပ်ငန်းရှင်များနှင့် တောင်သူများအား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ ဝန်ဆောင်မှုကဏ္ဍအကြောင်း အသိပညာပေးဟော ပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။

                             အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဝန်ဆောင်မှု ဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊တန်ဖိုးမပါဘဲဖြစ်စေဖြည့်ဆည်းပေးသည့်ဆောင်ရွက်မှုကိုဆိုလိုကြောင်းစားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေ များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များအတွက် လိုအပ်သောသွင်းအားစုများကို ဝယ်ယူသုံးစွဲရာတွင် တရားဝင်ကုန်စည်များကိုသာ ဝယ်ယူသုံး စွဲရန်နှင့် ဖော်ပြပါဝင်သော ကုန်စည်နှင့် သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားများအတိုင်း စနစ်တကျ လိုက်နာသုံးစွဲရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည်ဖြင့်အသိပညာဟောပြော ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဌာနဆိုင်ရာ(၁၁) ဦး၊ စိုက်ပျိုးရေး လုပ်ငန်းရှင်(၈)ဦး၊ တောင်သူ(၃၅)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်အခြေအနေ ကွင်းဆင်းစစ်ဆေး

         ဓနုဖြူမြို့နယ်အတွင်း စက်သုံးဆီဈေးကွက် တည်ငြိမ်စွာ ရောင်းချဖြန့်ဖြူးနိုင်ရေးနှင့် စားသုံးသူများ သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့ တွင် အဖွဲ့စုံ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ၌ လက်ရှိ ဆီရရှိမှုနှင့် ပြတ်လပ်မှုအခြေအနေ၊ ဆီအမျိုးအစားအလိုက် ရောင်းချနေသည့် ဈေးနှုန်းများ တည်ငြိမ်မှုရှိ/မရှိနှင့် သတ်မှတ်ထားသည့် ရောင်းချမှုစည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှုရှိ/မရှိ၊ စားသုံးသူများအား စက်သုံးဆီများကို မှန်ကန်သည့် ပမာဏဖြင့် ရောင်းချပေးနိုင်ရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရေး၊ စက်သုံးဆီ လက်ကျန်သို လှောင်ထားရှိမှုအခြေအနေ၊ ဆီသိုလှောင်ကန်များနှင့် သိုလှောင်မှုစနစ်များ စနစ်တကျရှိ/မရှိတို့ကို စိစစ်ခဲ့ကြောင်း သိရသည်။

       တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား သက်ဆိုင်ရာ သတ်မှတ် စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်၊ စက်သုံးဆီများကို အလွန်အကျွံသိုလှောင်ခြင်း သို့မဟုတ် ဈေးကွက် အတွင်း မတည်ငြိမ်မှုဖြစ်ပေါ်စေနိုင်သည့် ရောင်းဝယ်မှုများ မပြုလုပ်ရန်နှင့် စားသုံးသူများအပေါ် မျှတမှန်ကန်စွာ ဝန်ဆောင်မှုပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး သတ်မှတ်ချက်ကို လိုက်နာမှုမရှိပါက ဥပဒေများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဆီဆို်ငတာဝန်ခံများအား မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

 

ဆေးအမျိုးမျိုးနှင့် အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          မအူပင်မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများ ဦးဆောင်၍ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်အရောင်းဆိုင်နှင့်  အလှကုန်ပစ္စည်းအရောင်းဆိုင်တို့အား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့ ရက်နေ့  နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်း၍ လိုက်လံ‌ ဈေးကွက် စောင့်ကြည့်စစ်ဆေး ဆောက်ရွက်ခဲ့ကြသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက မအူပင် မြို့နယ်ရှိ ဆေးဆိုင်လက်ကားဆိုင်ကြီးများနှင့် အလှကုန်စတိုးဆိုင်များ၊  လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များနှင့် အလှကုန် ပစ္စည်းအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်း မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိ၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အမျိုးမျိုးတို့တွင် ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လပ်မှု ရှိမရှိ၊ တားမြစ်အလှကုန်များ ရောင်းချမှု ရှိမရှိတို့တို့အား လိုက်လံစစ်ဆေးကာ ဆေးဆိုင်ကြီး ၆ ဆိုင်နှင့် အလှကုန်ဆိုင် ၅ ဆိုင် တို့အား စစ်ဆေးခဲ့ပြီး လိုအပ်သည်တို့ကို လိုက်နာဆောင်ရွက်ပူးပေါင်း၍ ဈေးကွက်အတွင်း ဘေးအန္တရာယ် ကင်းရှင်စွာ ရောင်းချနိုင်ရန် မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ  စားသုံးဆီဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊တာဝန်ခံ ဦးမင်းဇော်လတ် သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၂၅-၈-၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီက  မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ် ဈေးအတွင်းရှိ စားသုံးဆီဆိုင်များတွင် ရောင်းချနေသောစားသုံးဆီဘူးများတွင်  ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်()ဆိုင်ရှိ Meizan Lotus, Goody   စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ ၊မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်၂/၂၀၉ကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ကြရန်ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါသည်။

(DOCA ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ ပတ္တမြားရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၅--၂၀၂)ရက်နေ့၊ နံနက်(၁:၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ ပတ္တမြား ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော မုန့်မျိုးစုံအထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ပတ္တမြားရပ်ကွက်ရှိ ကုန်မျိုးစုံ ဆိုင်များတွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင်ပိုင်ရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်း ရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြ ခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိအား ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံ ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်း များသည် (၂၄--၂၀၂)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင်  ကုန်မျိုးစုံရောင်းချ သော စီးပွားရေးလုပ်ငန််းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံရောင်းချသူ စီးပွားရေး လုပ်ငန်းရှင်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျှက်ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်  အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့၏ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား အသိပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်(၂၅)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။  

(DOCA ဧရာဝတီ)

 

  

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ MSME လုပ်ငန်း ဖြစ်သော မိသားစု အမှတ်တံဆိပ် မုန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊လပွတ္တာခရိုင်ဦးစီးမှူးရုံး၊ လပွတ္တာမြို့နယ်တာဝန်ခံဦးလှထွဠ်ဦး သည် (၂၄-၈-၂၀၂၆)ရက်နေ့ နံနက်(၁၁;၀၀)နာရီက လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မိသားစု မုန့်လုပ်ငန်းပိုင်ရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ ပါသည်။

            ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် မိသားစု    မုန့်လုပ်ငန်းပိုင်ရှင်အား    ကုန်ကြမ်းရရှိမှုအခြေအနေနှင့်    ကုန်ချောထွက်ရှိမှုအခြေအနေ၊   ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းစုံစမ်းပြီး မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့်ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်း လတ်ဆပ်မှု ရှိစေရေး အဓိကထားဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ ထုတ်လုပ်သောကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာပါရှိခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား  အသေးစိတ်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

(DOCAဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ