Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 Shoon Pajamas Collection အွန်လိုင်းရှော့လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန်တွင် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊  အောင်ဇေယျာ(၁၂)ရပ်ကွက်၊ သီရိလမ်းရှိ Shoon Pajamas Collection အထည်အလိပ်နှင့် အဝတ်အထည် အွန်လိုင်းရှော့လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဒေါ်မြို့ရီက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများအတွက် မြေပြင်စစ်ဆေးခြင်း ဆိုင်ရာ အချက်အလက်များဖြစ်သည့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရ ယူမည့်လုပ်ငန်းနှင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားသူနှင့်သက်ဆိုင်သည့် အချက်အလက် စစ်ဆေးခြင်းရောင်းချမည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များစစ်ဆေးဆောင်ရွက်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းဆိုင် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့တွင် အသိပညာပေး Talk Show ဆောင်ရွက်     

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အများပြည်သူအား အသိပညာပေး Talk Show အစီ အစဉ်ကိုလစဉ် ဆောင်ရွက်လျက်ရှိရာ(၂၃.၇.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် Online ရောင်းဝယ်ခြင်းအကြောင်း သိကောင်းစရာများအကြောင်း ခေါင်းစဉ်ဖြင့် ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ Talk Show အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးထိန်လင်း(ဦးစီးအရာရှိ)က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ‌‌မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းအောင်(ဒု-ကြီးကြပ်ရေးမှူး)က Online ဖြင့်ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင် မှုကိုဖြစ်စေ Online ကို အသုံးချပြီး အရောင်းအဝယ်ပြုလုပ်ခြင်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ ဆက်လက် ၍ Online  ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူ သုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်သည့်အချက်များကိုလည်းကောင်း၊ အကယ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၂၄..၂၀၂၆)ရက်နေ့ နေ့လယ်(၁၂၀၀)နာရီအချိန်တွင် ဝါးးခယ်မမြို့ မြို့မဈေးရှိ  ကုန်စုံဆိုင်များအားကုလားလေးနှင့် မြန်မာရနံ့အမှတ်တံဆိပ် ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးအောင်မိုးမှ ဝါးခယ်မမြို့၊ မြို့မဈေးရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောကုလားလေးနှင့်မြန်မာရနံ့အမှတ်တံဆိပ် ဟင်းခတ်အမွှေးအကြိုင်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲ လျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ကြီးတံခွန်မြို့နယ်၊အ.ထ.က(၂၇)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေကို တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူ ပြည်သူများနှင့်စီးပွားရေးလုပ်ငန်းရှင်များ သိစေရန် အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။

             (၂၃-၇-၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၂၇) ရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းကို မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ဒေါ်မေသက်ထွန်း (ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့်အသားတင်အလေးချိန်၊သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် Consumer Call Center (၁၅၃၅) လိုင်းခွဲနံပါတ် (၃) သို့ ဆက်သွယ်တိုင်ကြားနိုင်သည့် အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၅၀၀) တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

            ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသည့် မုန့်များရောင်းချစေရေး အသိပညာပေးဟောပြောဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                                                                  

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့် ပူးပေါင်း၍ (၂၄..၂၀၂၆)ရက်နေ့  နံနက်(၁၁:၀၀)နာရီအချိန်တွင်  လပွတ္တာမြို့နယ်မြို့ပေါ်ရှိအိမ်သုံး ဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့်  ဆေးဝါးပြတ်လပ်မှုရှိ/ မရှိ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူ  ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်၊ ကာလကြာရှည်သုံးစွဲနေရသည့် ဆေးဝါးများ၊ သွေးကျဲဆေးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒါဏ်ကြေ လိမ်းဆေးအပါအဝင် ပုံမှန်သောက်သုံးနေသည့် ဆေးနှင့် ဆေးပစ္စည်းများ  ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး  ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အဓိကထားဆောင်ရွက်ရန် မေးမြန်းချက်များအရ အိမ်သုံးဆေးများအား ရန်ကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူရောင်းချနေရပြီး၊ ဆေးအမျိုးအစားအလိုက် % ထိသာ ဈေးနှုန်းအနည်းငယ်  မြင့်တက်လျှက်ရှိကြောင်း ဝယ်ယူရာတွင် အခက်အခဲမရှိ ဝယ်ယူနိုင်ကြောင်းသိရှိရပါသည်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဆိုင်ရှင်များသို့ အသိပေးဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊ ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊မော်ကျွန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးင်းဇော်လတ်နှင့် ဝန်ထမ်းများသည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၃.၇.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အမှတ်()ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့်စားမုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ အမှတ်()ရပ်ကွက်ရှိ မုန့်မျိူးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့်မျိုးစုံထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိမရှိစစ်ဆေးခဲ့ပြီး၊ မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါကု န်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အမှတ်(၃)ရှိ ဝင်းဝင်းကြာဇံမရွေးလုပ်ငန်းသို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် (၂..၂၀၂၆)ရက်နေ့   နံနက် (၁၁း၀၀)နာရီအချိန်တွင်  မြောင်းမြမြို့နယ်  အမှတ်()ရပ်ကွက်ရှိ ဝင်းဝင်း ကြာဇံမရွေးလုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ဝင်းဝင်းကြာဇံမရွေးလုပ်ငန်းပိုင်ရှင်အား ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချောထွက်ရှိမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းစုံစမ်းပြီးမိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့်ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိစေရေး အဓိကထားဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ပါ ဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအားလိုက်နာ ဆောင်ရွက်ကြရန်အသေးစိတ်ရှင်းလင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ပြန်ဆက်ရုံးတွင် Talk Showပြောကြားခြင်း

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ် ဇူလိုင်လ(၂)ရက်နေ့၊ နေ့လယ်(၀၁:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showအစီအစဉ်အား ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်မှ ထုတ်လုပ်ထားသော ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေးအကြောင်းမေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန်ဆိုတဲ့ မျှော်မှန်းချက်ထားရှိပြီး ရည်မှန်းချက်အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွဦးဆောင်ရွက်ရန် ဦးစီးဌာန၏ မျှော်မှန်းချက်ရည်မှန်းချက်များ အောင်မြင် စွာဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌာန်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

          ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ အချက်(၈)ချက်ကိုဖော်ပြရပါမည်။ (၁) ကုန်စည်၏တံဆိပ်အမှတ်အသား၊ (၂)ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ (၃)ထုတ်လုပ်သည့်ရက်စွဲ၊ (၄)ပြည်တွင်းသို့တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ အမည်/လိပ်စာ၊(၅)ထုတ်လုပ်သည့်နေရာ(သို့)ပြည်ပမှ ကုန်စည်များတင်သွင်းပြီးပြန်လည်ထုတ်ပိုးသည့် နေရာ၊ (၆)ကုန်စည်တွင်ပါရှိသောကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းများ၏ပမာဏ ပါဝင်မှုအမျိုးအစား (၇)ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်(၈)သက်ဆိုင်ရာအစိုးရဌနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များဖြစ်ပါသည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)တွင် လူငယ်များအသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဥယျာဉ်တောင်ရပ်ကွက်ရှိ  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာအထက်တန်ကျောင်း အစည်းအဝေးခန်းမတွင်(၂၀.၇.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်နှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်တို့သည် အစိုးရနည်းပညာကျောင်းရှိ ဆရာ/ ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/သူ (၁၂၀) ဦးအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် Online Shopping နှင့် ပတ်သတ်၍ စားသုံးသူများရင်ဆိုင်ရမည့်  အချက်အလက်များအား အသိပညာပေးဟောပြောခြင်းနှင့် Consumer Call Center 1535 သို့ ခေါ်ဆိုဆက်သကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ဟောပြောပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများ၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် နစ်နာဆုံးရှုံးမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်ကစားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဟင်္သာတမြို့နယ် တာဝန်ခံ ဦးမိုးကျော်က ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စသည်တို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး၊ တက္ကသိုလ်ကျောင်းသားများမှ Call Center 1535 သို့ ဆက်သွယ်မေးမြန်းခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်ခရိုင်တွင် စားအုန်းဆီရရှိမှုနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းများကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း စားအုန်းဆီရရှိမှုနှင့် ပြန်လည်ဖြန့်ဖြူး ရောင်းချမှုလုပ်ငန်းများကို စားသုံးသူများထံ မျှတစွာရောက်ရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         အဆိုပါလုပ်ငန်းစဉ်အရ ဇူလိုင်လအတွင်း တိုင်းရင်းသားစာသင်ဆရာ/ဆရာမများအား တစ်ဦးလျှင် စားအုန်းဆီ (၁) ပိသာနှုန်းဖြင့် ရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ထမ်းများနှင့် ပြည်သူလူထုများအားလည်း စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရက်များအတွင်း စနစ်တကျ ထုတ်ယူဝယ်ယူနိုင်စေရန် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

        ထို့ပြင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်မှ စားအုန်းဆီရရှိမှု၊ ဖြန့်ဖြူးရောင်းချမှု၊ အကျိုးခံစားခွင့်ရှိသူ လူဦးရေစာရင်းနှင့် ရောင်းချပြီးစီးမှုစာရင်းဇယားများကို တိကျမှန်ကန်စွာပြုစုနိုင်ရေး၊ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စုစည်းတင်ပြနိုင်ရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနက အနီးကပ် ကြပ်မတ်လမ်းညွှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ယင်းသို့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ခြင်းဖြင့် စားအုန်းဆီများကို သတ်မှတ်အကျိုးခံစားခွင့်ရှိသူများထံ မျှတမှန်ကန်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စားသုံးသူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ