Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့ စည်ပင်သာယာရေးဈေးအတွင်းရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ စည်ပင်သာယာဈေး၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်(၃၀)ဦးအား စီးပွားရေးလုပ်ငန်းများ သိရှိလိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

                                ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က  ၂၀၁၅ခုနှစ် စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား ပထမ ဦးစွာရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်ရန်အချက်များ၊ လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသော ကုန်စည်များကိုသာဈေးကွက်အတွင်းထုတ်လုပ်ရောင်းချရန်နှင့်စားအုန်းဆီများသိုလှောင်ဖြန့်ဖြူးမှုရောင်းချမှုနှင့်ပတ်သက်၍လည်း ဒေသအရောက် ဈေးနှုန်းများအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချ ခြင်းမရှိစေရေး စသည်တို့ကို အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

အင်္ဂပူမြို့နယ်အတွင်းရှိ တိုင်းရင်းဆေးဝါးရောင်းချသည့်ဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

                   ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင် ၊အင်္ဂပူမြို့နယ်အတွင်းရှိ တိုင်းရင်းဆေးဝါးရောင်းချသည့် ဆိုင်များတွင် စံမညီတိုင်းရင်းဆေးဝါး၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာထား ပြီးဖြစ်သော တိုင်းရင်းဆေးဝါး၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင် ရရှိထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများဈေးကွက်အတွင်းရောင်းချနေခြင်းရှိ/မရှိအား မြို့နယ် တိုင်းရင်းဆေးတာဝန်ခံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းခဲ့ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် မရှိသောဆေးဝါးများ၊အရည်အသွေး နှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသော တရားမဝင်ဆေးဝါးများ၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံး ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိခြင်း၊ ဆေးဝါးများ ပြတ်လပ်မှုမရှိခြင်း၊ ဈေးကစား ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားမှုမရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီ လက်လီအရောင်းဆိုင်များအား     သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ပုံမှန်ကွင်းဆင်းစစ်ဆေးလျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်မှ တာဝန်ခံဦးမျိုးဝင်းသန်း သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် စားအုန်းဆီ လက်လီအရောင်းဆိုင် များအား   အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီ အရည်အသွေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်၌ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  လက်လီအရောင်းဆိုင်များမှ စားအုန်းဆီကို ရည်ညွှန်းဈေးနှုန်းနှင့် ၂% အမြတ်တို့ဖြင့်  အိမ်ထောင်စုတစ်စု(စာအုပ်တစ်အုပ်)လျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း၊ သယ်ယူ ပို့ဆောင်ရေး လမ်းခရီးအခြေအနေအရ ဆီရောက်ရှိမှုအပေါ်မူတည်၍ အိမ်ထောင် စုတစ်စု(စာအုပ်တစ်အုပ်)လျှင် သတ်မှတ်ထားသည့် (၂)ပိဿာနှုန်းပြည့်မီအောင် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း လက်လီအရောင်းဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆေးဆိုင်များတွင်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့်ဈေးနှုန်းများ မှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း”

            စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား အဆမတန်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ် ကြပ် မတ်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာ ခရိုင်ဦး စီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၅.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၄:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြဝတီ ရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား အထူးစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ဆေးဆိုင်လိုင်စင် သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှု မှတ်ပုံတင်စာရင်းများ အား စစ်ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင် ရောင်းချ ခြင်းရှိ/ မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထား ခြင်း ရှိ/မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ ကျင့် ဝတ်တို့နှင့်အညီ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့၊ ဖောင်ကူးကျေးရွာရှိ ပြည်သူများအား အသိပညာပေး

            ( ၁၅..၂၀၂၆ ) ရက်နေ့တွင် ကလေးမြို့၊ ဖောင်ကူးကျေးရွာရှိ ပြည်သူ ( ၆၂ )ဦးတို့အား   ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့သည် နံနက်( ၀၉:၀၀ ) နာရီအချိန်တွင် သွားရောက်၍ စားသုံးသူအသိ ပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

            ဟောပြောပွဲတွင် ဖောင်ကူးကျေးရွာရှိပြည်သူတစ်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂ / ၂၀၁၉အရ  အစားအသောက် ဝယ်ယူရာတွင် ကုန်စည်အုပ်စု အလိုက် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် ညွှန်ကြားချက်များနှင့်အညီ ရွှေးချယ်ဝယ်ယူစားသုံး ကြရန်၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် သက်တမ်းလွန်ဆေးဝါးများ၊ အစားအစာများအား ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဆီစားသုံးမှုလျော့ချရေးနှင့် ဆီအလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်လာနိုင် သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ အကြောင်းပြောကြားပြီး အခြားဌာနဆိုင်ရာများမှလည်း မိမိတို့ ဌာနများနှင့် ပတ်သက်သည့် အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို (၁၁:၀၀) နာရီ အချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်ရှိ ဆေးဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

       ပြည်သူများအနေဖြင့် အရည်အသွေးပြည့်မီပြီး လုံခြုံစိတ်ချရသော ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးရောင်းချမှုများကို စည်းကမ်းတကျဆောင်ရွက်နိုင်ရေးအတွက် ညောင်တုန်းမြို့နယ်ရှိ ဆေးဆိုင်များအား ၂၀၂၆ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များ၏ လိုင်စင်များ သက်တမ်းတိုးထားရှိမှုရှိ/မရှိကို စစ်ဆေးခဲ့ပြီး၊ ဆေးဝါးများ၏ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို စိစစ်ကာ သက်တမ်းကုန်ဆုံးရန် နီးကပ်နေသည့် ဆေးဝါးများအား ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

        ထို့အပြင် ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိမှုရှိ/မရှိကိုလည်း စစ်ဆေးခဲ့ပြီး စားသုံးသူများအတွက် အရည်အသွေးပြည့်မီ၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ဆေးဝါးများကိုသာ ရောင်းချပေးရန် ဆေးဆိုင်လုပ်ငန်းရှင်များအား လမ်းညွှန်မှာကြားခဲ့သည်။ ပူးပေါင်းအဖွဲ့မှ ဆေးဝါးရောင်းချသူ များအနေဖြင့် သက်ဆိုင်ရာလိုင်စင်များကို အချိန်မီသက်တမ်းတိုးထားရှိရန်၊ ဆေးဝါးများကို စနစ်တကျ သိုလှောင်ရန် နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်သည့် ဆေးဝါးများကိုသာရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီ ကုန်စည်ထုတ်လုပ်သော လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားကွင်းဆင်းစစ်ဆေး

           ဈေးကွက်မရောက်မီ ဒေသတွင်းထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှု ရှိစေရန် စားသုံးသူရေးရာဦးစီးဌာနမှ ကြိုတင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်း ရည်ရွယ်ချက်မှာ စားသုံးသူများ ထိခိုက်နစ်နာမှု မရှိစေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ ဒေသတွင်း ထုတ်လုပ်သူများ လုပ်ငန်းရှင်ကျင့်ဝတ်နှင့်အညီ မှန်ကန်စွာ ဖြန့်ဖြူးနိုင်ရန် ဈေးကွက်မရောက်မီကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်း မမီသော ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ပျံ့နှံ့မှု မရှိစေရန် တားဆီးရန် ရည်ရွည်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဖြစ်သည်။

            ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်မအူပင်မြို့ မင်းလမ်း ရှိ ကျားပဲမုန့် ထုတ်လုပ်သော လုပ်ငန်းအား ကွင်းဆင်းလေ့လာ၍ ထုတ်လုပ်မှုအဆင့်ဆင့်ကို လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုန်စည်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် အမှတ်တံဆိပ်များကို ကြည်ရှုစစ်ဆေးခြင်း၊ ကုန်စည်အမည် နှင့် အမျိုးအစား၊ ထုတ်လုပ်သည့်ရက်စွဲ နှင့် သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူ၏ အမည်၊ လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များ၊ ပါဝင်ပစ္စည်းများ နှင့် အသားတင်ပမာဏ အတိအကျ ဖော်ပြထားခြင်း ၊ သက်ဆိုင်ရာဌာနမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များ ဖော်ပြပါရှိကြောင်း တွေ့ရှိရမည့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတက်လာစေရေးကို ဆွေးနွေးခဲ့ကြောင်း စက်တင်ဘာလ ၄ရက်နေ့ နံနက် ၁၀နာရီအချိန်က မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးမှ ဝန်ထမ်းများနှင့်အတူ ဈေးကွက်မရောက်မီကုန်စည်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင် လျှောက်ထားလာမှုအတွက် မြေပြင်ကွင်းဆင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးရန် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦး သည် အွန်လိုင်းမှတ်ပုံတင် လျှောက်ထားလာသည့် စစ်ကိုင်းမြို့၊ သမတက္ကသိုလ်လမ်း၊ ရွှေသမားရပ်ရှိ  “Lwinmoeoo bootyking (လွင်မိုးဦးဘူတီကင်း)”  ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စစ်ကိုင်းမြို့၊ နယ်မြေ 12 စိန်ကုန်း တိုးချဲ့ရပ်ရှိ “Chic & Chew(ချစ်ခ်အန်ချူး)”ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများလုပ်ငန်းအား မြေပြင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မြေပြင်စစ်ဆေးခဲ့မှုတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ၊ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ  စစ်ဆေးရေးမှူး(၂)ဦးသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် (၁၁း၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ ဆန်၊ ဆီနှင့် ကုန်မျိုးစုံဆိုင်(၂)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင်  ရွှေဒိုးဝိုင်း အမှတ်တံဆိပ် နို့ကရင်(ခ်)ကုန်စည် ကို စစ်ဆေးခဲ့ပြီး အဆိုပါကုန်စည်သည် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှုမရှိကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင် များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက် ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက် အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၃)ပါ တားမြစ်ချက်များ ရှင်းလင်း ပြောကြားခဲ့ပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ကုန်စုံဆိုင်သို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

          ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲမှ ဝန်ထမ်းများသည် မုံရွာမြို့  ချမ်းမြဝတီရပ်ကွက်ရှိ K-Mark စတိုးဆိုင်သို့  ၁၇.၉. ၂၀၂၆ရက်နေ့  နံနက် ၁၁း၀၀ နာရီ အချိန်ခန့်တွင် ထောပတ်ကိတ်၊ ပလိန်းကကိတ်၊ ငှက်ပျော ကိတ်နှင့် နို့စိမ်းကိတ်များပေါ်တွင် ကပ်နှိပ်ထားသော ကုန်ညွှန်းအမှတ်အသားများသည် မြန်မာ ဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိ၊ ညွှန်ကြားချက် ၂/၂၀၁၉ နှင့် ကိုက်ညီမှု့ ရှိ/မရှိ  ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ