Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်လေးပင်မြို့နယ်ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ ညောင်လေးပင်မြို့ပေါ်ရှိ ဆေးခန်းများအား ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များအား မိတ်ဖက်အဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည် ကြည်ထွန်းနှင့် အကြီးတန်းစာရေး ဒေါ်ဝါဝါအောင်တို့သည် ညောင်လေးပင်မြို့နယ်ဆေးဝါးကြီးကြပ် ရေးအဖွဲ့များဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မွေးမြူရေးဦးစီးဌာနတို့ နှင့်အတူ ညောင်လေးပင်မြို့ပေါ်ရှိ “ ဝင်း ” အထူးကုဆေးခန်း၊ “ ရွှေရည်လင်း ” အထူးကုဆေးခန်း တို့တွင် ဆေးဝါးများကို စည်းစနစ်ကျနစွာ ထားရှိရန်၊ အအေးခန်းတွင် ထားရှိရမည့် ဆေးများအား သတ်မှတ်ဒီဂရီတွင် ထားရှိရန်၊ ဆေးရောင်းချသော ဝန်ထမ်းများအနေဖြင့် ဆေးပေးမှားမှု မရှိစေရေး အတွက် အထူးဂရုစိုက်ရန်၊ သက်တမ်းကုန်ဆုံးသော ဆေးဝါးများ ရောင်းချခြင်း မပြုရန်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်ရှိ ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စများ ကွင်းဆင်းဆောင်ရွက်

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက် တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များ နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက်ဆောင်ရွက်လျက် ရှိရာ ၁၇.၁၁. ၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စရပ်များ အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကျောက်တံခါးမြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံက ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များ အား သိုလှောင်ရုံ သက်တမ်းတိုးပေးခြင်း၊ My Ro ရှိ သိုလှောင်ရုံ လုပ်ငန်းစဉ်များထဲတွင် ဆန်စပါး ရ၊ ထုတ်၊ ကျန်စာရင်းများ ကူညီဖြည့်သွင်း သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမတွင် ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်နေသောလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

         ဧရာဝတီတိုင်ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းမှ ပုသိမ်မြို့ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ ဆေးဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

       ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ ဆေးဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ပေါက်ဈေးထက်ပိုမိုရောင်းချခြင်းမပြုလုပ်ရန် သတ်မှတ်ထားသောဆေးဝါးများရောင်းချရန်၊ ခွင့်မပြုသော ဆေးဝါးများရောင်းချခြင်းမပြုလုပ်ရန် သက်တမ်းလွန်ဆေးဝါးများနှင့်FDA  မှခွင့် မပြုထားသော ဆေးဝါးများရောင်းချခြင်းမပြုလုပ်ရန်၊ မှတ်ပုံတင်ထားရှိသော မြန်မာ့ဆေးဝါးများရောင်းချရန်နှင့် ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်၍ ဆေးဝါးများသိုလှောင်ထားရှိမှု မရှိစေရေးအတွက် လုပ်ငန်းရှင်များခေါ်ယူတွေ့ဆုံပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမ၌ consumer call center 1535 လုပ်ငန်းဆောင်ရွက်မှုအကြောင်း ပြည်သူများသိရှိရေး အသိပညာပေး

         နေ့စဥ်လူနေမှုဘဝတွင် လူအများသည် စားသောက်ခြင်း၊ သုံးစွဲခြင်း၊ အသုံးပြုခြင်း၊ တစ်နေ့တာ ကုန်စည်များကို ထိတွေ့မှု ကင်းရှင်းသူများမရှိကြပါ။ ကုန်စည်ဆိုသည်မှာ စားသုံးသူ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုသော အရာဝတ္ထုကို ဆိုသည်။ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သောစာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့် ကိစ္စရပ်များလည်းပါဝင်ပြီး လူအများနှင့် ထိတွေ့မှု အများဆုံးဖြစ်၍ ကုန်စည်များကို ပြည်သူများက တန်ဖိုးနှင့်အညီပေးချေ၍ စားသုံးခြင်း၊ အသုံးပြုခြင်း၊ ဝယ်ယူခြင်းများရှိသည့်အတွက် စားသုံးသူအခွင့်အရေး မနစ်နာစေရန် ဥပဒေများဖြင့် အပြည့်အဝကာကွယ် ဆောင်ရွက်ပေးလျက်ရှိသည်။

        စားသုံးသူအခွင့်အ‌ရေးများ ထိခိုက်နစ်နာမှုမရှိစေရန် ပြည်သူများက မိမိအခွင့်အရေးများကို သိရှိနားလည်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိရာ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ၂၆.၁၁.၂၀၂၅ ရက်နေ့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမတွင် ပြည်သူ ၁၀ ဦးအား စားသုံးသူရေးရာဦးစီးဌာန၏ consumer call center 1535ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု ကို အကျယ်တဝင်ရှင်းလင်း အသိပညာပေးပြီး စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှူ ရှိလာပါက တိုင်ကြားနိုင်သည့်အကြောင်းနှင့် စားသုံးသူပြည်သူတွေနဲ့ လုပ်ငန်းရှင်များအနေဖြင့် သိလိုသည့်အရာများ မေးမြန်းနိုင်ဖို့ စားသုံးသူတွေ နစ်နာမှုတွေ ဖြေရှင်းပေးနိုင်ဖို့ ပြည်တွင်းကုန်သွယ်မှု သတင်းတွေကိုဖြေကြားနိုင်ဖို့ consumer call center 1535 ဝန်ဆောင်မှုကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆို မေးမြန်းနိုင်ကြောင်း၊ Consumer Call Center ကို မည်သည့် Sim Card User အလွယ်တကူ ခေါ်ဆိုနိုင်ကြောင်းနှင့် တက်ရောက်လာသူ ပြည်သူတစ်ဦးမှ သိရှိလို၍ Consumer Call Center ခေါ်ဆိုမှု လုပ်ငန်းစဉ်ကို မေးမြန်းခဲ့ပြီး ခေါ်ဆိုမှုဆောင်ရွ်ကနိုင်ရန် ခေါ်ဆိုသည်အခါ ပြည်သူများမှ Consumer Call Center မှ တာဝန်ရှိသူနှင့် ရင်းနှီးဖော်ရွေစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန် အသိပညာပေးပြသခဲ့ပြီး Consumer Call Centerအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဈေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ဆေးဆိုင်ကြီးများအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ၌ ပုံစံတူစံမမီဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်း ရှိ/ မရှိ၊ ဆေးဈေးနှုန်းကြီးမြင့်ခြင်း ရှိ/မရှိအား (၂၅.၁၁.၂၀၂၅)ရက်နေ့  နံနက် (၁၀း၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ စစ်ဆေးရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး ဦး‌ဆောင်မှုဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများတွင် ဆေးဝါးမှတ်ပုံတင်၍ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ဆေးဝါးများကိုရောင်းချရန်၊ ပုံစံတူစံမမီဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်တင်သွင်းဆေးများအား ရောင်းချခြင်းမပြုကြရန်၊ ဆေးများသိုလှောင်ထားရှိမှု ရှိ/မရှိ၊ ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ၊ မြို့နယ်အတွင်းဆေးနှင့်ပတ်သက်၍ ရောင်းချမှု ကုမ္ပဏီတိုက်ရိုက်ဝယ်မှု တဆင့်ခံဝယ်ယူမှု အခြေအနေများ၊ စားသုံးသူနှင့် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များအား မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ဖော်ပြပါရှိရမည့် အချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန် အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူထားသော MSME လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

    MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေမှ ဒေသတွင်းထုတ်လုပ်သော MSME လုပ်ငန်းများအား ချေးငွေများထုတ်ချေးပေးလျက်ရှိပါသည်။ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းမှ ဒေသ ထုတ်ကုန်အစားအစာဖြစ်သော ရွှေတောင်ခေါက်ဆွဲအား အသင့်စား Ready Made များထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချနေသော အိုဆာကာ အမှတ်တံဆိပ်မှလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူကာ လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ  အိုဆာကာ အမှတ်တံဆိပ် အသင့်စား Ready Made ရွှေတောင် ခေါက်ဆွဲ လုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု တိုးတက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာတွင် အိုဆာကာ အမှတ်တံဆိပ် အသင့်စား Ready Made ရွှေတောင် ခေါက်ဆွဲ လုပ်ငန်းအနေဖြင့် ချေးငွေရရှိသည့်အတွက် Packing ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်လာနိုင်ပြီး ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချလာနိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။

DOCA(ပဲခူး)

ဆေးသိုလှောင်ရုံများနှင့် ဆေးဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    ၂၆.၁၁.၂၀၂၅ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ ဆေးဆိုင်(၁၃)ဆိုင်အား ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့စုံ ပူးပေါင်း၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ၊ မရှိနှင့် ဆေးဝါးများ ရောင်းချနေမှုအခြေအနေအားကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင်ဆေးဆိုင်များမှ ဆေးဝယ်ယူရောင်းချမှု အခြေအနေများကို မေးမြန်းခြင်း၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်းခြင်း၊ ဆေးသိုလှောင်ထားရှိမှု ရှိ/မရှိနှင့် ဆေးဝါးပြတ်လပ်မှု ရှိ/မရှိတို့ကို မေးမြန်းခဲ့ပြီး ဈေးကွက်အတွင်း စံမညီဆေးဝါးရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ထောက်ခံချက်မရှိသောဆေးများ၊ သက်တမ်းလွန်ဆေးများရောနှောရောင်းချမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြသည်။ ဆေးဆိုင်များမှ တင်ပြလာရာဆေးများကိုရန်ကုန် မင်္ဂလာဈေးမှ မှာယူရောင်းချရပြီး ကုမ္ပဏီ တိုက်ရိုက်ဝယ်ယူခြင်း မရှိသောကြောင့် ဆေးဈေးအနည်းငယ်မြင့်တက်ခြင်းဖြစ်ပြီး အရေးပြားလိမ်းဆေး၊ဆီချိုဆေးများ၊ အိမ်သုံးဖျာနာ ကိုက်ခဲပျောက်ဆေးများကို မှာယူရခွဲတမ်းနည်းပြီး ဆေးဝါးပြတ်တောက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များကို ဆေးဝါးရောင်းချရာတွင် သိုလှောင်ထားခြင်း၊ ဈေးမြင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေတောင်မြို့နယ်အတွင်းရှိ စားအုန်းဆီခွဲတမ်းရ လက်လီကိုယ်စားလှယ် အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

      ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်းမှ ခွဲတမ်းရစားအုန်းဆီများ ရောင်းချလျက်ရှိသော လက်လီကိုယ်စားလှယ်များ၏ အရောင်းဆိုင်များသို့ ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ လမ်းညွှန်မှာကြားချက်များအတိုင်း နေ့စဉ် ရောင်းချသည့် စားအုန်းဆီ ဈေးနှုန်းများအား အများမြင်သာသည့် နေရာများတွင် ဗီနိုင်းကပ်ရောင်းချမှု ရှိ/မရှိ၊ ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာတွင် အပြည့်အဝရောင်းချမှု ရှိ/မရှိ၊ စနစ်တကျရောင်းချမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီးနောက် လက်လီကိုယ်စားလှယ်များအား စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့် မှန်(၆)မှန်ဖြစ်သည့် လက်လီ/လက်ကားစာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊အချိန်အတွယ်နှင့် အရည်အသွေးမှန်ရန်လိုအပ်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

MSME ချေးငွေေရရှိသည့် ရွှေတောင်မြို့နယ်မှ ဆန်စက်လုပ်ငန်းများအား ခရိုင်ချေးငွေစိစစ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

      ပြည်ခရိုင်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ၊ ဘဏ်များ ပါဝင်သော ခရိုင်ချေးငွေစိစစ်ရေးအဖွဲ့ကို ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ရာ အဖွဲ့အနေဖြင့် ချေးငွေရရှိသော လုပ်ငန်းများအား မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးပါဝင်သော ခရိုင်ချေးငွေစိစစ်ရေးအဖွဲ့သည် ရွှေတောင်မြို့နယ်မှ ချေးငွေကျပ်သိန်း (၁၀၀၀)ရရှိသော အမေ့မေတ္တာဆန်စက် နှင့် ချေးငွေကျပ်သိန်း(၅၀၀)ရရှိသော ဝိသာခါဆန်စက် များအား ချေးငွေဖြင့်ဝယ်ယူမည့် စက်ပစ္စည်း အခြေအနေ၊ တပ်ဆင်မည့်နေရာနှင့် ဆန်စက်လည်ပတ် နေမှု အခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည်(၂၆.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့်စပ်လျဉ်း၍  အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် ဒု-ဦီးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေကို ၂၀၁၂ခုနှစ် ဩဂုတ်လ(၁၀) ရက်နေ့တွင် အခန်း(၅)ခန်း၊ ပုဒ်မ(၁၂)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ယင်းဥပဒတွင် နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့်ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန်၊ ဘေးအန္တရာယ်၊ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရိစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့တင်ပို့မှုတို့ကို တားဆီးနိုင်ရန်ရည်ရွယ်ကြောင်း၊ ကုန်စည်တစ်မျိုးမျိုး၊ တိရိစ္ဆာန်တစ်မျိုးမျိုးနှင့် ဝန်ဆောင်မှုတစ်မျိုးမျိုး စသည်တို့ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်သွင်း၊ တင်ပို့၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊အသုံးပြုမှု၊ စားသုံးမှုတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုအား အပ်နှင်းနိုင်ကြောင်း ပုဒ်မ(၄)ဖြင့်ဖော်ပြထားပြီး၊ မည်သူမဆို ပုဒ်မ(၄)အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်ထိချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း   စသည်တို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ