Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ခြင်း

                       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူးဦးဆောင်သော ဝန်ထမ်း ( ၂ )ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၁၄ )ရက်နေ့( ၁၀:၀၀ ) နာရီအချိန်တွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ‌ကျင်းပပြုလုပ်သည့် ‌ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းပြန်လည်ထူထောင်ပေးရေးစီမံကိန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်း၌ သင်တန်းသား/သင်တန်းသူစုစုပေါင်း ( ၁၅ )ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးကျော်ဇင်ထွေး (ဒု-ဦးစီးမှူး)က ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု ထက်ပို၍ဖြစ်စေဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် ဥပဒေပါ တားမြစ်ချက်၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်မျာ ဖြန့်ဝေ ခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့ပေါ်ရှိ အသင့်စားမုန့်အမျိုးမျိုး ရောင်းချနေသော လက်လီ/လက္ကားကုန်စုံ ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၉ ) ရက်နေ့  ( ၁၃:၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ‌သီရိမင်္ဂလာဈေးရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များသို့ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ရာတွင်လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကား ကုန်စုံဆိုင်များ၌ ရောင်းချနေသောအသင့်စားမုန့်အများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသည့် အသင့်စားမုန့်များကိုသာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင် ကုန်စည်များ ရောင်းချခြင်း၏ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ကယား)

မြိတ်မြို့ရှိ သာကေတရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ သာကေတရပ်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ အသိပညာ ပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ ၆၀ ဦးခန့် တက်‌ရောက် ခဲ့ပြီး ၁၀း၃၀ နာရီ အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ MSME လုပ်ငန်းများမှ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရေး စစ်ဆေးဆောင်ရွက်ခြင်း

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ ဒေသတွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ/သက် တမ်းကုန်ဆုံးသည့်ရက်စွဲများ ဖော်ပြပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းများ ဖော်ပြ ပါရှိမှုများ ရှိ/မရှိအား မြိတ်မြို့၊ ရှမ်းချောင်းဝန်ထမ်းရပ်၊ ကြည်မျှော်(၂)လမ်းရှိ ရွှေခရုမုန့်တိုက်အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် မြိတ်မြို့၊ ရွှေခရုအမှတ်တံဆိပ်မုန့်တိုက်မှ ထုတ်လုပ်ဖြန့် ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်များတွင် ထုတ်လုပ်သည့်ရက်စွဲ/သက် တမ်းကုန်ဆုံးသည့် ရက်စွဲ များ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းများ ဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားလိုအပ် သည်များအား ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိစေရေးနှင့် ဌာနအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များနှင့် ပတ် သက်၍ ကူညီဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များအား ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)

ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် (၁၀-၉-၂၀၂၆) ရက် ၊ နေ့လယ် (၁၃:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  စံဖရီးကျေးရွာ တောင်ကလေး စက်မှုဇုန်အတွင်း ရောင်းချနေသော ထွန်းပြည့်စုံ (သောက်ရေသန့်) လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော စားသောက်ကုန်များကိုသာ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် နှင့် ဝန်ထမ်းများသည် (၂၆-၈-၂၀၂၅) ရက် ၊ နံနက်(၁၁:၃၀) နာရီအချိန် ဘားအံမြို့ရှိ  စံဖရီးကျေးရွာ တောင်ကလေး စက်မှုဇုန်အတွင်း  ရပ်ကွက်လက်လီဆိုင်များတွင်  ရောင်းချနေသော စားသောက် ကုန်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိသည်ကိုတွေ့ရှိရပါသည်။ စားသောက်ကုန်များ ရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်း သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကို သာရောင်းချကြရန်၊ သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ  စားသောက်ကုန်များကို ရောင်းချ ကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

    ၁၂.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ “Rose Light” ကုမ္ပဏီသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီဖြစ်သော “Rose Light” ကုမ္ပဏီတည်ထောင် ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်း လိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှု ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် “MSME” အမှတ်တံဆိပ်ဖြင့် မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

 

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဒေါ်စောကြည်သည် ၁၄.၉.၂၀၂၆ ရက်နေ့တွင် MSME” လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်း များပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့် ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၁၄.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာရှိ “Theint Theint Hein” အမည်ဖြင့် အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ် သူနာပြုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ

          ၁၁.၉.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ပြည်နယ်ရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့ နယ်ရှိ သူနာပြုသင်တန်းကျောင်း၌ သင်တန်းသား/သူ (၇၀) ဦးအား စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်မှ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာရမည့် အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖတ်ရှုစစ်ဆေးနည်းများနှင့် စားသုံးသူနစ်နာမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ