Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဆန်းသစ်မြန်မာ” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၆.၁၁.၂၀၂၅) နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် ကျိုက်လတ်မြို့၊ သမက်ပြေကျေးရွာရှိ ဦစန်းအောင် ပိုင်ဆိုင်သော “ဆန်းသစ်မြန်မာ” ဆန်စက်သို့ သွားရောက်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း စိစစ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါးအရည် အသွေး ပြည့်မီရေး၊အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာ နည်းစနစ်သစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ Myro တွင် မှတ်ပုံတင်ထားရှိမှု အခြေအနေ၊ ဆန်/စပါး လက်ကျန် အခြေအနေ ၊ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ ၊ သမက်ပြေကျေးရွာရှိ ဦးထွန်းထွန်းပိုင် သိုလှောင်ရုံအား ဆန်/စပါး လက်ကျန် အခြေအနေ ကွင်းဆင်းစိစစ်

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သမက်ပြေကျေးရွာရှိ ဦးထွန်းထွန်းပိုင် သိုလှောင်ရုံအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ဆန်/စပါး လက်ကျန်အခြေအနေ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      မြို့နယ်တာဝန်ခံက ဦးထွန်းထွန်းအား သိုလှောင်ရုံ၏ အရွယ်အစားနှင့် သိုလှောင်ထားရှိသော ဆန်/စပါးများအား မေးမြန်းခဲ့ရာ သိုလှောင်ရုံအရွယ်အစားမှာ အလျား(၇၀) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၁၀) ပေခန့်ရှိပြီး ဆံဝင်အင်အားအနေဖြင့် စပါး (၁၅၀၀၀) ဝင်ဆံ့ပြီး လက်ရှိစပါး လက်ကျန်အနေဖြင့် စပါးတင်း(၄၀၀၀) ခန့် သိုလှောင်ထားရှိပြီး Myro တွင် မှတ်ပုံတင်ထားရှိကြောင်း ကွင်းဆင်းစိစစ်မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ ၊မြို့မဈေးကြီးအတွင်းရှိ ကလေးတကိုယ်ရည် အသုံးအဆောင်ပစ္စည်းများ ကွင်းဆင်းစိစစ်

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၁၁.၂၀၂၅) ရက်၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် မြို့မဈေးကြီးအတွင်းရှိ “ရူပါနွေး”၊ “မိုးကောင်းကင်”၊ “ထူးကြီး” စတိုးဆိုင်များတွင် ရောင်းချနေသော ကလေးတကိုယ်ရည်သုံးပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပါဝင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၇.၁၁.၂၀၂၅) နံနက် (၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီမှ အမှတ်(၃) ရပ်ကွက်၊ (၇) လမ်းရှိ ဒေသခံပြည်သူများသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဧည့်မထရက်(၉၀) ဆန်တစ်ပြည် (၂၅၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃၇၀) ကျပ်၊ စားသုံးဆီတစ်ပိဿာလျှင် (၇၁၂၂) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၄၈၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ကြက်ဥ(၁၀) လုံး၊ဆီ(၅၀) ကျပ်သား ရောင်းချပေးခဲ့ပါသည်။စုစုပေါင်းရောင်းချမှုအနေဖြင့် ဆန်(၃) အိတ်၊ဆီ(၅၀) ကျပ်သားဘူး(၂၀၀) ၊ ကြက်ဥအလုံးရေ(၆၀၀) လုံးတို့အား ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း


    ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် (၁၇-၁၁-၂၀၂၅)ရက်နေ့တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဒေးဒရဲမြို့ ရှိ စက်သုံးဆီရောင်းချလျက်ရှိသည့်"ရတနာကောင်းကင်"စက်သုံးဆီအရောင်းဆိုင် နှင့်  “BOC"စက်သုံးဆီဆိုင်များသို့သွားရောက်၍ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ပါသည်။
     ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့ဝင်များသည် "ရတနာကောင်းကင်" စက်သုံးဆီဆိုင်နှင့် “BOC"စက်သုံးဆီအရောင်းဆိုင်၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီ အရည်အသွေး၊ အချင် အတွယ်မှန်ကန်မှု ရှိ/မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန် အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင် နှင့် တွေ့ဆုံကာ မြို့နယ် အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်း အဆမတန် မြှင့်တင် ရောင်းချမှုများ မရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချရေး ဆွေးနွေး မှာကြားခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

   ဆန်ဈေးနှုန်းတည်ငြိမ်ရေးကွင်းဆင်းစစ်ဆေး

     ဒေးဒရဲမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးရှိဆန်ဆိုင်(၆)ဆိုင်သို့စားသုံးသူရေးရာဦးစီးဌာနနှင့်စည်ပင်သာယာရေးဦးစီးဌာနတို့ ပါ၀င်သော ပူးပေါင်းအဖွဲ့တို့ဖြင့်(၁၇-၁၁-၂၀၂၅)ရက်၊နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
    ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင်ဆန်များအားသတ်မှတ်ထားသည့်ဈေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် ဆန်လက်ကျန်အရေအတွက်များမေးမြန်းခဲ့ပြီး ဆန်သိုလှောင်ရုံများ မှတ်ပုံတင် သက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုး ဆောင်ရွက်ရန်ကိုဆိုင်ရှင်များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့၊ အောင်မြင့်မိုရ်ဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်တွင် (စ.စ.စ) ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဆန်စပါးကုန်သည်လုပ်ငန်းရှင်အသင်းနှင့် ပူးပေါင်း၍ ကျိုက်လတ်မြို့ အောင်မြင့်မိုရ်ဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံက အများပြည်သူများ ဝယ်ယူသုံးစွဲနိူင်ရေး အတွက်ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအလိုက် ဆိုင်းဘုတ်တင် ချိတ်ဆွဲ ရောင်းချနေမှုအခြေအနေ၊ ဆန်အိတ် လက်ကျန် အခြေအနေနှင့် သိုလှောင်ထားရှိမှု အခြေအနေတို့အား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ခြင်းများသည် ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ၊ ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းစားသုံးမှုရှိသည့် ဆန်အုပ်စုများ၊ပြည်တွင်းစားသုံးသူများအတွက် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းအုပ်စုများ၊ ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ရောင်းချမှုရှိစေရေး၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်(MRF) မှ ထုတ်ပြန်ထားသည့် လစဉ်ဆန်စပါးဈေးနှုန်းများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားဆောင်ရွက်မှုများ၊ ဆန်အမျိုး အစားအလိုက် ရောင်းချရမည့် ရည်ညွှန်းဈေးများနှင့် ဈေးကွက်အတွင်း အမြင့်ဆုံး ရောင်းချနိုင်မည့် ဈေးနှုန်းများ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဇလွန်မြို့ ညောင်ပင်ဈေးရပ်ကွက်ရှိ “ရန်နိုင်ဦး”အဆင့်မြင့်ဆန်စက်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၇.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) အချိန်တွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့်အတူ ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ရန်နိုင်ဦး” အဆင့်မြင့်ဆန်စက်သို့ သွားရောက်၍ MyRo တွင် ဆန်စပါး ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ ဖြည့်သွင်းထားရှိမှုနှင့် မြေပြင်လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေ ဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ MyRo တွင် ဆန်စပါး လက်ကျန်စာရင်း ဖြည့်သွင်းထားမှုနှင့် မြေပြင် ဆန်စပါး လက်ကျန်အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

EYDNS(DOCA ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များ၌ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍(၁၇.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)အချိန်တွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင် နှင့် ကုန်စုံဆိုင်များ၌ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ကလေးဖြည့်စွက်စာနှင့် ကလေးဖော် စပ်စာဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းများ  အား မြန်မာဘာသာဖြင့် ဖော်ပြထားမှု ရှိ/မရှိ၊  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက် အတွင်း‌ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းဘူးပေါ်တွင် ဖော်ပြပါရှိသော အသေး စိတ်အချက်အလက်များအား စိစစ်ခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထား သော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း  စစ်ဆေးတွေ့ရှိရပါသည်။ 

 (DOCA ဧရာဝတီ)

မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ဈေးအတွင်း အစားအသောက်များတွင်ဓါတုဆိုးဆေး သုံးစွဲထားမှုရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ခရိုင် FDA ဦးဆောင် သောအဖွဲ့နှင့်အတူ (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင် ပါဝင်မူ ရှိ/မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/မရှိ ရှောင်တခင်  ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဗိုလ်အောင်ကျော်ဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစား အသောက်များတွင် ဓါတုဆိုးဆေးသုံးစွဲထားမှု မရှိခြင်း၊ Date လွန်ကုန်စည်များ ရောင်းချမှုမရှိခြင်း၊ ရောင်းချလျက်ရှိသော  အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာလည်း ဈေးနှုန်း သိသိသာသာ ပြောင်း လဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ ခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက် ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ