Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 HN Collection Online Shop လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားမှုနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင်    Online Sale ဖြင့် ရောင်းချလျက်ရှိသော မြန်အောင်မြို့နယ်၊ ရေလဲကျေးရွာ၊ သရက်တောအုပ်စုရှိ “HN Collection Online Shop”  အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားမှုနှင့် ကိုက်ညီမှု ရှိ/ မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ အရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန် သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ “HN Collection Online Shop” အဝတ်အထည်နှင့် အထည်အလိပ်ဆက်စပ်ပစ္စည်းအရောင်းဆိုင်သည် လျှောက်လွှာပုံစံတွင် ဖြည့် သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင် လက်မှတ်လျှောက် ထားစဉ်က ရောင်းချရန် တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှု ရှိခြင်း စသည်တို့ကို တွေ့ရှိရပြီး၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များ အကြောင်း၊ တရား မဝင်တင်သွင်းလာသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဆီဖြန့်ဖြူးမှုဆိုင်ရာ အသိပညာပေး သင်တန်းဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၁၉-၈-၂၀၂၆ ရက် နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ရပ်ကွက်၊ကျေးရွာအုပ်စု လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများအား  ပြည်သူများသို့ ဆီဖြန့်ဖြူး ရောင်းချသည့် စည်းကမ်းသတ်မှတ် ချက်များ၊ ပြည်သူလက်ဝယ် ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်  လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုက် နာရမည့်အချက်များအား  အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါသင်တန်းတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသား ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊လက် ကား  ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှု အားကောင်းစေရေး၊ သတ်မှတ် ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်  ပြည့်ဝစွာ  ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေးတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် အချက်များ သင်တန်းပို့ချ ဆွေးနွေးခဲ့ပြီး ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဇလွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်ကြီးများနှင့်ကုန်မျိုးစုံအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ဇလွန်မြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများနှင့် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အခြေခံစားသောက် ကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ တရားမဝင်ကုန်စည်များ‌ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၁၈-၈-၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။  

                   ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့ပေါ် ရပ်ကွက်ရှိ ဆန်ဆိုင်ကြီးများအား ဆန်အမျိုးအစား အလိုက်စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စျေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားမှုမရှိစေရေး၊ ရောင်းဝယ်နေမှုအခြေအနေ၊ လက်ကျန်အခြေအနေများ သိရှိရန် မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက် ခဲ့ကြောင်း၊ ဈေးကွက်အတွင်း သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေး၊သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန် စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်း ရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစား ကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည် များကိုသာ ရောင်းချစေ‌ရေး လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

      ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ က စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသည့်အခါ ကုန်အညွှန်းအမှတ်အသားများ၏ အရေးပါပုံများကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲ သည့်အခါ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရရန်အထူးလိုအပ်ကြောင်း၊ မိမိတို့ဝယ်ယူသုံးစွဲသည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်၍ သိသင့်သော သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံသိရှိမှ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်း၍ လိုက်နာရန် ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေး ဥပဒေများကို ရှင်းလင်းဆွေးနွေးခြင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ အခက်အခဲများရှိပါက စားသုံးသူရေးရာ ဦးစီးဌာန၏ မြို့နယ်တာဝန်ခံများရုံးသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

 

 

ဒေသတွင်းထုတ်ကုန်လုံခြုံစိတ်ချရရေး နွယ်နွယ်လွင် ငှက်ပျောကြော်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒေသတွင်းစားသောက်ကုန်များ ဘေးကင်း လုံခြုံရေး၊ သန့်ရှင်းမှုရှိစေရေးနှင့် ကုန်အမှတ်တံဆိပ်ပါ အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိစေရန်အတွက် ဒေသထွက် ငှက်ပျောကြော်လုပ်ငန်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀၃၀အချိန်က  ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး)က ဒေသတွင်းထုတ်ကုန်ဖြစ်သည့် ငှက်ပျောကြော်ထုတ်လုပ်ရာ၌ အသုံးပြုသည့် ကုန်ကြမ်းများ၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ် များကို လေ့လာစစ်ဆေးခဲ့ပြီး ထုတ်ကုန်များကို သန့်ရှင်းစနစ်တကျ ထုတ်လုပ်၊ ထုပ်ပိုး၊ သိုလှောင်ထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ ထို့အပြင် ထုတ်ကုန်ထုပ်ပိုးမှုများပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံမှု ရှိ/မရှိ၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများနှင့် သက်ဆိုင်ရာအချက် အလက်များကို စားသုံးသူများ သိရှိနိုင်အောင် ဖော်ပြထားမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

        စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာ ဆောင်ရွက် ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာရှိ သိဒ္ဓိစံ ဆန်စက်အား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာရှိ ဦးမောင်ဝင်း၏  သိဒ္ဓိစံ ဆန်စက်လုပ်ငန်း သို့ ဆန်ထုတ်ကုန်များ အရည်အသွေးပြည့်မီ၍ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဒေသတွင်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် (၂၀-၈-၂၀၂၆) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ဆန်စက်လုပ်ငန်း၏ စပါးဝယ်ယူသိုလှောင်မှုမှစ၍ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဆန်သန့်စင်ခြင်း၊ ထုပ်ပိုးသိုလှောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချ ခြင်းအဆင့်များကို လေ့လာစစ်ဆေးခဲ့သည်။ ထို့အပြင် ထုတ်လုပ်သည့် ဆန်များ၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းစဉ်များကို စိစစ်ခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများက ဆန်စက်လုပ်ငန်းရှင်အား ထုတ်လုပ်မှုအဆင့်တိုင်းတွင် သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်ကုန်အရည် အသွေး မကျဆင်းစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်သည့် ဆန်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် အသိပညာပေး လမ်းညွှန်ခဲ့သည်။

         ထို့အပြင် ဒေသတွင်း ဆန်စက်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး၊ စပါးမှ ဆန်အဖြစ် ကြိတ်ခွဲ ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်သည့် ဆန်ထုတ်ကုန်များ ရရှိစေရေးနှင့် စားသုံးသူများအနေဖြင့် လုံခြုံစိတ်ချရသော ထုတ်ကုန်များ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်သည့် အသိပညာပေးလမ်းညွှန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

ကျောင်းကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာရေးဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုဝန်ထမ်းတို့သည် မြို့နယ် ပြန်/ဆက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ်ပညာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အထက တံခွန်တိုင် အခြေခံ ပညာကျောင်းတွင် အသိပညာပေးဟောပြောခဲ့ပါသည်။

                 အဆိုပါဟောပြောမှုတွင် မြို့နယ်တာဝန်ခံဦးတင်ကိုသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ရောင်းချနေသော ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိမရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မြန်မာဘာသာစကားဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကို ဝယ်ယူကြရန်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော ကုန်ပစ္စည်းများကို အသုံးမပြုကြရန်၊ ရွေးချယ်ဝယ်ယူသုံးစွဲသည့် အခါတွင်လည်း အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ် အသား များပြည့်စုံသော ကုန်ပစ္စည်းများကိုသာ အရွေးချယ်ဝယ်ယူသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းမရှိသော မုန့်များသာမက အခြား စားသောက်ကုန်များ တွင်လည်း ကုန်ညွှန်းအမှတ် အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့် ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာနှင့် ရေငံ၊သရက်ကုန်းကျေးရွာတို့တွင် စားအုန်းဆီရောင်းချနေသော ဇနကဆီဆိုင်အား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁.၈.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ငပုတောမြို့နယ်  ဟင်းအိုးချောင်းကျေးရွာနှင့် ရေငံ၊သရက်ကုန်းကျေးရွာတို့တွင် စားအုန်းဆီရောင်းချ နေသော ဇနကဆီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း ဗွီနိုင်းချိတ်ဆွဲထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနရှိ မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီ ရောင်းချနေသော ဇနကဆီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေခြင်း၊ ဗွီနိုင်းချိတ်ဆွဲ ထားရှိခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချရန်၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ဈေးနှုန်းနှင့် ရောင်းချသည့် ပိဿာချိန် အရေအတွက်အား ဗွီနိုင်းဖြင့် အများပြည်သူမြင်သာအောင် ချိတ်ဆွဲရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ဇနကဆီဆိုင်ပိုင်ရှင်အား စားအုန်းဆီ လက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဇနကဆီဆိုင်ပိုင်ရှင်အားရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ DOCA(ဧရာဝတီ)

 

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

 

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၁၀..၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်း အုပ်စု၊ လေသာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၁၁၅)ဦး တက်ရောက် ခဲ့ပါသည်။

          အဆိုပါအသိပညာ‌ပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် အွန်လိုင်း ရောင်းချခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများတွင် ဖော်ပြပါရှိရမည့်  ကုန်အညွှန်း အမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း  စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                   DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ တို့ကို (၁၁..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ညောင်လူးကျေးရွာအုပ်စု၊ ညောင်လူးကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိခရိုင်ရှိ A&Z Clothes Wholesale” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း များ လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                                             DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ