Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များ၌ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍(၁၇.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)အချိန်တွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင် နှင့် ကုန်စုံဆိုင်များ၌ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ကလေးဖြည့်စွက်စာနှင့် ကလေးဖော် စပ်စာဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းများ  အား မြန်မာဘာသာဖြင့် ဖော်ပြထားမှု ရှိ/မရှိ၊  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက် အတွင်း‌ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းဘူးပေါ်တွင် ဖော်ပြပါရှိသော အသေး စိတ်အချက်အလက်များအား စိစစ်ခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထား သော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း  စစ်ဆေးတွေ့ရှိရပါသည်။ 

 (DOCA ဧရာဝတီ)

မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ဈေးအတွင်း အစားအသောက်များတွင်ဓါတုဆိုးဆေး သုံးစွဲထားမှုရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ခရိုင် FDA ဦးဆောင် သောအဖွဲ့နှင့်အတူ (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင် ပါဝင်မူ ရှိ/မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/မရှိ ရှောင်တခင်  ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဗိုလ်အောင်ကျော်ဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစား အသောက်များတွင် ဓါတုဆိုးဆေးသုံးစွဲထားမှု မရှိခြင်း၊ Date လွန်ကုန်စည်များ ရောင်းချမှုမရှိခြင်း၊ ရောင်းချလျက်ရှိသော  အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာလည်း ဈေးနှုန်း သိသိသာသာ ပြောင်း လဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ ခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက် ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ခွဲတမ်းရစားသုံးဆီအရောင်းဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၄.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်  (၁၃:၀၀)နာရီအချိန်တွင် ဇလွန်မြို့ပေါ် ရပ်ကွက်ရှိ စားသုံးဆီ လက်လီ/လက္ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် အိမ်ထောင်စုများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား မြေပြင်ကွင်းဆင်း စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းရာတွင် အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဆီဝယ်စာအုပ်ဖြင့် ရောင်းချနေမှု အခြေအနေများ အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီ ရောင်းချသော လုပ်ငန်းရှင် အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူ ဆောင်ရွက်နိုင်သည့်အကြောင်း၊ ဆီအရောင်း စာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေများအားပြည်သူများနှင့်တွေ့ဆုံ၍ဆီရရှိမှုအခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်းသိရှိရပါသည်။

 (DOCA ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအကြောင်း  အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေးသည် (၁၇.၁၁.၂၀၂၅) ရက်နေ့ န့နက်(၁၀:၀၀)အချိန်တွင် အင်္ဂပူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ အကြောင်း  အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အစီအစဉ်တွင် အကြီးတန်းစာရေး ဒေါ်ဝင်းမာစိုးက  ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့ တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူတို့ ရရှိသင့်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော စားသုံးသူများ အခွင့်အရေးအပြည့်အဝရရှိစေရေး၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ စားသုံးသူများထံ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိ ပေးခြင်း၊ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စားသုံးသူတိုအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေး ရန် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သတ်၍လည်း လိုက်နာဆောင်ရွက်ရမည့် တာဝန် များ အကြောင်း စသည်တို့ကို  အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

ကြံခင်းမြို့ ရွာသစ်ရပ်ကွက်နှင့် မဲကုန်းအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅)ရက် နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ကြံခင်းမြို့ ရွာသစ်ရပ်ကွက်နှင့် မဲကုန်းအုပ်စုရှိ အိမ်ထောင်စုများ အား စားအုန်းဆီ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက အိမ်ထောင်စုများအား ဆီဝယ် ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ရောင်းချထားမူ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ချင်းမြောင်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၇.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃)အချိန်တွင် ကြံခင်းမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း-ချင်းမြောင် တွင် သင်တန်းသား/သင်တန်းသူ (၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူ ရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများ သည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိ သည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက် နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှု များကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင် ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်းကိုလည်းကောင်းစသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

လေးမျက်နှာမြို့နယ် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အ တွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများတွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး၊ စတိုးဆိုင် ()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အုတ်ပုံတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍(၁၇.၁၁.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ကညင်ငူအုပ်စု၊အုတ်ပုံကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)တွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးအား စားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန် အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံ မှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့် ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၇.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင် FDA ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဟင်္သာတ မြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော အိမ်သုံးဆေးဝါးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်း မရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ် လျဉ်း ၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင် (၈ )ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဘိုကလေးမြို့နယ်၊ဘုရားကျောင်းကျေးရွာအုပ်စုအိမ်ထောင်စုများအား ဆီစာအုပ်ဖြန့်ဝေမှု အခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန ၊ ဘိုကလေးမြို့နယ်၊ ဘုရားကျောင်းကျေးရွာအုပ်စု ကော်မတီ အဖွဲ့ ဝင်များအား မြို့နယ်တာဝန်ခံရုံး၌ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် ဘုရားကျောင်းကျေးရွာ ကော်မတီအဖွဲ့ဝင်များလက်ဝယ်သို့ အိမ်ထောင်စု(၁၄၀၀) အားစားအုန်း ဆီရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်း၊ စားသုံးဆီအရည်အသွေး ပြည့်ဝမှုရှိ/မရှိ သတ်မှတ်ရည် ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ကျေးရွာရှိစားသုံးသူပြည်သူများအား စာအုပ်များ ဖြန့်ဝေထားခြင်း ရှိ/မရှိ ၊စာအုပ်များတွင်လည်းလအလိုက် ရရှိသောဆီခွဲတမ်းများ ရေးသွင်းထား ခြင်းရှိ/မရှိ ၊စားသုံး သူပြည်သူများလက်ဝယ်သို့လည်း ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး တို့ကိုလည်း အသိပညာပေး ဆောင်ရွက်ခဲ့ကြပါသည်။

( Doca ဧရာဝတီ )

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ